Friday, May 15, 2015

ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့၏ အဓိကတောင်ကုန်း တပ်မတော် သိမ်းပိုက်


ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့၏ အဓိကတောင်ကုန်းတစ်ခုဖြစ်သော ပွိုင့်(၂၀၂၂)ကို တပ်မတော်က မေလ ၁၄ ရက်တွင် ထိုးစစ်ဆင်နေစဉ် (ဓာတ်ပုံ − မြဝတီ)

ကိုးကန့်တိမ်းရှောင် လက်နက်ကိုင်အဖွဲ့(MNDAA) က အဓိကခြေကုပ်ယူထားသည့် ပွိုင့် (၂၀၂၂) တောင်ကုန်းကို အစိုး ရ တပ်မတော်က သိမ်းပိုက်နိုင်ခဲ့ ကြောင်း မေလ ၁၅ ရက်တွင် တရားဝင်သတင်းထုတ်ပြန်သည်။ပွိုင့် (၂၀၂၂) တောင်ကုန်း ကို မေလ ၁၄ ရက် ည ၁၀ နာရီ တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်သား အရာရှိနှင့် စစ် သည်အချို့ ဒဏ်ရာအနည်းငယ်ရကာ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ဘက်မှ နှစ်ဦး ဖမ်းဆီးရမိပြီး အလောင်း ၂၄ လောင်းရရှိခဲ့ ကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။ ထို့အပြင် အမ်- ၂၁၊ အမ်- ၂၂၊ တရုတ်စစ်လက်နက် မျိုးစုံ ၉၁ လက်ကိုပါ သိမ်းဆည်း နိုင်ခဲ့ကြောင်း ဓာတ်ပုံများနှင့် အတူ တပ်မတော်ပိုင် မြ၀တီ သတင်းဌာနက သတင်းထုတ်ပြန် သည်။


ဓာတ်ပုံ − မြဝတီ

ဒဏ်ရာရစစ်သည်ကို တပ်မတော်က သတင်းမထုတ်ပြန်သော်လည်း မေလ ၁၄ ရက်ကလောက်ကိုင်မှ ဒဏ်ရာရစစ်သည်၂၀ ဦးထက်မနည်း လားရှိုးဆေးရုံသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

‘‘ပွိုင့် (၂၀၂၂) တောင်ကုန်း သည် လောက်ကိုင်ဒေသကို စိုး မိုးနေပြီး ခြိမ်းခြောက်တဲ့ အနေ အထားလည်းဖြစ်ပါတယ်။ ဒါ ကြောင့်မြေပြင်မြေအနေအထားဆိုးသော်လည်း တိုက်ခိုက်ရတာဖြစ်ပါတယ်’’ ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က မေလ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောသည်။


ဓာတ်ပုံ − မြဝတီ

တောင်ကုန်းပေါ်တွင် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ဝင်များက အခိုင်အမာဘန်ကာများ အဆင့်ဆင့်ဆောက်လုပ်၍ ခြံစည်းရိုးများ ကာရံကာ မိုင်းကွင်းနှင့် အတားအဆီးများပြုလုပ်ထားပြီး တပ်မတော် စစ်ကြောင်းများက လေကြောင်းပစ်ကူ၊ အမြောက်လက်နက်ကြီး ပစ်ကူနှင့် သံချပ်ကာတိုက်ယာဉ်ပစ်ကူများ ရယူခဲ့ပြီး စစ်ကြောင်း သုံးကြောင်းခွဲကာကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးဖြင့် နည်းဗျူဟာမြောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အစိုးရမီဒီယာများက ကြေညာသည်။

ထို့အပြင် အဆင့်ဆင့်ပစ်ကျင်းများတူး၍ ယင်းတောင်ကုန်းအား ချဉ်းကပ်ခဲ့ပြီး အသက်ကိုပဓာနမထားဘဲ အနီးကပ် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။တပ်မတော်ဘက်မှ စစ်သည်အရာရှိများ ကျဆုံးမှု ရှိခဲ့သော် လည်း အရေအတွက် တိကျစွာ ပြောကြားသွားခြင်းမရှိဘဲ ညပိုင်း တွင် ကျယ်ပြန့်စွာ ထုတ်ပြန်သွား မည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ဝေ လွင်က ဆိုသည်။


ဓာတ်ပုံ − မြဝတီ

အဆိုပါ တောင်ကုန်းကို သိမ်းပိုက်နိုင်ရန် ဧပြီ ၂၄ ရက်မှ ရင်ဆိုင်ထိန်းချုပ်ထားကာ မေလ ၁၂ရက်တွင် တိုက်ပွဲများ စတင်ဖြစ် ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါတောင်ကုန်းမှ ထွက် ပြေးသွားသည့် ကိုးကန့်တပ်ဖွဲ့ဝင် များသည် နယ်စပ်နှင့် ကပ်လျက် ပွိုင့် (၂၀၇၁) ကုန်းတွင် နောက် ဆုံးခံစစ်ဆင်ထားပြီး ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပွိုင့် (၂၀၂၂) တောင်ကုန်း ကို ဧပြီလကုန်ပိုင်းက တစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရေမြေ အနေအထားနှင့် ရာသီဥတုဆိုး ရွားသောကြောင့် စစ်ဆင်ရေး အပိုင်းခက်ခဲစွာ လုပ်ဆောင်ခဲ့ရ ကာ လက်တစ်ကမ်းတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အရာ ရှိစစ်သည်အချို့ ကျဆုံး၍ အချို့ ပျောက်ဆုံးခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ဖူးသည်။


ဓာတ်ပုံ − မြဝတီ


ဓာတ်ပုံ − မြဝတီ

7Day Daily

0 comments:

Post a Comment