Thursday, March 12, 2015

ရော်နယ်ဒိုရဲ့နေရာ အစားထိုးလိုက်တဲ့ အီရီနာရဲ့ အချစ်သစ်



နာမည်ကြီး ရုရှားမော်ဒယ် အီရီနာရှိတ် ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုနဲ့ လမ်းခွဲပြီးတဲ့နောက် ရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးရမယ့် အချစ်သစ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အီရီနာရဲ့ အချစ်သစ်က ခပ်ဖြောင့်ဖြောင့်၊ဗလတောင့်တောင့် အမျိုးသားတစ်ယောက် မဟုတ်ဘဲ ခွေးကလေး တစ်ကောင်ပဲ ဖြစ်ပါတယ်။ SI မဂ္ဂဇင်းရဲ့ မော်ဒယ်တစ်ယောက် ဖြစ်တဲ့ အီရီနာဟာ မကြာသေးခင် ကပဲ တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေးဋ္ဌာနကို သွားရောက်ပြီး ခွေးကလေးတွေနဲ့ ပျော်ရွှင်ကျေနပ်နေခဲ့တာပဲ ဖြစ်ပါတယ်။


ရော်နယ်ဒိုနဲ့ လမ်းခွဲပြီးနောက်ပိုင်း အပျိုကြီးပြန်လုပ်နေတဲ့ အီရီနာဟာ လက်ရှိမှာ လူမှုကူညီပေး ရေးလုပ်ငန်းတွေအပြင် တိရစ္ဆာန်ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်မှုတွေလည်း ပြုလုပ်ပေးနေပါတယ်။ တိရစ္ဆာန်စောင့်ရှောက်ရေးဋ္ဌာနမှာ အီရီနာဟာ ချီဟွာဟွာ ခွေးလေးတစ်ကောင်ကို ချစ်စနိုးနဲ့ အနမ်းပေးခဲ့တာ တောင် တွေ့ရပါတယ်။ 


အင်တာဗျူးတစ်ခုမှာ အီရီနာက “ ကျွန်မရဲ့ချစ်သူ ဖြစ်လာမယ့်သူက ရိုးသားပြီး သစ္စာရှိသူ ဖြစ်ရပါမယ်။ ပြီးတော့ လူကြီးလူကောင်းဆန်ဆန် မိန်းကလေးတွေကို ဆက်ဆံတတ်သူလည်း ဖြစ်ဖို့ လိုပါတယ်။ မိန်းကလေးတွေကို ပျော်အောင်မထားနိုင်သူတွေကို ရင့်ကျက်တဲ့ ယောင်္ကျားတစ်ယောက်လို့ မခေါ်နိုင် ပါဘူး။ ဒီလိုလူမျိုးတွေက ကောင်ဆိုးကလေးတွေပဲ ဖြစ်ပါတယ်။ ကျွန်မနဲ့ သင့်တော်တဲ့ ယောင်္ကျားတစ်ယောက် ကို ရှာတွေ့ခဲ့ပြီလို့ ထင်ခဲ့ပေမယ့် ဒါဟာ မှားယွင်းခဲ့ပါတယ်။ ဒါကို သိလာတဲ့ အချိန်မှာ ကျွန်မကိုယ်ကျွန်မ အရုပ်ဆိုးသလို ခံစားမိခဲ့ပါတယ်။” လို့ အီရီနာက ဆိုပါတယ်။

Ref - Mirror
Planet Myanmar Network

0 comments:

Post a Comment