Thursday, May 1, 2014

ရထားသံလမ်းတွင် လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦး ရထားတိုက်ခံရ သဖြင့် သေဆုံး


၁.၅.၂၀၁၄ရက်နေ့ ၁၂၀၅အချိန် တိုက်ကြီးမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ ကျေးရွာအုပ်စု၊ ခြောက်တိုင်ကွေ့ကျေးရွာအနီး ရန်ကုန်- ပြည်ရထားလမ်း
မိုင်တိုင်အမှတ် (၄၂/၄၃)နှင့် (၄၂/၄၄)ကြား ရထားလမ်းပေါ်တွင် အမျိုးသမီးတစ်ဦး ရထားတိုက်ခံရ၍ သေဆုံးနေကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် (၃၅)နှစ်ခန့်ရှိ အမည်မသိအမျိုးသမီး တစ်ဦးဖြစ်ပြီး ရင်ခေါင်းပြတ်၊ ၀ဲလက်မောင်းပြတ်၊ ယာဒူးပြတ်၊ နဖူးထိပ်ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ ပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၁၁၅၀ အချိန်ခန့်တွင် သေဆုံးသူအမျိုးသမီးမှာ ရထားသံလမ်းအတိုင်း ရထားလာသည့်ဘက်အား ကျောပေး၍ လမ်းလျှောက်နေစဉ် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-1217 အမှတ်-၆၃ အဆန် စာပို့ရထားမှ တိုက်မိခဲ့သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့် ပတ်သက်၍ တိုက်ကြီးမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၄)ဖြင့် ရေးဖွင့်စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

0 comments:

Post a Comment