Wednesday, September 9, 2015

ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း ပြုလုပ်သင့် အကြောင်းအရင်း ( ၅ )ချက်


စိတ်ပါဝင်စားမှုရှိဖို့ အရေးကြီးဆုံးဖြစ်တယ်။ ရရှိလိုတဲ့ အကျိုးရလဒ်ပေါ်မှုတည်ပြီး ဘယ်ဟာတွေ ရွေးချယ်လုပ်ပေးဖို့လိုလဲဆိုတာ မိမိနည်းပြမှ အကူအညီပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းကို အသားပေးပြုလုပ်သင့်ပြီး လေ့ကျင့်ခန်းပြုလုပ်တဲ့ ရည်ရွယ်ချက်အကြောင်း မရှင်းလင်းတာတွေ ပြောပြပါလိမ့်မယ်။အမျိုးသမီးအများစုရဲ့ အဓိက ရည်ရွယ်ချက်က ခန္ဓာကိုယ်မှ ကြွက်သွားများ ကြံ့ခိုင်တောင့်တင်းစေဖို့ဖြစ်ပါတယ်။ သို့သော် ဘယ်အားကစားဖြစ်ဖြစ် စိတ်တည်ငြိမ်မှုနဲ့ အဘက်ဘက်မှ ကျန်းမာကြံ့ခိုင်ခြင်းအတွက် သင့်လျှော်ပါတယ်။

ကျန်းမာကြံ့ခိုင်ဖို့ အားကစားလုပ်ဖို့ ဘာကြောင့် လိုအပ်လဲဆိုတဲ့ နောက်ထပ် အကြောင်းအရင်းတွေက…

· စနစ်တကျ စက်ဘီးစီးလေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကြွက်သွားတွေ ကျစ်လစ်စေမှာဖြစ်တယ်။

· ကွေးရ ဆန့်ရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပိုမိုကောင်းမွန်စေခြင်း

· အဘက်ဘက်မှ ကျန်းမာကြံ့ခိုင်မှုဖြစ်စေတဲ့ အဆီတစ်ရှူးလျော့ချပေးခြင်း

· နှလုံးသွေး အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အသက်ရှူခြင်းနဲ့ နှလုံးခုန်နှုန်း ပိုမိုကောင်းမွန်စေနိုင်

· ကြံ့ခိုင်မှုရှိခြင်း၊ ကွေးလွယ် ဆန့်လွယ်ဖြစ်ခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ညီညီမျှမျှ လှုပ်ရှားနိုင်ခြင်း တို့လည်း ရရှိစေတယ်။

နေ့စဉ် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ အကြံပြုချင်ပါတယ်။ အချိန်တိုအတွင်း ခန္ဓာကိုယ်နဲ့ ကိုယ်လုံးကိုယ်ပေါက်နှစ်ခုလုံးမှာ အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။

Ref: NHC
Trend Myanmar

0 comments:

Post a Comment