Thursday, May 14, 2015

ကိုးကန့်ဒေသစစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်ပေးရန် အဆိုတင်

ကိုးကန့်ဒေသရောက်တပ်မတော်သားများ (ဓာတ်ပုံ - အောင်ခိုင်)

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်သည် ကိုးကန့်ဒေသစစ်အုပ်ချုပ်ရေးအားရက် ပေါင်း ၉၀ ထပ်မံ တိုးမြှင့်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ မေ လ ၁၄ ရက်ကလာရောက်အဆို တင်သွင်းခဲ့သည်။အရေးပေါ် အခြေအနေ ကြေညာထားသည့် ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူ မှုရေး၊ လုံခြုံရေး၊ စီမံခန့်ခွဲရေး၊ ကိစ္စရပ်များကို မူလအခြေအနေ မရောက်ရှိသေးသည့်အတွက် စစ် အုပ်ချုပ်ရေးကို ထပ်မံတိုးမြှင့်ပေး ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရေးအတွက် အဆိုကို ကာကွယ်ရေးဝန်ကြီးက တင် သွင်းခြင်းဖြစ်သည်။

ထို့ပြင် သုံးလခန့်ကြာ ဖြစ်ပွားနေသည့် တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့ ကြား တိုက်ပွဲများတွင်တပ်မတော် ဘက်က ကုန်ကျစရိတ်ကို ခန့်မှန်း မရသေးကြောင်း ၎င်းကဆိုသည်။

‘‘ကုန်ကျစရိတ်က ခန့်မှန်းလို့ မရသေးဘူး။ တွက်လို့မရသေးပါ ဘူး’’ဟုဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။

ထို့ပြင် ယင်းတိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်က သ တင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားရန်လည်းရှိကြောင်း ဒုဗိုလ် ချုပ်ကြီး ဝေလွင်ကဆိုသည်။ ပြီးခဲ့ သည့် ဖေဖော်ဝါရီအတွင်းမှစတင် ကာ တပ်မတော်နှင့် ဖုန်ကြားရှင် ၏ ကိုးကန့်လက်နက်ကိုင်အဖွဲ့ များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

7Day Daily

0 comments:

Post a Comment