Friday, May 2, 2014

ရခိုင်တပ်မတော်အား ရခိုင်ပြည်နယ်ခြားစောင့်တပ်ဖွဲ့စည်းမည်


ယခုလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့ နှင့် အစိုးရကြား အပစ်အခတ်ရပ်စဲ ရေးဆွေးနွေးပွဲများ ပြုလုပ်သွားရန်ရှိနေပြီး ယင်းအနက် ရခိုင်တပ်မတော် (AA)

အနေဖြင့် အပစ်အခတ်ရပ်စဲရေးလုပ်နိုင်ခဲ့ပါက နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့စည်းသွားရန်ရှိနေကြောင်းေေ မေ လ ၂ ရက်နေ့က သိရသည်။

ယင်းကဲ့သို့ ရခိုင်တပ်မတော်အနေဖြင့် နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့ စည်းရခြင်းမှာလဲ တရားမဝင်ရောက်လာသော င်္ဘဂါလီ ရန်မှ ကာကွယ်ရန်အတွက် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွတ်မြောက်ရေးအမျိုးသားပါတီမှ ဦးအေးသာအောင်ကပြောသည်။

“အရင်ကတော့ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ကို အမည်အမျိုးနဲ့ နယ်ခြားစောင့်တပ်တွေဖွဲ့ ခဲ့ဘူးတယ် လုံရေးတွေလဲယူခဲ့ဘူးတယ် ဒါပေမယ့် ခိုးဝင်လာတဲ့ဘင်္ဂါလီတွေက သိန်းနဲ့ချီရှိတယ်။ ဒီအတွက်ကြောင့် ရခိုင်တပ်မတော်အနေနဲ့ ဒီတာဝန်ကိုယူမှာပါ ”ဟု ဦးအေးသာအောင်ကဆိုသည်။

ယခင်အစိုးရလက်ထက်မှ ယခုအချိန်အထိ ရခိုင်ပြည်နယ်တွင် မကြာခဏ ပဋိပက္ခများ ဖြစ်ပွားနေလျက်ရှိပြီး ရခိုင်တပ်မတော်အနေဖြင့် နယ်ခြား စောင့်အဖြစ် ဖွဲ့စည်းခဲ့ပါက မဆုံးသောပြည်တွင်းစစ်များဖြစ်လာမည်ကို စိုးရိမ်စရာဖြစ်နေသည်။

“ဦးတို့အနေနဲ့ ဒီလိုဖွဲ့စည်းရတယ်ဆိုတာ သူများကိုရန်စဖို့မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကစလာရင်တော့ မြန်မာပြည်ရဲ့ အနောက်တံခါးကိုကာကွယ် ရမယ့်တာဝန်က ငါတို့မှာရှိတယ်။ အဓိကတော့ တရားမဝင်ရောက်လာတဲ့ င်္ဘဂါလီရန်မှကာကွယ်ဖို့ပါ ”ဟု ရခိုင်တပ်မတော်အား စတင်တည် ထောင်ခဲ့သူ ဗိုလ်ချုပ်စောမောင်က ဆိုသည်။

ရခိုင်တပ်မတော်အနေဖြင့် စတင်တည်ထောင်ဖွဲ့စည်းစဉ်က အင်အား ၂၀၀ ခန့်ရှိခဲ့ပြီး ရခိုင်တပ်မတော်သည် ရခိုင်ပြည်နယ်အား စောင့်ကြပ် ရမည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင်တပ်မတော်မှ ပြန်ကြားရေးအရာရှိ တစ်ဦးက “ဒီအတွက် ကျွန်တော်တို့က အဆင့်သင့်ဖြစ်နေပြီ အနောက်တံခါးလုံခြုံရေး အတွက် ကျွန်တော်တို့က ကာကွယ်ပေးမှာပါ”ဟု ဦးစိုးထိုက်က ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ နယ်ခြားစောင့်တပ်များဖြစ်ဖွဲ့စည်းရာတွင် ယင်းတပ်ဖွဲ့များအား အစိုးရမှ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း၊ လစာများအား ထောက်ပံ့ပေးရပြီး အဆိုပါ နယ်ခြားစောင့်တပ်၏ ဖွဲ့စည်းပုံစည် အစိုးရ တပ်မတော်အတိုင်းပဲဖြစ်သည်။

ရခိုင်တပ်မတော်သည် ၁၉၉၀ တွင် စတင်တည်ထောင်ခဲ့ပြီး အင်အား ၂၀၀ ခန့်ဖြင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်များတွင် လှုပ်ရှားနေလျက်ရှိသည်။

နှင်းနွယ်
‪The‬ Myanma Age

0 comments:

Post a Comment