Thursday, May 14, 2015

သင်နဲ့ ခင်မင် ပတ်သက်နေသူတိုင်း သင့်ကို ယုံကြည်မှုရှိစေဖို့ဆိုရင်


ပျော်ရွှင်ပြီး အောင်မြင်တဲ့ ဘ၀တစ်ခု ရရှိနိုင်ဖို့ဆိုတာ သင်နဲ့ ခင်မင်နေသူတိုင်း၊ သင်ပတ်သက်နေရတဲ့သူတိုင်းက သင့်ကို ယုံကြည်နေကြဖို့ လိုပါတယ်။ အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းတွေ ကြားမှာပဲဖြစ်ဖြစ်၊ သင့်ပတ်ဝန်းကျင်၊ သင့်မိသားစု စတဲ့ ဘယ်သူရဲ့ ယုံကြည်မှုမျိုးမဆို သင်ရရှိနိုင်ဖို့ ဒီနည်းလေးတွေအတိုင်း လုပ်ဆောင်သွားရုံပါ။၁။နားထောင်ပေးနိုင်သူတစ်ယောက် ဖြစ်ပါစေ။

ကိုယ်က အရာရာတိုင်းကို ဖွင့်ဟပြောဆိုနေမှ မဟုတ်ပါဘူး။ အခြားသူတွေရဲ့ အတွေးတွေ၊ သူတို့ပြောချင်တာတွေ၊ သူတို့စိတ်ထဲရှိတာတွေ၊ ခံစားချက် ဘာပဲဖြစ်ဖြစ် သူတို့ဖွင့်ဟလာတဲ့အခါ နားထောင်ပေးလိုက်ပါ။ အဲ့ဒီလို နားထောင်ပေးတဲ့အခါ သင့်အပေါ် သူတို့ ပိုရင်းနှီးလာမယ်။ ပိုခင်မင်လာမယ်။ အဲ့ဒီနောက်မှာတော့ ပိုယုံကြည်လာပါလိမ့်မယ်။

၂။အကောင်းမြင်တတ်ပြီး သင့်ရဲ့အမြင်ကိုလည်း အကောင်းဘက်ကသာ ချပြပေးပါ။

လူတွေဟာ များသောအားဖြင့် သူတို့လုပ်ရပ်၊ ဆောင်ရွက်ချက်တွေကို အကောင်းဘက်က ပြောဆိုသူကိုသာ ယုံကြည်ကြပါတယ်။ သူတို့ကို တစ်ချိန်လုံး ဝေဖန်နေသူတွေကို ဘယ်သူကများ သဘောကျမှာလဲ။ ဒီတော့ သင့်မိသားစုဝင်ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ် သူတို့ဘာတွေလိုအပ်နေတယ်ဆိုတာကို ပြောချင်ရင်တောင် အကောင်းဘက်ကသာ ပြောဆိုပေးပါ။ ဒါဟာ သူတို့စိတ်ဓာတ်ခွန်အား ပိုမိုတိုးပွားအောင် လုပ်ဆောင်ပေးရာလည်း ရောက်ပါတယ်။ ဒါဆိုနောက်တစ်ခါလည်း သင့်ကို သူတို့သိချင်တာတွေမေးမယ်၊ ဖွင့်ဟလာမယ်။ ယုံကြည်လာပါလိမ့်မယ်။

၃။ဘယ်သူ့ကိုမဆို အကောင်းဆုံး အကြံဥာဏ်ပေးပါ။

တစ်ဦးတစ်ယောက်က အခက်အခဲရှိနေလို့ သင့်ကိုတိုင်ပင်တဲ့အခါ သင့်ဘက်က ရိုးသားစွာ အကောင်းဆုံး အကြံပေးလိုက်ပါ။ ဘယ်တော့မှ ဆရာစားချန်ထားတာမျိုး မလုပ်ပါနဲ့။ သင့်ရဲ့ကောင်မွန်တဲ့ စိတ်အကျိုးကျေးဇူးကို သင်မလွဲမသွေ ခံစားရပါလိမ့်မယ်။ အနည်းဆုံး အဲ့ဒီလူရဲ့ ယုံကြည်မှုကို သင်ရရှိလိုက်ပြီလေ။

၎။ရိုးရိုးသားနေပါ။ သင့်ခံစားချက်တွေကို ရိုးသားပွင့်လင်းစွာ ပြောပြပါ။

ဒါကလည်း လူတွေ သင့်ကို ယုံကြည်လာစေတဲ့ အချက်ပါ။ လူတွေက သင်ပြောလိုက်တဲ့စကားကို လက်မခံဘူး၊ သဘောမတူဘူးဆိုရင်တောင်မှ၊ သင်ဟာ ရိုးသားပွင့်လင်းစွာ ပြောတတ်တဲ့သူ တစ်ယောက်ပါလားဆိုပြီး လေးစားတာမျိုး ရှိလာပါလိမ့်မယ်။ ဒီလူဟာ ရိုးဖြောင့်ပါလားဆိုတဲ့ စိတ်ကြောင့် ယုံကြည်မှုတိုးပွားလာပါလိမ့်မယ်။

၅။။လူတွေကို ကြင်ကြင်နာနာ ဆက်ဆံပေးပါ။

သင်ဟာ လူတွေအပေါ် နွေးထွေးကြင်နာတတ်တယ်ဆိုရင် နေရင်းထိုင်ရင်းကို သင့်အပေါ် အဲ့ဒီလူတွေက ယုံကြည်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

Ref:yourtango
မေသော် 
Trend Myanmar

0 comments:

Post a Comment