Saturday, May 16, 2015

ရုပ်ရှင် အကြိုခံစားခြင်း - Nh 10


ဒီနေ့အတွက်တော့ အိန္ဒိယ ဇာတ်ကားပီကေ ဇာတ်လမ်းကြည့် ဖူးတဲ့ ပရိသတ်တွေနဲ့ စိတ်လှုပ်ရှား စရာဇာတ်လမ်းတွေကြိုက်တဲ့ ပရိ သတ်တွေအတွက် အိန္ဒိယဇာတ် ကားကောင်း တစ်ကားကို ရွေးချယ် မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီကားက ပီကေဇာတ်ကားထဲက မင်းသမီးခေါင်းဆောင်ပါဝင်ထား တဲ့ အက်ရှင်ဇာတ်ကားတစ်ကား ဖြစ်တာမို့ ပရိသတ်တွေ သဘော ကျနိုင်ပါလိမ့်မယ်။ ကားနာမည် က NH 10 ဖြစ်ပါတယ်။သွက်လက်ထက်မြက်တဲ့ မီ ရာဆိုတဲ့ ကုမ္ပဏီဝန်ထမ်းနဲ့ သူ့အ မျိုးသားတို့ နယ်ဒေသတစ်ခုကို ခရီးထွက်ကြပါတယ်။ အဲဒီခရီး လမ်းဟာ မီရာတို့စုံတွဲအတွက် ပျော်စရာကောင်းမယ့် ခရီးစဉ် တစ်ခုဖြစ်မယ်လို့ ယူဆခဲ့ကြပေ မယ့် လမ်းခုလတ်တစ်နေရာအ ရောက်မှာတော့ သူတို့လင်မယား အတွက် ဒုက္ခအကြီးအကျယ် ရောက်မယ့်ကိစ္စကို လက်ဝင်လျှို မိလိုက်ကြပါတယ်။ လမ်းခုလတ် က အနားယူတဲ့ဆိုင်လေးတစ်ခုမှာ သူတို့ရောက်နေတုန်း အမျိုးသမီး တစ်ယောက်ကို ကားတစ်စီးနဲ့လာ တဲ့လူတစ်စုက အတင်းရိုက်နှက်ပြီး ကားပေါ်တင်ခေါ်ဖို့ ကြိုးစားပါတယ်။

ဒါ့အပြင် အရိုက်ခံရတဲ့အ မျိုးသမီးရဲ့ ကောင်လေးကိုလည်း ဒီလူစုကထိုးကြိတ်ပြီး သူတို့ကာပေါ် အတင်းဆွဲတင်ကြတယ်။ ဒီလို ရုတ်ရုတ်သဲသဲ အခြေအနေမှာ ဘယ်သူမှ ၀င်ကူညီခြင်းမရှိဘဲ မီရာ့ယောက်ျားဖြစ်သူက မနေနိုင်ဘဲ ၀င်တားပါတယ်။ ဒီလိုကြမ်းရမ်းနေတဲ့ အဖွဲ့ထဲကတစ်ယောက်က ဒါဟာ သူတို့မိသားစုကိစ္စဖြစ်ပြီး ဘယ်သူမှဝင်မပါဖို့ ပြောပြီး မီရာ့ ယောက်ျားကိုလည်း ထိုးကြိတ်လိုက်ပါတယ်။ အဲဒီနောက် သူတို့ အဖွဲ့တွေကားကို တရကြမ်း မောင်းထွက်သွားကြတယ်။

အထိုးခံလိုက်ရတဲ့ မီရာ့ယောက်ျားဟာ ဒီကိစ္စကို တနုံ့နုံ့ဖြစ်ကျန်ခဲ့ပြီး သူတို့ခရီးကို ဆက်ဖို့ ကားမောင်းထွက်လာခဲ့တယ်။ ကံဆိုးစွာနဲ့ပဲ သိပ်မကြာလိုက် ဘူး။ စောစောက လူကြမ်းအဖွဲ့ရဲ့ ကားကိုလယ်ကွင်းတစ်နေရာမှာ တွေ့တော့မီရာ့ယောက်ျားဟာအဲဒီကားနောက်ကိုတရကြမ်းလိုက် သွား တယ်။ ကားကိုမီတဲ့အချိန်မှာ ဒီလူတွေ ဘာလုပ်နေသလဲအသာလေးလိုက်ကြည့်တော့ စောစောက အဖမ်းခံရတဲ့စုံတွဲကိုသူတို့တွေ သတ်ပစ်ဖို့ စီစဉ်နေကြတာ ကိုတွေ့ရပါတယ်။

ဖမ်းထားတဲ့ကောင်မလေး ပါးစပ်ထဲကို အဆိပ်ရည်တွေ လောင်းထည့်၊ကောင်လေးကို ရိုက်နှက်နေတာတွေကို အကွယ် တစ်ခုကနေမြင်တော့ မီရာ့ယောက်ျားဟာ ကြောက်လန့်ပြီး ပြန်လှည့်ပြေးဖို့အထွက်မှာပဲ အဲဒီအထဲကတစ်ယောက်က သူတို့နှစ် ယောက်ကိုဖမ်းပြီး သတ်ဖို့စီစဉ်ပါတော့တယ်။ တကယ်တော့ မီရာတို့ ကြုံရတဲ့ လူတွေကအရမ်းဆိုးသွမ်းတဲ့ မိသားစုတစ်စုဖြစ်ပြီး သူတို့ညီမခိုးရာလိုက်တာကိုတားဆီးရင်းက မီရာတို့ပါဒီအရှုပ်ထဲဝင်မိသွားကြတာဖြစ်ပါတယ်။ ဒီနောက်မှာ မီရာတို့အတွဲက ဓားကြိမ်းကြိမ်းတဲ့ လူဆိုးတွေ လက်ထဲကလွတ်မြောက်ဖို့ အသက်လုကြိုးစားရတာတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ကူကယ် ရာမရှိတဲ့ လွင်တီးခေါင်ပြင်ထဲက မီရာတို့စုံတွဲဘယ်လိုတွေ ဒုက္ခရောက်မလဲ။ ဇာတ်ကားထဲမှာ စိတ်မြန်လက်မြန် မီရာ့အမျိုးသားက ဒီဇာတ်လမ်းကို စခဲ့ပေမယ့် တကယ်တမ်း အကျပ်အတည်း အန္တရာယ်ထဲက ရုန်းထွက်နိုင်အောင်ကြိုးစားတာကတော့ မီရာပဲဖြစ်ပါတယ်။ ဇာတ်ကားအစကနေအဆုံးသက်မမချနိုင်အောင် ကြည့်ရမယ့်ဇာတ်လမ်းဖြစ်တာကြောင့် မဖြစ်မနေကြည့်ရမယ့် ဇာတ်ကားအဖြစ် လက်တို့လိုက်ပါတယ်။

7Day Daily

0 comments:

Post a Comment