Saturday, May 3, 2014

ကမ္ဘာ့စနူကာချန်ပီယံရှစ် ဖိုင်နယ်ပွဲကို တက်ရောက်သွားပြန်တဲ့ လက်ရှိချန်ပီယံ Ronnie O’Sullivan


လက်၇ှိ ကမ္ဘာ့စနူကာချန်ပီယံ Ronnie O’Sullivan ဟာ Barry Hawkins ကို ၁၇-၇ နဲ့ အပြတ်အသတ် အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံရှစ် ဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပါပြီ။

အသက် ၃၈ နှစ်အရွယ် O’Sullivan ဟာ သြစတြေးလျ ကစားသမား Neil Robertson ဒါမှမဟုတ် အင်္ဂလန်နိုင်ငံသား ပြိုင်ဘက် Mark Selby ထဲက တစ်ယောက်ယောက်နဲ့ ဗိုလ်လုပွဲမှာ တွေ့ ဆုံမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ကမ္ဘာ့စနူကာချန်ပီယံရှစ်ပြိုင်ပွဲကြီးကို အင်္ဂလန်နိုင်ငံ၊ ရှက်ဖီးလ် မြို့ မှာ ကျင်းပနေတာဖြစ်ပြီး ချန်ပီယံဆု ဆွတ်ခူးသူအတွက် ဆုကြေးငွေ ပေါင် သုံးသိန်း ဖြစ်ပါတယ်။ ဒါက စနူကာ သမိုင်းတစ်လျှောက် အမြင့်ဆုံး ချန်ပီယံဆုကြေးငွေလည်း ဖြစ်ပါတယ်။

Ref: bbc.com
Trend Myanmar

0 comments:

Post a Comment