Thursday, March 12, 2015

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို တုံ့ပြန်မည်ဟု သရုပ်ဆောင် ဗေလုဝဆို


အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို တုံ့ပြန်မည်ဟု သရုပ်ဆောင် ဗေလုဝဆို 

အမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ Hla Swe အမည်ရှိ Facebook Account မှ သရုပ်ဆောင် ဗေလုဝ အား ပုတ်ခတ်ရေးသားမှုများကို အခြေအနေအရ တုံ့ပြန်မည်ဟု သရုပ်ဆောင်ဗေလုဝက ဆိုသည်။

မတ်လ ၆ ရက်နေ့တွင် အမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက စတင်ရေးသားခြင်းဖြစ်ပြီး မတ်လ ၁၀ ရက်နေ့တွင် ဗေလုဝ အမည်ရှိ Facebook Account က ပြန်လည်တုံ့ပြန်ရေးသားလိုက်ခြင်းဖြစ်သော်လည်း ထို Facebook Account မှာ သရုပ်ဆောင်ဗေလုဝ အသုံးပြုသည့် စာမျက်နှာမဟုတ်ဟု သရုပ်ဆောင်ဗေလုဝက ငြင်းဆိုထားသည်။“ဦးလှဆွေဟာ လွှတ်တော်မှာ ပြည်သူတွေအတွက် လုပ်စရာတွေ အများကြီးပါ။ ဒီလိုအခြေအနေမှာ လိုင်းပေါ် တက်ပြီး ဒီလိုတွေရေးတာဟာ ဥာဏ်ရည်နိမ့်လို့ပဲ။ အခုတော့ ပုတ်ခတ်တာတွေ ထပ်ရေးမလားဆိုတာ စောင့် ကြည့်နေတယ်။ ဒီ့ထက်ဆိုးလာရင်တော့ တစ်ခုခုပြန်ပြီးတုန့် ပြန်သွားမှာပါ။ ဘယ်လိုနည်းလမ်းလဲဆိုတာ ပြော လို့ မရသေးဘူး။ ဗေလုဝ Account နဲ့ ပြန်ပြီးတုန့် ပြန်ထားတာဟာ ကျွန်တော့် ရေးသားထားတာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်က Facebook မသုံးပါဘူး။“ ဟု သရုပ်ဆောင်ဗေလုဝက ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ Hla Swe အမည်ရှိ Facebook Account တွင် သူရိယ နေ၀န်းဂျာနယ် ပြန်လည်ထုတ်ဝေတော့မည့်အပေါ် ခိုင်းနှိုင်းရေးသားရာတွင် “ဟာသ သရုပ်ဆောင် ဗေလုဝ ရဲ့ ဥပတိရုပ်ကလည်း သိတော်မူတဲ့ အတိုင်း ၊ကျက်သတုံး။လုပ်ရပ်ကလည်း ဘာစာမှ ဟုတ်တိပတ်တိ မရေး ဘူးဘဲ စာပေဟောပြောပွဲတွေ လိုက်ပြီး အစိုးရမကောင်းကြောင်း လိုက်အပုပ်ချ။ သူကပွဲဆူအောင် လုပ်နေ တယ်။“ဟု ရေးသားလိုက်ခြင်းဖြစ်သည်။

အဆိုပါ ရေးသားမှုအပေါ် ဗေလုဝ အမည်ရှိ Facebook Account က ဦးလှဆွေ နာမည်ကြီးချင်ပါက ခွေးတစ်ကောင်နှင့်ဘီလူးကားရိုက်ကူးရန် ဟူသော စားသားနှင့်အတူ ညစ်ညမ်းစာသားများဖြင့် ပြန်လည် တုံ့ ပြန်ခဲ့ သည့် စာသားများသည် လူမှုကွန်ရက်စာမျက်နှာတွင် မတ်လ ၁၀ ရက်နေ က ပြန့်နှံ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သတ်၍ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေအား ဆက်သွယ်မေးမြန်းရာ မေးခွန်းကို ဖြေကြားနိုင်မည်မဟုတ်ကြောင်း၊ ပြန်လည်ပြောကြားခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာတွင် အဖွဲ့ အစည်းတစ်ခုကိုဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ ဂုဏ်သိက္ခာ ညှိုးနွမ်း အောင် အီလတ်ထရောနစ်ဆိုင်ရာ ပစ္စည်းများ သုံး၍ ရေးသားပြောဆိုဖြန့်ဝေခဲ့ပါက အီလတ်ထရောနစ် ဆက် သွယ်ဆောင်ရွက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၄ (ဃ)၊ ဂုဏ်သိက္ခာညိုးနွမ်းအောင်ပြောဆိုမှုများ ပြုလုပ်ပါက ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ (အသရေဖျက်မှု) ဖြင့် တရားစွဲဆိုနိုင်သည်ဟု ပြဌာန်းထားသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရာဥပဒေပုဒ်မ ၃၄ (ဃ) အရ ငွေဒဏ် ကျပ်သိန်း ၅၀ မှ သိန်း ၁၀၀ အထိ ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ် အနည်းဆုံး ၁ နှစ် မှ အများဆုံး ၃ နှစ်အထိဖြစ်စေ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၀ အရ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ကျခံနိုင်ကြောင်း Herzfeld Rubin Meyer & Rose Law Firm Limited မှ တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်က ပြောသည်။

myitmakhamediagroup

0 comments:

Post a Comment