Wednesday, September 30, 2015

စပရက်တလေ ကျွန်းစုများအရေးနှင့် ပတ်သက်၍ တရုတ်ခေါင်းဆောင်ကို ဗီယက်နမ်သမ္မတ စိန်ခေါ်


တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းစုများနှင့် ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ပိုင်နက်ကြေညာမှုများကို ဗီယက်နမ်သမ္မတက လူသိရှင်ကြား ပယ်ချလိုက်သည်ဟု VOA သတင်းဌာနက ဖော်ပြထားသည်။

Mammatus clouds ပိုဖြစ်နိုင်တဲ့ တောင်တွင်းကြီးမှာတွေ့ခဲ့ရတဲ့တိမ်အမျိုးအစား

 

ဒီကနေ့ညနေပိုင်း တောင်တွင်းကြီးမှာတွေ့ခဲ့ရတဲ့တိမ်အမျိုးအစားတွေဟာ earthquake တိမ် ဆိုတာထက် မိုးတိမ်တောင်တွေနဲ့အတူတွဲဖြစ်တတ်တဲ့ mammatus တိမ်အမျိုးအစား ပိုဖြစ်နိုင်ပါတယ်။

Mammatus သို့မဟုတ် mammatocumulus တိမ်ဆိုသည်မှာတမ်တိုက်တစ်ခုရဲ့အောက်ခြေ တွင် ဖြစ်ပေါ်တတ်တဲ့ လုံးဝန်းသောပုံသဏ္ဍာန်ရှိတိမ်အမျိုးအစားဖြစ်ပါတယ်။ mammatus ဆိုသောစကားမှာ latin ဘာသာစကား mamma မှ ဆင်းသက်လာပြီး၊ နွားမ သို့မဟုတ် ဆိတ် တို့၏ နို့အုံ သို့မဟုတ် မိန်းမတို့၏သားမြတ် ဟု အဓိပ္ပါယ်ရပါတယ်။

တရုတ်ပြည်မှာ စာအိတ်ဗုံးပေါက်ကွဲ ၇ဦးသေ


တရုတ်နိုင်ငံ တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စာအိတ် ဗုံး ၁၇ လုံး အတွဲလိုက် ပေါက်ကွဲတဲ့အတွက် လူ ၇ ဦးသေဆုံးကာ ၅၁ ဦး ဒဏ်ရာရရှိကြောင်း အစိုးရပိုင်တရုတ်ဆင်ဟွာသတင်းကို ကိုးကား၍ CNN သတင်းက ဖော်ပြသည်။

မန်စီတွင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲများဆက်ဖြစ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် တပ်မတော်နှင့် KIA အဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း မန်စီမြို့ ဒေသခံများနှင့် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။

“မှန်သုံးမှန်နဲ့ ရွတ်မယ်”


တခါတုန်းက နန္ဒမာတာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်ရှိပါတယ်။
သူ့မှာ နန္ဒလို့ အမည်ရတဲ့ သားတယောက်ရှိလို့ နန္ဒရဲ့အမေဖြစ်လို့ နန္ဒမာတာလို့ခေါ်တာပါ။
မြန်မာလိုပြောရင်တော့ နန္ဒမေမေပါ။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မြသရဖူ ခရီးသည်တင် မှန်လုံ ယာဉ်သည်မိုင်တိုင် ၄၅/ ၅ အရောက်တွင် လေးခွဖြင့် ပစ်ခတ်ခံရ





ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မြသရဖူ ခရီးသည်တင် မှန်လုံ ယာဉ်သည်မိုင်တိုင် ၄၅/ ၅ အရောက်တွင် လေးခွဖြင့် ပစ်ခတ်ခံရပြီး
ယာဉ်၏ ယာဘက်ခြမ်း ထိုင်ခုံ အမှတ်(၁၁/၁၂)ရှိ လေကာမှန်အား ထိမှန်၍ ကွဲကြေ သွားခဲ့သည်။ပစ်ခတ်သူကိုလည်း ဘောနတ်ကြီး အမြန်လမ်း ရဲစခန်းမှ ဖမ်းဆီးရမိခဲ့သည်ဟု အစိုးရသတင်းတွင်ဖော်ပြထားသည်။

