Sunday, September 6, 2015

ရုပ်ရုပ်အကြို ခံစားခြင်း - ODE to My Father


- ဒီနေ့အတွက်တော့ မျက်ရည် မခိုင်တဲ့လူတွေ၊ အသည်းမမာနိုင် တဲ့သူတွေရှောင်ရမယ့် ဇာတ်ကား တစ်ကားအကြောင်းပြောပြချင်ပါ တယ်။ မျက်ရည်တစ်ရှုပ်ရှုပ်ဖြစ်ရ မယ့် ကားမျိုးမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်တွေအတွက်တော့ မဖြစ် မနေကြည့်ရပါလိမ့်မယ်။ အော်ရီ ဂျင်နယ်ခွေတွေ ထွက်နေတဲ့ ဒီဇာတ်ကားက ကြည့်ပြီးတဲ့သူတိုင်း အပြည့်အ၀ကြိုက်တဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ကားနာမည်က ODE To My Father တဲ့။ ကိုရီးယား ဇာတ်လမ်းဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံစစ်ပွဲ ကာလက သောင်းနဲ့ချီတဲ့ စစ်ဘေး တိမ်းရှောင်သူတွေကြားထဲမှာ အ သက်(၁၀)နှစ်အရွယ် ဒေါ့ဆူးတို့ မိသားစုလည်း ပါခဲ့တယ်။ တိုတို ပြောရရင် ကယ်ဆယ်ရေးသင်္ဘောပေါ်ကို လူတွေနင်းကန်တိုးဝှေ့နေ တဲ့ ကြားထဲကနေ ပြေးလွှားပြီး လိုက်ဖို့ ကြိုးစားရင်းက သင်္ဘောပေါ်တွယ်တက်ဖို့ ကြိုးစားနေတုန်း ဒေါ့ဆူးကျောမှာပိုးထားတဲ့ သူ့ညီမလေး ပြုတ်ကျသွားတယ်။

သင်္ဘောထွက်ခါနီးမှာ ဒေါ့ ဆူးရဲ့အဖေက ပြုတ်ကျသွားတဲ့ ကလေးလေးကို လိုက်ကယ်ဖို့ကြိုး စားရင်း သားဖြစ်သူကို သင်္ဘော ပေါ်မှာကျန်ခဲ့တဲ့ ညီ၊ ညီမလေးတွေနဲ့ သူ့ဇနီးအတွက် စောင့်ရှောက်ဖို့ စကားတစ်ခွန်း မှာခဲ့ တယ်။ ‘‘အဖေမရှိတော့ရင် ဒီမိ သားစုမှာ သားက အကြီးဆုံးဖြစ် တာကြောင့် အဖေ့ကိုယ်စားစောင့်ရှောက်ပါတဲ့’’ လူတွေတစ်ပုံကြီး တင်ထားတဲ့ သင်္ဘောကြီးနောက် မှာ သူ့အဖေကျန်ခဲ့ရှာတယ်။

အဲ့ဒီစကားက ဒေါ့ဆူးရင်ထဲ ဘယ်လောက်နစ်သွားလဲဆိုတော့ သူသိတတ်စကတည်းက သူတို့မိ သားစုတွေ တခြားမြို့မှာ ဒုက္ခ ပေါင်းများစွာနဲ့ အသက်ရှင်ဖို့ကြိုး စားရတယ်။ အထူးသဖြင့် ဒေါ့ဆူး က ငယ်ငယ်ကတည်းက မိသားစု အတွက် ရသမျှလုပ်တယ်။ ချာ တိတ်အရွယ်မှာ လမ်းဘေးမှာ ဖိနပ်တိုက်တယ်။ အရွယ်ရောက် တော့ သေလောက်အောင်ပင်ပန်း တဲ့ ဂျာမန်ကမိုင်းတွင်း တစ်ခုမှာ သူ့သူငယ်ချင်းနဲ့ အလုပ်လုပ် တယ်။ မိုင်းတွင်းပြိုပြီး အသက် ဘေးက သီသီလေးလွတ်တော့ မိသာစုဆီပြန်လာတယ်။ ဂျာမန် မှာတွေ့တဲ့ ချစ်သူကောင်မလေးနဲ့ အိမ်ထောင်ကျတယ်။ တစ်ခါညီမ ဖြစ်သူ အရွယ်ရောက်လာတော့ မင်္ဂလာဆောင်ချင်တယ်ဆိုလို့ စစ် ပွဲဖြစ်နေတဲ့ ဗီယက်နမ်ကို သွား၊ ကယ်ရီလုပ်၊ ပိုက်ဆံ အသေအ ကျေရှာ ဒီလိုနဲ့ ဒေါ့ဆူးရဲ့ ဘ၀က အသက်ကြီးပိုင်းအထိ ရောက် လာတယ်။

မိသားစုအတွက် အသက်နဲ့ ရင်းပြီး စောင့်ရှောက်နေတဲ့ကြား ထဲက ဒေါ့ဆူးမှာ ရည်မှန်းချက် တစ်ခုရှိသေးတယ်။ သူတို့မိသားစု နဲ့ ငယ်ငယ်ကတည်းက ကွဲသွားတဲ့၊ သေလားရှင်လားမသိတဲ့ သူ့အ ဖေနဲ့ ညီမလေးကို ပြန်ရှာဖို့။ တ ကယ်တော့ ဒီဇာတ်လမ်းကို ပြောရတာ ကြည့်ထားတာထက်ကို တော်တော်လေးပေါ့ပါတယ်။ ခုပြောပြတဲ့ဇာတ်လမ်း ဇာတ်ဝင်ခန်းတိုင်းက ငိုစရာ၊ ၀မ်းနည်းစရာတွေ အပြည့်။ နောက်ဆုံးသူ့ညီမလေးနဲ့ အဖေကို ပြန်ရှာတဲ့အခန်းကတော့ ကိုယ်တိုင်ကြည့်စေချင်ပါတယ်။

7Day Daily

0 comments:

Post a Comment