Thursday, May 14, 2015

စပိန်ပြည်တွင်း ဘောလုံးပွဲများ မူလသတ်မှတ်ထားသည့်အတိုင်း ကျင်းပမည်


တရားရုံး ကြားဝင် ဖြေ ရှင်းမှုအရ လာလီဂါဘောလုံး ပြိုင်ပွဲ၏ နောက်ဆုံးသီတင်း နှစ် ပတ်ပွဲစဉ်များ အပါအဝင် စပိန် ပြည်တွင်း ဘောလုံးပွဲများကို မူလသတ်မှတ် ထားသည့်အတိုင်း ကျင်းပသွား မည်ဟု သိရှိရသည်။ရုပ်မြင်သံကြား ထုတ်လွှင့်မှု အခကြေးငွေကိစ္စနှင့် ပတ်သက် ၍ စပိန်ဘောလုံး အဖွဲ့ချုပ်နှင့် အစိုးရတို့ကြား ညှိနှိုင်းမှုများ မပြေလည်ချိန်တွင် စပိန်အခြေ စိုက် ကစားသမားများက ပွဲစဉ် များ မကစားဘဲ ဆန္ဒပြရန် ခြိမ်း ခြောက်မှုများ ရှိလာသည်။

စပိန်လာလီဂါ၏ ချန်ပီယံဆု အတွက် အဆုံးအဖြတ်ပေးမည့် ပွဲစဉ်သဖွယ် ဖြစ်နေသည့် အက် သလက်တီကို မက်ဒရစ်နှင့် ဘာ စီလိုနာတို့ ပွဲစဉ်အပါအဝင် ယခု သီတင်းပတ်ကုန်တွင် ကစားမည့် ပွဲများနှင့် လာလီဂါ ရာသီပိတ်ပွဲ စဉ်များပါ ရွှေ့ဆိုင်းမည့် အခြေ အနေမျိုး ရှိခဲ့သော်လည်း စပိန် ဗဟိုတရားရုံးက ယခုကဲ့သို့ ကြား ဝင်ခဲ့ခြင်း ဖြစ်သည်။

မေလ ၁၄ ရက် တရားရုံး ဆုံးဖြတ်ချက်တွင် ကစားသမား များ၏ ဆန္ဒပြရန် အစီအစဉ် သည် တရားမဝင်သလို ယင်းသို့ လုပ်ဆောင်ခဲ့ပါက ပွဲစဉ်ရေးဆွဲ မှုများ အကြီးအကျယ် ကမောက် ကမ ဖြစ်သွားနိုင်သဖြင့် ယင်းကို ခွင့်မပြုကြောင်း ဖော်ပြပါရှိသည်။

စပိန်ဘောလုံး အဖွဲ့ချုပ် သည် ကစားသမားများ ဆန္ဒပြပြီး ပွဲစဉ်များ ရွှေ့ဆိုင်းရန် လှုပ်ရှားမှု ကို ကမကထ ပြုလုပ်ပြီး တောင်း ဆိုခဲ့သော်လည်း တရားရုံးဆုံး ဖြတ်ချက်အရ စပိန်ကိုပါဒယ်လ် ရေး ဗိုလ်လုပွဲ အပါအဝင် အခြား ပွဲစဉ် အားလုံးကို မူလစီစဉ်ထား သည့်အတိုင်း ကျင်းပဖြစ်တော့ မည်ဟု သိရသည်။

ဧပြီလကုန်က စပိန်အစိုးရ သည် ဘောလုံးပွဲစဉ်များအတွက် ရုပ်သံထုတ်လွှင့်မှု အခကြေးငွေ ခွဲတမ်း သတ်မှတ်ချက် အသစ် ထုတ်ပြန်ခဲ့ရာ အသင်းအားလုံး တစ်ပြေးညီ ခံစားခွင့်အား ပြဋ္ဌာန်း ပြီး ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလို နာကဲ့သို့ အသင်းကြီးများက ရုပ်သံ ထုတ်လွှင့်မှု ကုမ္ပဏီများနှင့် သီး ခြားညှိနှိုင်း စာချုပ်ခွင့်ကို ပယ် ဖျက်လိုက်သည်။

အဆိုပါ စည်းမျဉ်းကို အများစုက လက်ခံကြိုဆိုသော်လည်း အချို့သော အချက်အလက်များကို သဘောမတူသဖြင့် ဘောလုံးသ မားများ ဆန္ဒပြကြရန် ဘောလုံး အဖွဲ့ချုပ်က ဦးဆောင်လှုံ့ဆော် ခဲ့ခြင်း ဖြစ်သည်။

ရီးရဲလ်မှ ကာဆီးလက်စ်၊ ဆာဂျီယိုရာမို့စ်တို့ အပါအဝင် နာ မည်ကြီးဘောလုံးသမား အများအ ပြားသည် စပိန်ဘောလုံးအဖွဲ့ချုပ် ၏ လုပ်ဆောင်မှုအပေါ် ထောက်ခံ ရပ်တည်ခဲ့ကြသည်။

Ref: Reuters
7Day Daily

0 comments:

Post a Comment