အပစ်ရပ်ရေး အဆင့်မြင့် ညှိနှိုင်း ကိုယ်စားလှယ်အဖွဲ့ (SD)ကို ဖျက်သိမ်း


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်(SD) ကို စက်တင်ဘာ ၃၀ရက်တွင် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

NLDပါတီကို တိုက်ခိုက်နေတာမဟုတ်လို့ ဦးဝီရသူ မိန့်ကြား

မန္တလေးမြို့၊ လူထုဟစ်တိုင်ကွင်းတွင် စက်တင်ဘာ ၃၀ရက်ကပြုလုပ်သည့် လူထုဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး မိန့်ခွန်းပြောနေစဉ်(ဓာတ်ပုံ - အောင်ကိုဦး/မဇ္ဈိမ)

 ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ NLDပါတီနှင့် အမြင်သဘောထားအချို့ တူညီသည်ဟု မျိုးစောင့်ဥပေဒပြဌာန်းရေး ဦးဆောင်လှုပ်ရှားခဲ့သူ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မိန့်ကြားလိုက်သည်။

တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်တွင် နေထိုင်ခြင်းမရှိဘဲ မဲစာရင်း၌ပါသူ ကိုးသောင်းကျော်ရှိနေ

တောင်ဥက္ကလာပမြို့ နယ်မဲဆန္ဒနယ်အတွင်း အမှန်တ ကယ်နေထိုင်ခြင်းမရှိသော်လည်း မဲပေးခွင့်စာရင်းတွင် ပါဝင်နေသူ ကိုးသောင်းကျော်ရှိကြောင်း ရန် ကုန်အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိသည်။

အမေရိကတွင် ပြုလုပ်သည့် ဒီချုပ်ရန်ပုံငွေဖျော်ဖြေပွဲ နှစ်ပွဲအပြီးတွင် အလှူငွေ ကန်ဒေါ်လာသုံးသောင်းကျော်ရရှိ


အမေရိကန်ပြည်ထောင် စုတွင် ပြုလုပ်နေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး၊ ကျန်းမာရေးနှင့် ရေဘေးရန်ပုံငွေ ဖျော်ဖြေပွဲနှစ်ပွဲ ကျင်းပပြီးချိန်၌ အလှူငွေကန်ဒေါ်လာသုံးသောင်း ကျော် ရရှိခဲ့ကြောင်း သတင်းရရှိ သည်။

မန္တလေးတိုင်းဒေသကြီးတွင် မဲစာရင်းအမည်မပါ၍ လျှောက်ထားသူ ခုနစ်သောင်းကျော်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်း နောက်ဆုံးအကြိမ် ထုတ်ပြန်သည့် အခြေခံမဲစာရင်းတွင် အမည်စာရင်း၌ အမည် မပါ၍ ဖြည့်စွက်လျှောက်ထားသူ ခုနစ်သောင်းကျော်ရှိကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိ သည်။

နိုင်ငံလုံးချီ အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ လက်မှတ်ထိုးရန် သဘောတူ


တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့က လက်မှတ် ရေးထိုးမည်ဟု သဘောတူခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ (SD) ပြောရေးဆိုခွင့် ရှိသူ ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းဝင်းမှာ ပါတီတံဆိပ်နဲ့ အလံတပ်ဆင်ထားတဲ့ ကားတွေကို တားမြစ်

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်မှာ ရှိတဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းဝင်း ထဲကို ဝင်ရောက်မယ့် ကျောင်းသားပိုင် မော်တော်ယာဉ်တွေနဲ့ ပြင်ပ မော်တော်ယာဉ်တွေမှာ ပါတီအလံနဲ့ တံဆိပ် တပ်ဆင်ထားမယ်ဆိုရင် ဒီနေ့ (စက်တင်ဘာလ ၃၀ ရက်နေ့) ကစပြီး ဝင်ရောက်ခွင့် မပြုဖို့ ပါမောက္ခချုပ်က တားမြစ်ချက် ထုတ်ပြန်ထားတာကြောင့် ဂိတ်စောင့် ဝန်ထမ်းတွေက ဝင်ရောက်ခွင့် မပြုခဲ့ဘူးလို့ စီးပွားရေးတက္ကသိုလ် ဘွဲ့လွန် သင်တန်းသားတွေထံမှ သိရပါတယ်။

