Thursday, March 12, 2015

အဆိပ်အတောက် ပါဝင်မှုအများဆုံး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်စာရင်း


ကမ္ဘာ့အဖွဲ့အစည်းဖြစ်တဲ့ Environment Working Group (EWG) မှ ပိုးသတ်ဆေးပါဝင်မှုအများဆုံးနဲ့ အနည်းဆုံး သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စာရင်းတွေ နှစ်စဉ်ပြုစု ထုတ်ဝေခဲ့ပါတယ်။

ပန်းသီးကလည်း နှစ်ပေါင်းအတော်ကြာ အဲဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ပါဝင်တယ်။ အကြောင်းက ရေရှည်လတ်ဆတ်နေစေဖို့ မရိတ်သိမ်းခင်နဲ့ ရိတ်သိမ်းပြီးအချိန် ဆေးဖျန်းခံနေရလို့ပဲဖြစပ်ပါတယ်။နှစ်အနည်းငယ်ကြာ အသန့်ရှင်းဆုံးစာရင်းရဲ့ ထပ်ဆုံးနေရာရထားတာက ထောပတ်သီးဖြစ်ပါတယ်။ နာမူနာအဖြစ် စစ်ဆေးတဲ့ ထောပတ်သီးမှာ ပိုးသတ်ဆေး ၁% သာတွေ့ရှိခဲ့တယ်။

အလေးချိန်အရဆိုရင် အာလူးက ပိုးသတ်ဆေး အများဆုံးပါဝင်တယ်။ သာမန် ငရုတ်ကောင်းမှာ ပိုးသတ်ဆေး ၁၅ မျိုးတွေ့နိုင်တယ်။ မက်မွန်သီး၊ ခရမ်းချဉ်သီးနဲ့ ပန်းသီးတွေမှာ ပိုးသတ်ဆေး ၁၂ မျိုးခန့် ပါဝင်တယ်။

နောက်ပြီး ဘယ်သစ်သီးများနဲ့ ဟင်းသီးဟင်းများက ပိုးသတ်ဆေး အများဆုံးနဲ့ အနည်းဆုံး ပါဝင်လဲဆိုတာ သိရှိနိုင်ပါတယ်။

ပိုးသတ်ဆေး အများဆုံးရှိတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်စာရင်း
ပန်းသီး
အာလူး
မက်မွန်သီး
ခရမ်းချဉ်သီး
တရုတ်နံနံကြီး
မက်မွန်တစ်မျိုး
ပဲသီး
ဒေါက်ခွ
သခွားသီး
စတော်ဘယ်ရီသီး
ငရုတ်ကောင်း
စပျစ်သီး

ပိုးသတ်ဆေး အနည်းဆုံးရှိတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်စာရင်း

ပန်းဂေါ်ဖီ
ပြောင်းဖူး
ကစွန်းဥ
ကြက်သွန်နီ
ထောပတ်
နာနတ်သီး
သစ်တော်သီး
သင်္ဘောသီး
သရက်သီး
ကီဝီသီး
ဖရဲသီး
ရှောက်ခါးသီးကြီး
ဂေါ်ဖီထုပ်

ကမ္ဘာ့အပူပိုင်းဒေသတွေမှာ စိုက်ပျိုးထားတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အသန့်ဆုံးနဲ့ အသက်အန္တရာယ် အကင်းဆုံးဖြစ်ကြောင်း သတိထားမိနိုင်ပါလိမ့်မယ်။

Ref:timefornaturalhealthcare.com
ပေါ်ထွန်း
Trend Myanmar

0 comments:

Post a Comment