Friday, May 2, 2014

ကလေးသူငယ်များအား ဂေဟာသင်တန်းကျောင်းများတွင် ထားရှိခြင်းသည် အန္တရာယ်ရှိနိုင်

မြန်မာနိုင်ငံတွင် စစ်ဆေးတွေ့ရှိရသော အချက်များအရ မိဘမဲ့ဂေဟာများ တွင် ရောက်ရှိနေသော ကလေးသူငယ်များသည် မိသားစု၏ ချစ်ခင်ကြင်နာ မှုများကို မရရှိရုံမက ၄င်းတို့အတွက်
အန္တရာယ်များပင် ဖြစ်စေနိုင်ကြောင်း ယူနီဆက်ကပြောသည်။

မေလ၂ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ပြု လုပ်ခဲ့သော လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Myanmar Servey Research က ကောက်ယူသော စစ်တမ်းများအရ မြန်မာနိုင်ငံတွင် မိဘမဲ့ဂေဟာ စုစုပေါင်း ၁၄၇ရှိရာ မှတ်ပုံတင်ပြီးဂေဟာမှာ ၁၁၁လုံး မှတ်ပုံတင်ဆဲဂေဟာမှာ ၁၃လုံးနှင့် မှတ်ပုံတင်မရှိသေးသောဂေဟာမှာ ၂၃လုံးဖြစ်ကြောင်းသိရသည်။

ဂေဟာများတွင်ရောက်ရှိနေသော ကလေးများမှာ အမိရောအဖရောမရှိသူ ၂၄၇၈ဦး ဖခင်မရှိသူ၁၉၆၁နှင့် မိခင်မရှိသူ၁၆၁၂ ဦးအပြင် အခြားအခြေ အနေအကြောင်းကြောင့် ၆၆၃ဦးရှိကာ အိရောအဖပါရှိ လျက် ဂေဟာ သို့ ရောက်ရှိလာသူမှာ ၅၅၀၉ ဦးဖြစ်ပြီး စုစုပေါင်း၏ ၄၄ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရသည်ဟုဆိုသည်။

ထို့အပြင် ဂေဟာတွင် ရောက်ရှိနေသော ကလေးများမျာ စားဝတ်နေရေး အဆင်ပြေနိုင်သော်လည်း မိဘဆွေမျိုးများ၏လုံခြုံနွေးထွေးသော မေတ္တာ မရရှိခြင်းကြောင့် ကိုယ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု များနှေးကွေးနိုင်သည့်အပြင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများအထိ
ပါ အန္တရာယ်ရှိနိုင်သဖြင့် ယူနီဆက်အနေနှင့်ကလေးများအား မိသားစုနှင့်အတူ ကြီးပြင်းလာရေးအတွက်စီမံကိန်းများ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်သဇင်ဦး
Popular Myanmar News Journa

0 comments:

Post a Comment