ယာဉ်ထိန်းရဲကို ဆရာဝန်က ဓားဖြင့်ထိုးသည့်အမှု စုံခုံဖွဲ့စစ်ဆေးမည်

မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်၊ နန်းမြို့ရိုးကျုံး အရှေ့အလယ်(၆၆) လမ်းနှင့် (၁၉) လမ်းထောင့်တွင်း စက်တင်ဘာလ (၂၄)ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဆရာဝန်တစ်ဦးမှ ယာဉ်ထိန်းရဲ တစ်ဦးကို ဓားဖြင့်ထိုးသည့် အမှုအား စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

မုဆိုးမရွာ

မုဆိုးမကျေးရွာမှ ပြောင်းလာသူများကို ဖိုင်တူကျေးရွာတွင် တွေ့ရစဉ်/ဓာတ်ပုံ − ဂျေပိုင

တစ်ရွာလုံးတွင်မှ အမျိုးသား သုံးယောက်သာ ကျန်ရှိတော့သဖြင့် ခမ်ဇန်ဆိုသည့် မူရင်းအမည် ပျောက်ကာ မုဆိုးမရွာဟု ခေါ်ဆို ကြတော့သည့် ရွာငယ်လေးတွင် ချင်းတိုင်းရင်းသူ ဒေါ်ဝုန်ညင်းကျိန် နေထိုင်သည်။

အသက် (၇၅) နှစ်ရှိပြီဖြစ်သည့် သားငါးဦးမိခင် ဖြစ်ခဲ့ဖူးသူ ဒေါ်ဝုန်ညင်းကျိန်သည် ယခုတော့ တစ်ကိုယ်တည်းသာ ကျန်ကာ ကိုယ့်ဝမ်းကိုယ် ကျောင်းနေရ သည်။

နှင်းပွင့်ကိုကို

























ဟက်ဂ်ျပွဲတော် အဖြစ်ဆိုးကြောင့် သေဆုံးသူ ၄ဝဝဝ ကျော်လာပြီ ဖြစ်ကြောင်း ဆော်ဒီ ထုတ်ပြန်


မကြာသေးမီက ဖြစ်ပွားခဲ့သော ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့၌ ပြုလုပ်သည့် ဟက်ဂ်ျ ဘာသာရေး ပွဲတော်အတွင်း လူအုပ်ပိမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၁၇၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဆော်ဒီအစိုးရ တာဝန်ရှိသူများက ထုတ်ပြန် ကြေညာထားသည်။ ယင်းဖြစ် ရပ်အတွင်း သေဆုံးသူ စုစုပေါင်း ၄၁၇၃ ဦးအထိရှိလာကြောင်း ဆော်ဒီ ကျန်းမာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဟာမတ်ဘင်မူဟာမတ်အယ်လ်ဒူဝေလာက စက်တင်ဘာ ၂၉ ရက်တွင် အတည်ပြု ပြောကြားထားခြင်းဖြစ်သည်။ ထို့ပြင် ပွဲတော်အတွင်း အပူငွေ့ထုတ်လွှတ်မှုနှင့် အတူ အသက်ရှူကျပ်ခြင်းကြောင့် သေဆုံးသူ အရေအတွက် ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း ဆော်ဒီ

"လူငယ်စုံတွဲကို ဖမ်းဆီးသတ်ဖြတ် အဓမ္မပြုကျင့်မှု နေပြည်တော်တွင်ဖြစ်ပွား"

လူငယ်စုံတွဲတစ်တွဲအား လူလေးဦးက ဖမ်းဆီးကာ အမျိုးသားအားသတ်ပြီး အမျိုးသမီးအား အုပ်စုဖွဲ့အဓမ္မပြုကျင့်မူ နေပြည်တော် တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။

လိပ်လို့ရသော တီဗီမျိုး ဇန်န၀ါရီမှာ အယ်လ်ဂျီ မိတ်ဆက်ဖွယ်ရှိ


တီဗီခေတ်ကို တစ်ခတ်ဆန်းသစ် စေမည့် လိပ်လို့ရသော တီဗီမျိုး အယ်လ်ဂျီ ကုမ္ပဏီက ဇန်န၀ါရီတွင် ပွဲထုတ် မိတ်ဆက်ဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ် နေသည်။

