Friday, May 2, 2014

နောင်ဘ၀အထိဆက်ချစ်မှာ .. သိပ်ချစ်လိုက်တာလို့ အပြောမစောပါနဲ့ဦး


၁ ။ သင့်ချစ်သူနဲ့အတူထမင်းစားပြီးလို့ သူလေချဉ်တက်တဲ့အခါ ဆောရီးလို့ သူမပြောမိတဲ့အခါ သင် ခွင့်လွှတ်နိုင်ရဲ့လား


၂ ။ သင့်ချစ်သူနဲ့အတူ အဲကွန်းအခန်းထဲမှာ အတူ ရုပ်ရှင်ကြည့်လို့ သူ လေလည်တဲ့အသံ ကိုသင် သည်းခံနိုင်ရဲ့လား
၃ ။ သင့်လက်မောင်းပေါ်အိပ်နေတဲ့ သင့်ချစ်သူနှုတ်ခမ်းတွေဆီက သွားရည်တွေကျလာတဲ့အခါ သင် အချစ်ဆိုတာ ကို ဆက်တွေးနေမိရဲ့လား
၎ ။ သင့်ချစ်သူနဲ့အတူ အသုပ်စားပြီးတဲ့အခါ သူ့သွားမှာ ငရုတ်သီးဖတ်ကပ်နေတဲ့အခါသင် ကြင်ကြင်နာနာနဲ့ ဖယ်ပေးချင်ရဲ့လား

၅ ။ သင့်ချစ်သူရဲ့ ဆံနွယ်တွေကိုနမ်းရှိုက်တဲ့အခါ သူ့ဦးခေါင်းထက်က နေလောင်ထားတဲ့ အနံ့တွေရှူရှိုက်မိတဲ့အခါ
သင် ဆက်ချစ်နေသေးရဲ့လား

၆ ။ သင့်ချစ်သူ ရေချိုးပြီးတဲ့အခါ ဆပ်ပြာတုံးပေါ်ကျန်ခဲ့တဲ့ ဆံပင်ချည်တွေကိုမြင်ရတဲ့အခါသင် ခွင့်လွှတ်သည်းခံနိုင်ရဲ့လား
၇ ။ သင့်ချစ်သူ က လိုချင်တာတွေ အရမ်းပူဆာနေတဲ့ အခြေအနေကိုကြုံရတဲ့အခါသင် နားလည်ခွင့်လွှတ် ဖြေရှင်းနိုင်ရဲ့လား

၈ ။ သင့်ချစ်သူ ခံတွင်းနံ့က သွားမတိုက်မိလို့ သွားပုပ်နံ့တွေရနေတဲ့အခါ 
သင် မျက်လုံးထဲ သူ့အပြုံးတွေ လှနေသေးရဲ့လား


၉ ။ သင့်ချစ်သူ ခန္ဗ္ဓာကိုယ်ကထွက်လာတဲ့ ချွေးနံ့တွေတအားပြင်းတဲ့အခါ 
သင် သူ့ကို အချိန်တိုင်း သတိရနေသေးရဲ့လား

၁၀ ။ သင့်ချစ်သူ နေမကောင်းတဲ့အခါ ဆီးဝမ်းထမသွားနိုင်လို့ သင်ကူညီရတဲ့အခါသင် ... သူ့ကို ချစ်သေးရဲ့လား

အထက်ပါမေးခွန်းတွေ အရင်ဖြေကြည့်ပါဦး နတ်သမီးလောက်ပဲ ချောမောပါစေ နတ်သားလောက်ပဲခန့်ငြားနေပါစေ 
သင့်ချစ်သူမှာ အထက်ပါအခြေအနေတွေ သင်တစ်နေ့ကြုံလာရတဲ့အခါ .. 
ငြိုငြင်မှုလေး စိတ်ကွက်မှုလေးလုံးဝမဖြစ်ပါဘူးလို့ သင်အာမခံနိုင်ရဲ့လား
နောင်ဘ၀အထိဆက်ချစ်မှာ .. သိပ်ချစ်လိုက်တာလို့ အပြောမစောပါနဲ့ဦး ။

သက်တန့်ချို

1 comments:

  1. အားလုံးကိုသည်းခံပေးနိုင်တဲ့ချစ်သူငါ့မှာရှိတယ်

    ReplyDelete