Thursday, May 1, 2014

ကေအိုင်အေ(ကချင်)အဖွဲ့ ထောင်ထားသည့် မိုင်းကြောင့် ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိ

၂၀၁၄ ခုနှစ် အေပြီလ ၃၀ ရက်နေ့ နံနက် ၁၀နာရီ ၃၅ မိနစ် အချိန်တွင် မောင်ချီဟော့၊ မမီးကျူ၊ မောင်လင်ချွင်ဖ၊ မောင်ခွာကြာထွန်း၊ မောင်ရီဟော့ တို့ ၅ ဦးသည်နမ့်ခမ်းမြို့မှ မံစီမြို့ရှိ ၄င်းတို့၏ ဆွေမျိုးများထံသို့ အလည်သွားရန်အတွက် ဆိုင်ကယ် ၃ စီးဖြင့် ထွက်ခွာလာရာ လဂတ်တော့ရွာအထွက် ကားလမ်းဘယ်ဘက်ခြမ်းမှရီမုမိုင်း ၁ လုံး ဖောက်ခွဲခဲ့သဖြင့် မောင်ချီဟော့ (ဘ ဦးလင်းစနေ၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည် မိုင်းစထိမှန်၍ နေရာ၌ပင် နောက်ကြောပွင့်ထွက်ပြီးသေဆုံး
သွားပါသည်။ မမီးကျူ (ဘ ဦးရင်တေ့၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည် ဘယ်ပေါင်ရင်းနှင့် ဘယ်ဒူးအောက်တို့တွင် မိုင်းစထိမှန်၍ စိုးရိမ်ရ၊ မောင်လင်ချွင်ဖ(ဘ ဦးလင်ကျီရင်း၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည် လည်ပင်း၊ ညာညှပ်ရိုး၊ ၀မ်းဗိုက်၊ ညာပေါင်၊ ဘယ်ရင်ဘတ် တို့တွင် မိုင်းစထိမှန်၍ မစိုးရိမ်ရ၊ မောင်ခွာကြာထွန်း(ဘ ဦးခွာဆန်၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည် ညာပေါင်ရင်း၊ ညာရင်ဘတ်တွင် မိုင်းစထိမှန်၍ မစိုးရိမ်ရ၊ မောင်ရီဟော့ (ဘ ဦးရင်တေ၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည် ထိခိုက်မှုမရှိကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူများကို လိုအပ်သည့်ဆေးဝါး ကုသမှုများဆောင် ရွက်ပေးပြီး နမ့်ခမ်းဆေးရုံသို့ ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

0 comments:

Post a Comment