ဘတ်စကက်ဘော ကောင်မလေး


တရုတ်နိုင်ငံရှိ ငယ်ရွယ်သော အမျိုးသမီးတစ်ဦးသည် ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရသော်လည်း အနာဂတ်ကို ကိုယ်တိုင် တည်ဆောက် ခဲ့သော ကြောင့် မသန်စွမ်းများအတွက် စံနမူနာယူစရာ ဖြစ်လာခဲ့သည်။

ဧဗရယ် လဗင်း ခံစားနေရသည့် ရောဂါအခြေအနေကို ဖွင့်ချ


နာမည်ကျော် အဆိုတော် ဧဗရယ် လဗင်းက သူခံစားနေရသည့် Lyme ရောဂါခေါ် ဘက်တီးရီးယား ကူးစက်ခံရသည့် ရောဂါတစ်မျိုးနှင့် ပတ်သက်ပြီး ရင်ဖွင့်ပြောဆို လိုက်ပြီ ဖြစ်သည်။

ကနေဒါနိုင်ငံသူ အဆိုတော်သည် ၄င်းရောဂါ ရှိနေပြီဖြစ်ကြောင်း ယမန်နှစ်တွင် သိရှိခဲ့သည်။ ရောဂါ အခြေအနေနှင့် ပတ်သက်ပြီး သူ့ကိုချစ်သော ပရိသတ်များကိုလည်း အချိန်နှင့် တပြေးညီ ဖွင့်ချပြခဲ့သည်။

မိမိရဲ့အလှအပကို သဘာဝအတိုင်း ထိန်းသိမ်းခဲ့တဲ့ ၅၉နှစ်အရွယ် နာမည်ကြီးမော်ဒယ်လ်


ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကြီးဟာ အသက် ၅၉ နှစ်အရွယ် ဖက်ရှင်မော်ဒယ်လ်တဦးဖြစ်တဲ့ Yasmina Rossi ဆိုသူပါ။ သူမဟာ Marks & Spencer ၊ Hermes နဲ့ Macy’s စတဲ့ နာမည်ကြီးထုတ်ကုန်ပစ္စည်း တော်တော်များများရဲ့ မော်ဒယ်လ်တဦးလည်းဖြစ်ပါတယ်။ Rossi ဟာ ၁၉၅၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ မွေးဖွားခဲ့တယ်ဆိုပေမယ့် Corsica ဆိုတဲ့ကျွန်းမှာ ကြီးပြင်းလာခဲ့သူပါ။

Tuesday, September 29, 2015

ကမ္ဘောဒီးယားတွင် တစ္ဆေပွဲတော်ကျင်းပ


ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တော်မြို့လယ်ရှိ ဝတ်လောင်ခါဘု ရား၌ လူရာပေါင်းများစွာစုဝေးခဲ့ကြ ပြီး သေဆုံးသူများကို ဂုဏ်ပြုသည့် Pchum Ben နှစ်ပတ်လည်ပွဲတော် ဆင်နွှဲခဲ့ကြသည်။ ၁၅ ရက်ကြာကျင်း ပမည်ဟုဆိုသည်။

အရုဏ်မတက်မီအချိန်တွင် မိသားစုများစုဝေးရောက်ရှိလာခဲ့ကြ ကာ စားစရာ၊ သောက်စရာများယူ ဆောင်လာကာ ဘုန်းတော်ကြီးများ ကို ကပ်လှူခဲ့ကြသည်။ နှစ်ပေါင်း ၆ဝဝ ရှိ ရှေးဟောင်းဘုရား၌ ဆု တောင်းပွဲပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်တွင် ပြုလုပ်မည့် မျိုးစောင့်ဥပဒေ အောင်နိုင်ရေး အထိမ်းအမှတ် အခမ်းအနား သီတဂူဆရာတော် တက်ရောက်မိန့်ခွန်း ပြောမည်


ရန်ကုန်မြို့တွင် ကျင်းပမည့် မျိုးစောင့်ဥပဒေ အောင်နိုင်ရေး အထိမ်းအမှတ် အခမ်းအနားကို သီတဂူဆရာတော် အရှင်ဉာဏိဿရ တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်ဆရာတော် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ပြောကြားသည်။

