Monday, March 9, 2015

မော်ဒယ်သရုပ်ဆောင်တစ်ဖြစ်လဲ ဆရာလေး သုနန္ဒမာလာ က ၄င်း၏ ခါးသီးဖွယ် အတိတ်ဖြစ်ရပ်များကို ဖွင့်ဟပြောဆို


တကယ့်ကို နာကြည်းကြောက်လန့် ဖွယ် ရူးမတတ်ခံစားခဲ့ရပါတယ်။ သတိတွေ လည်း လွတ်နေပါတယ်။ လွန်ခဲ့တဲ့သုံးလ လောက်က အတိုက်အခိုက်တွေရဲ့ အစာ ကျွေးမှုကို စားသောက်မိသွားတာ ကြောင့် ရင်ထဲမှာ ပူလောင်ပြီး တော်တော်ခံစားခဲ့ရပါတယ်။ဘာတွေဖြစ်မှန်းလည်း မသိတော့ဘူး။ တွံတေးဘက်သွား

မယ်ဆိုလည်း အိမ်ကနေလိုက် ပို့ပေးတယ်။ ဘုရားသွားမယ်ဆိုလည်း မိဘတွေကပို့ပေးကြတယ်။ ဟိုရောက်တော့ ကားပေါ်က မဆင်းဘူး။ သတိလွတ်ပြီး ပြောချင်တာတွေပြောနေမိခဲ့တယ်။

အမေက နင်မရှက်ဘူးလားတဲ့။ အဲဒီတုန်းကဆရာလေး ဘာကိုမှ မသိ တော့တာကို။ အစာဝင်နေတော့ ပြောချင်ရာပြောဆိုချင်ရာဆိုပေါ့။ နောက်ဆုံး

မှာ ကိုးထပ်ကြီးဘုရားက ဆရာတစ်ယောက်ကို သွားပြတဲ့အခါ ဆေးတွေ တိုက်လိုက်တယ်။ ဆရာလေးကလည်း အကုန်သောက်ပစ်လိုက်တယ်။ သိပ်မကြာပါဘူး။

အဝါရောင်အရည်တွေ ခပ်စိမ်းစိမ်းအဖတ်တွေ အန်ချလိုက်တယ်။

နှစ်ခါလောက် အန်လိုက်တော့မှ ရင် ထဲမှာ အပူသက်သာသွားခဲ့တာပါ။ ဆရာလေးက လောကဓံတွေကို အများ ကြီး ခံစားကျော်ဖြတ်ခဲ့ရတယ်။ အဖေ

ကလည်းဝန်ထမ်း မောင်နှမထဲမှာလည်း အကြီးဆုံးဆိုတော့ မေတ္တာ တရားနဲ့ပဲ အရာရာကို သည်းခံ လျှောက်လှမ်းလာခဲ့တာကြောင့်အခုလို အောင်မြင်မှုရဲ့လမ်းစကို တွေ့ရှိခဲ့ရတယ်လို့ ထင်မိတယ်။

ဒကာမေးလို့ ဖြေရတာပါ။ ဒါတွေကို ဆရာလေး ဋီကာဖွဲ့ပြီး မပြောချင်ဘူး။ ဘယ်သူမပြုမိမိမှုတွေ ချည်းပါပဲ။ ကိုယ်တကယ်ကောင်းနေဖို့ပဲ လိုတယ်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၆) ရပ်ကွက် ဇေယျာခေမာလမ်းရှိ တေဇ စက္ကီဝိပဿနာ ကမ္မဋ္ဌာန်းကျောင်းတိုက်၌ ဒေါ်ကေသာဝတီ ဇရပ်အမှတ် ၈၇ တွင် သီလရှင်ဝတ်ကာ တရားကျင့်ကြံအားထုတ် နေသော မော်ဒယ်သရုပ်ဆောင် ဘေဘီ မောင်တစ်ဖြစ်လဲ ဆရာလေး မသုနန္ဒမာ လာက ရှင်းပြနေခြင်းဖြစ်သည်။

တေဇစက္ကီကျောင်းတွင် ဖေဖော် ဝါရီ ၁၇ ရက်က မော်ဒယ်သရုပ်ဆောင် ဘေဘီမောင်နှင့် ဆွေတော်မျိုးတော်များ သာသနာ့အမွေကို ခံယူခဲ့ကာ အလှူဒါန ပြုရာ အနုပညာရှင်များလည်း တက်ရောက် ခဲ့ကြသည်။

သီလရှင်ဝတ်ဖြစ်ခဲ့ခြင်းနှင့် ပတ် သက်၍ ''ဒါဟာ ပထမအကြိမ် သီလရှင် ဝတ်ဖြစ်ခဲ့တာပါ။ သီလရှင်ဝတ်ဖို့ဆိုတာ ဆံပင်တွေနှမြောတာနဲ့၊ အချိန်မရတာနဲ့ တော်တော်နဲ့ မဝတ်ဖြစ်တတ်ကြဘူး။ ဆရာ လေးကတော့ ငယ်စဉ်ကတည်းက ဘုရား တရားအလုပ်ကို ဝါသနာပါတယ်။ အလှူ ဒါနတွေကို အထပ်ထပ်အခါခါ လှူဖြစ်ခဲ့ တယ်။ မွေးတုန်းက ဦးခေါင်းမှာ စာနီကြီး ပါလာခဲ့တယ်။ အမေက စာနီပါရင် သာ သနာပြုရတယ်ဆိုတဲ့အတိုင်း သီလရှင်ဝတ် ချင်စိတ်တွေ ရင်ထဲမှာ ဖြစ်တည်လာမိ တယ်။

ကုသိုလ်တရားဖြစ်ပွားပြီဆိုတာနဲ့ ဆရာလေးက အမြန်ပြုလုပ်လေ့ရှိတယ်။ ဒါကြောင့် မအားရတဲ့အကြားမှာ သီလရှင် ဝတ်ဖြစ်သွားတာပါ။ လောက်ကိုင်ဒေသ စစ်သည်တွေအတွက်လဲ ငွေကျပ်နှစ်သိန်း လှူဒါန်းခဲ့သလို မေတ္တာဘာဝနာလဲ ပွား များပို့လွှတ်နေပါတယ်''ဟု ဆရာလေးက ပြောသည်။

ဘေဘီမောင်သည် အကယ်ဒမီ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ မင်းဦး၊ မိုးအောင်ရင်၊ ယုသန္တာတင် အစရှိသော မင်းသား၊ မင်းသမီးများဖြင့် ဇာတ်ကား များ ရိုက်ကူးထားပြီး မြင့်မြတ်နှင့် ရဲတိုက် တို့ဖြင့် MRTV-4 ဇာတ်လမ်းတွဲများကို လည်း ရိုက်ကူးနေလျက်ရှိသည်။ မိုးအောင် ရင်နှင့်ရိုက်ကူးထားသော 'အာရွှီးတဲ့ကိုကို' ဇာတ်ကားမှာ မကြာမီ ထွက်ရှိလာတော့ မည်ဖြစ်ကြောင်း သိရသည်။

‪‎TheFlowerNews‬

0 comments:

Post a Comment