အသင်းရှိ အဓိက ကစားသမားများအား ယခုနှစ်နွေရာသီတွင် ရောင်းချရန် ရည်ရွယ်ချက် မရှိဟု အာဆင်နယ်အသင်း နည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။
အာဆင်နယ်အသင်း၏ အဓိကနောက်ခံလူ ဆဂ်ညာမှာ အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ရန် သဘောမတူသေးဘဲ အသင်းရှိ အခြားသော ကစားသမားများမှာလည်း အသင်းမှ ထွက်ခွာရန် စိုင်းပြင်းနေကြသည်။ သို့သော်လည်း ၀င်းဂါးကမူ အသင်းရှိ ကစားသမားများအားလုံးကို ထိန်းသိမ်းထားရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။
“အသင်းသားတွေအားလုံး ဒီမှာဆက်ရှိဖို့ ကျွန်တော်တို့လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်အသင်းဟာ အနာဂတ်မှာ ရည်မှန်းချက် အကြီးကြီး ထားရှိလို့ပါ” ဟု ၀င်ဂါးက ၀က်စဘရွန်းအသင်းနှင့် ကစားမည့်ပွဲ မတိုင်ခင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဲဗာတန်အသင်း၏ ဖိအားပေးခြင်းကို ခံနေရသည့် အာဆင်နယ်မှာ အဆင့် ၄ နေရာရရန် နီးစပ်နေပြီး ၀င်းဂါးကလည်း မိမိတို့အနေဖြင့် ဖြစ်နိုင်သလောက် အမြင့်ဆုံး အဆင့်ဖြင့် ရာသီသိမ်းချင်ကာ၊ ကျန်ရှိနေသည့် ပွဲများကိုလည်း အနိုင်ရချင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ဝင်းဂါးမှာ ယခုနှစ်ရာသီအကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဖြစ်သောကြောင့် အာဆင်နယ်အသင်းက နည်းပြသစ်တစ်ဦးကို ရှာဖွေနေသည်ဟု စောစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၀င်းဂါးကမူ မိမိ၏ အနာဂတ်မှာ အာဆင်နယ်အသင်းတွင်ပင်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။
M-Media







0 comments:
Post a Comment