သင့်ကလေး အနိုင်ကျင့်ခံနေရပြီဆိုတာ သိတာနဲ့ မိဘတွေအနေနဲ့ ချက်ချင်း လုပ်ဆောင်သင့်တဲ့ အချက် (၃)ချက်


ကလေးတိုင်း အနိုင်ကျင့်တာ ခံဖူးကြပါတယ်။ ကလေးတိုင်းက သူတို့ရဲ့ကြောက်စိတ်၊ အားငယ်စိတ်တွေကြောင့် အနိုင်ကျင့်ခံရတတ်ပါတယ်။ ဒါမှမဟုတ်ရင် သူတို့ ကိုယ်တိုင်က အနိုင်ကျင့်မခံရအောင် အနိုင်ကျင့်တတ်တဲ့ လူနဲ့ပေါင်းပြီး အပေါ်စီး အနိုင်ယူမယ်ဆိုတဲ့ ရပ်တည်ချက်တွေနဲ့ အခြားကလေးတွေကို အနိုင်ကျင့်တတ်ကြပါတယ်။

ကျောင်းသူအား ရိုက်နှက်မှု တရားရုံးတိုင်

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ကျူရှင်ဆရာမတစ်ဦးက တတိယတန်း ကျောင်းသူတစ်ဦးအား ကျူရှင်သင်နေစဉ် စာမရဖြင့် ၀ါးခြမ်းပြားဖြင့် ရိုက်နှက်ခဲ့မှုကြောင့် ဒဏ်ရာများ ရရှိခဲ့သဖြင့် မကျေနပ်၍ မိခင်ဖြစ်သူက တိုင်းတန်းမှု ဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မန္တလေးအထူးကုဆေးခန်းတစ်ခုကိုဗုံးခွဲမည်ဟုဖုန်းဖြင့်ခြိမ်းခြောက်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ညိမ်း အထူးကုဆေးရုံသို့ ဗုံးခွဲမည်ဟု ဖုန်းဖြင့်ဆက်သွယ်ခြိမ်းခြောက်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ထွန်းကပြောသည်။မဟာအောင်မြေမြို့နယ် ၈၂လမ်း ၂၉လမ်းနှင့် ၃၀ကြားရှိ ညိမ်းအထူးကုဆေးရုံတွင် စက်တင်ဘာ၂၉ရက် ည၈နာရီ၃၀မိနစ်ခန့် ဗုံးခွဲပစ်မည်ဟု တယ်လီဖုန်းဖြင့်ဆက်ပြီး ပြောဆိုလာမှုကြောင့် မိုင်းရှာဖွေရေးများအရေးပေါ်ပြုလုပ်ခဲ့ပြီး ယင်းဆေးရုံအနီးပတ်ဝန်းကျင်တွင် ယခုအချိန်ထိ လုံခြုံရေးချထားဆောင်ရွက်လျက်ရှိကြောင်း ခရိုင်မှူးကပြောသည်

ညီမဖြစ်သူကို ပြက်ရယ်ပြုခဲ့လို့ နောင်တရနေတဲ့ ထွန်းအိန္ဒြာဗို



လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီကနေ အမတ်လောင်းအဖြစ် ဒဂုံမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ သက်သက်ခိုင်အား ငယ်စဉ်က သူမ၏ အပြုအမူများနှင့် စိတ်ဓာတ်များကို လှောင်ပြောင်ခဲ့သောကြောင့် ယခုအခါ နောင်တရမိကြောင်း အစ်မဖြစ်သူ အကယ်ဒမီ ထွန်းအိန္ဒြာဗို က ပြောသည်။““ဒေါ်သက်သက်ခိုင် ကတော့ ကျွန်မရဲ့ ညီမအရင်း ဆိုတာလည်း တစ်ပိုင်းပေါ့နော်။ ကျွန်မတို့ မိသားစုတစ်စု တည်းကနေ ကြီးပြင်းလာတော့ ငယ်ငယ်ကတည်းက သူ့စိတ်ဓာတ်ကို သိခဲ့ရတယ်။

"ဆွေသဟာဝန်ဆောင်မှုယူထားသူများအတွက် အင်တာနက် အသုံးပြုခနဲ့ မက်ခ်ျပို့ခဈေးထပ်လျော့"

နေပြည်တော် စက်တင်ဘာ ၃၀ရက်။ ။ GSM၊ WCDMA ကိုအသုံးပြုပြီး ဆွေသဟာ ၀န်ဆောင်မှုကို ယူထားသူများအတွက် အောက်တိုဘာ ၁ ရက်နေ့ကစပြီး အင်တာနက်အသုံးပြုခ 1MBကို ၇ကျပ်ပြား၅၀မှ 1MBကို ခြောက်ကျပ်နှုန်းသို့လျော့ချလိုက်ပြီး၊ အက်စ်အမ်အက်စ်ပို့ခ တစ်ဆောင်ကို အရင် ၁၅ကျပ်မှ ၁၀ကျပ်သို့ လျော့ချပေးသွားမှာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း ထုတ်ပြန်

စက်တင်ဘာ ၇ ရက်က နယူးဇီလန်အသင်းနှင့် ခြေစမ်းပွဲ ကစားခဲ့သော မြန်မာ့လက်ရွေးစင်အသင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေဘုတ်

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည့် မြန်မာ့လက်ရွေးစင် အသင်းအတွက် အပြီးသတ် ကစားသမား ၂၄ ဦး လူစာရင်းကို စက်တင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံ ဘောလုံးအ ဖွဲ့ချုပ်က တရားဝင် သတင်း ထုတ်ပြန်လိုက်သည်။

"အမုန်းခံ၍ ပြောရအုံးမည်" - (ဂြိုဟ်တိုင်များနဲ့ ဗုဒ္ဓဘာသာ)


လွဲနေတာလေးတွေပြောရင်းနဲ့ နောက်ထပ်

အလွဲတစ်ခု ပြောစရာ ပေါ်လာပြန်ပါတယ်။ အဲဒါက

စေတီပုထိုးများနဲ့ ဂြိုဟ်တိုင်များကိစ္စဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ အများစုဟာ ဘုရားသွားတယ်၊

ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးမည်ဟု ဆောက်လုပ်ရေး ဒုဝန်ကြီးဆို

လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်အိမ်ရာအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ကျူးကျော်များ အတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြော သည်။

လက်ရှိတည်ဆောက်နေ သော တန်ဖိုးနည်းအိမ်ရာများ ထက် ဈေးနှုန်းပိုသက်သာသည့် နှုန်းများဖြင့် ကျူးကျော်များအတွက် တည်ဆောက်ပေးမည်ဟု စက်တင်ဘာ ၂၉ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒုဝန်ကြီးကပြောကြားသည်။

လိပ်ကျွန်းလူသတ်မှုဖမ်းဆီးခံ မြန်မာနှစ်ဦး ပြန်လွှတ်ပေးရေး မေတ္တာရပ်ခံပေးရန် ကာကွယ်ရေးဦးစီးချုပ်ကို မြန်မာသံရုံးအထူးအဖွဲ့ တောင်းဆိုမည်ဟုဆို

လိပ်ကျွန်းလူသတ်မှုတွင်စွပ်စွဲခံရသည့် မြန်မာနှစ်ဦး (ဓာတ်ပုံ−အေအက်ဖ်ပီ)

လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ် သားနှစ်ဦးအား ပြန်လွှတ်ပေးရန် နိုင်ငံချင်းချိတ်ဆက်ပြီး မေတ္တာရပ် ခံပြောကြားပေးရန် မြန်မာသံရုံး အထူးအဖွဲ့က တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ထံ စာပေးပို့ တောင်းဆိုမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

IS စစ်သွေးကြွ ချေမှုန်းမှု အချိန်ယူမယ့်အကြောင်း အိုဘားမားဝန်ခံ


IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ချေမှုန်းနိုင်ရေးဟာ မလွယ်ကူတဲ့အပြင် အချိန်တိုအတွင်း ပြီးပြတ်မယ့်လုပ်ငန်း မဟုတ်ဘူးလို့ အမေရိကန် သမ္မတ Barack Obama ဟာ အင်္ဂါနေ့က အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ တိုးတက်မှု အခြေအနေကို ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ စည်းဝေးပွဲအတွင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့အတွက် တိကျခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ ပြောကြားအပြီး တနှစ်အကြာမှာ အခုလို ထပ်မံ ပြောဆိုခြင်းလည်း ဖြစ်ပါတယ်။