Sunday, May 17, 2015

မြန်မာမိန်းကလေးငယ်တစ်ဦး ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ရုံတွင် ပြန်ပေးဆွဲခံရ


ထိုင်းနိုင်ငံအနောက် ပိုင်း ကန်ချနာဘူရီပြည်နယ်တောင်ဘက် မောင့်ဒေသရှိ ဆေးရုံတွင် လေးနှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦး ပြန်ပေးဆွဲ ခံရမှုဖြစ်ပွားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်အရ သိရသည်။မောင့်ဒေသ Paholpolpayu-hasena ဆေးရုံတွင် ဖခင်ဖြစ်သူကိုလာရောက် ကြည့်ရှုသော မိခင်နှင့်အတူ လိုက်ပါလာခဲ့ သော အဆိုပါမိန်းကလေးငယ်ကို မောင့် ဒေသ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနမှ ဝန်ထမ်းတစ်ဦးက သောကြာနေ့နံနက် ၇ နာရီ ၁ဝမိနစ်တွင် တောထဲ၌ အဝတ်ဗလာ ဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာနမှ ဝန်ထမ်းဖြစ်သူသည် ကိုယ်ခန္ဓာအနှံ့အ ပြားတွင် ထိခိုက်ဒဏ်ရာများ ရရှိထားကာ လက်ချောင်းများတွင်လည်း သွေးများထွက် နေသောကလေးငယ်ကို တွေ့ရှိခဲ့ပြီးနောက် ရဲဌာနကို ဖုန်းဆက်အကြာင်းကြားခဲ့ပြီး ကလေးငယ်ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ သည်ဟုသိရသည်။

ကလေးငယ်၏မိခင်ဖြစ်သူပြော ကြားချက်အရ ကြာသပတေးနေ့ညပိုင်းအ ချိန်တွင် ရုတ်တရက်အိပ်ပျော်နေရာက လန့် နိုးရာမှ သမီးဖြစ်သူပျောက်ဆုံးနေသည်ကို သိရှိခဲ့ပြီး ဆေးရုံမှတာဝန်ရှိသူများကို ရှာဖွေ ပေးရန် အကူအညီတောင်းခံခဲ့သည်ဟု သိ ရသည်။ ထို့နောက်တွင် ရဲများက တောထဲ တွင် ကလေးငယ်၏ အဝတ်အစားများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ကလေးငယ်၏အဝတ်အစားများကိုစစ်ဆေးရာတွင် လိင် အင်္ဂါစပ်မှ အမွေးအမှင်များကို သက်သေ အထောက်အထားအဖြစ် ရှာဖွေတွေ့ရှိခဲ့ သော်လည်း ကလေးငယ်တွင် အဓမ္မပြုကျင့် ခံထားရသောလက္ခဏာ မတွေ့ရကြောင်း သိရသည်။

ယခုအခါ သက်ဆိုင်ရာရဲတပ်ဖွဲ့ နှင့် စစ်တပ်မှတာဝန်ရှိသူများသည် ပြန်ပေး ဆွဲသူ ပုန်းအောင်းနေသည်ဟု သံသယရှိ သော တောနက်ထဲတွင် တရားခံကိုလိုက် လံရှာဖွေလျက်ရှိသည်ဟု သိရသည်။

ရဲဌာနက ပြောကြားချက်အရ ဆေးရုံလုံခြုံရေးကင်မရာတွင် ကလေးငယ် အား ပြန်ပေးဆွဲသူကိုမြင်တွေ့ခဲ့ရပြီး တရား ခံမှာ အသက်၂၅နှစ်မှ ၃ဝအရွယ်ကြားရှိ သူဖြစ်ကာ ကလေးငယ်ကို လူနာစောင့်များ နားနေသောနေရာမှ ခေါ်ဆောင်သွားချိန် တွင် မိခင်မှာ အိပ်ပျော်လျက်ရှိသည်ဟုသိရ သည်။

ပြန်ပေးဆွဲခံခဲ့ရပြီး ထိခိုက်ဒဏ် ရာများဖြင့် ပြန်လည်တွေ့ရှိရသောကလေး ငယ်၏မိခင်ဖြစ်သူသည် အဆိုပါဆေးရုံသို့ ဖခင်လူနာအား ကြည့်ရှုရန် ၄င်း၏သားသမီး သုံးဦးကို ခေါ်ဆောင်လာခဲ့ရာမှ လေးနှစ် အရွယ် သမီးငယ်တစ်ဦး ပြန်ပေးဆွဲခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment