Thursday, September 10, 2015

မျက်နှာဖောင်းတာကို မကြိုက်တဲ့ ၀င့်ယမုံလှိုင်က ပြုပြင်ဖို့ အခွင့်အရေး ရှိလာရင်တော့ ပြုပြင်ဖြစ်မယ့်အကြောင်း ဖွင့်ဟ


ဗီဒီယိုအနေနဲ့ ၈ကား ရိုက်ထားတဲ့ ၀င့်ယမုံလှိုင်က လက်ရှိမှာ ဓာတ်ပုံရိုက်၊ အမ်တီဗီရိုက်များကိုအချိန်ပေးဖြစ်နေပြီး MRTV 4 ကရိုက်တဲ့ ကံကဧ။် အကျိုး ဇာတ်လမ်းတွဲမှာလဲ ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုလာပါတယ်။ သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေအကြောင်း မေးကြည့်လိုက်တော့ "အနုပညာလှုပ်ရှားမှုအနေနဲ့ ညီမ Photo Shooting လေးတွေရှိပါတယ်။ နောက် အမ်တီဗီလေးတွေရိုက်ဖြစ်တယ်။ အရှေ့မှာ ညီမဇာတ်လမ်းတွဲတိုလေးရိုက်ဖြစ်တယ်။ ကံ ကံဧ။် အကျိုးပေါ့။ အဲ့ဒီဟာကို ညီမတစ်ခါမှတော့ မရိုက်ဖူးဘူး။ အဲ့ဒါနဲ့ ဒီဟာကို ပထမဆုံးညီမကို ကမ်းလှမ်းလာတဲ့အချိန်မှာ ညီမဇာတ်ကိုလဲ သဘောကျတယ်။ နောက် ညီမကြည့်ဖူးတဲ့ ကံ ကံဧ။် အကျိုး အခြား ဇာတ်လမ်းတွဲတွေနဲ့လဲ နည်းနည်းလေးကွဲတယ်။ အဲ့ဒါနဲ့ညီမလဲအဲ့ဒီဇာတ်လေးကို သဘောကျတာနဲ့လက်ခံဖြစ်တာပါ။ အဲ့ဒါက MRTV 4 အတွက်ပေါ့။ နောက် ဗီဒီယိုကားအနေနဲ့ကရိုက်ထားတာ ၇ကား၊ ၈ကားလောက်ပဲရှိပါဦးမယ်။ မဖြန့်ရသေးတဲ့ကားတွေ များပါတယ်။"လို့ သူမက ဆိုပါတယ်။အခုနောက်ပိုင်းမှာ အလှအပနဲ့ ပတ်သက်ပြီး ပိုမိုပြုလုပ်လာကြတဲ့ မျက်နှာခွဲစိတ်ပြုပြင်မှုတွေအပေါ်တော့ သူမက "ညီမလုပ်နေကြတာတော့ကြားတယ်။ လုပ်လဲ လုပ်ကြည့်ချင်တယ်။ ဘယ်လိုပြောရမလဲ။ အချိန်မရသေးတာလဲ ပါတာပေါ့။ တကယ်လို့လုပ်ဖြစ်ရင်တောင်မှ သေသေချာချာမေးမြန်းပြီး မှ လုပ်ဖြစ်မှာပါ။ အဲ့ဒီအပေါ်မှာ တချို့ကျတော့လဲ အားပေးတဲ့သူရှိတယ်။ တချို့ကျတော့လဲကြိုက်တဲ့သူ ရှိတယ်။ မကြိုက်တဲ့သူလဲ ရှိတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့။ ဘယ်နေရာရယ်တော့ မပြောတတ်ဘူး။ ညီမမျက်နှာကေ ဖာင်းတယ်။ အိပ်ရေး၀၀၊ အိပ်ရေးပျက်ပျက် မျက်နှာဖောင်းတယ်။ တခါတလေကျ မကြိုက်ဘူး။ ဒါပေမဲ့ ပြုပြင်လို့ရမယ်ဆိုရင်ပြုပြင်ချင်တယ်"တဲ့။

ခင်ဆွေသက် 
Trend Myanmar

0 comments:

Post a Comment