Sunday, September 6, 2015

သရုပ်ဆောင်တွေအားလုံး ‘သက်သတ်လွတ်စားပြီး ရိုက်ရမယ့် ၀ိညာဉ်စိမ်း’

ဓာတ်ပုံ−ဖြူဖွေးသန်

မကြာမီရိုက်ကူးမည့် ၀ိ ညာဉ်စိမ်းရုပ်ရှင်ဇာတ်ကားတွင် ပါဝင်မည့် အနုပညာရှင်များအား လုံး သက်သတ်လွတ်စား အဓိ ဋ္ဌာန်ဝင်၍ ရိုက်ကူးမည်ဖြစ် ကြောင်း ဒါရိုက်တာ ၀င်းထွန်း ထွန်းကပြောသည်။

‘‘ကျွန်တော်ရုပ်ရှင်ကားကြီး တွေဆိုရင် တစ်နှစ်မှာ နှစ်ကားပဲ ရိုက်ဖြစ်တယ်။ ဒါက ဒုတိယ မြောက်ဇာတ်ကားပါ။ ဒီဇာတ် ကားကြီးကတော့ ဦးချမ်းသာရဲ့ ပြဇာတ်ပါ။ ထူးခြားချက်ကတော့ ဒီဇာတ်ကားကြီးမှာပါဝင်မယ့် သ ရုပ်ဆောင်တွေအကုန်လုံးက သက်သတ်လွတ်စားအဓိဋ္ဌာန်ဝင် ပြီးမှ ရိုက်ကြမှာဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။အဆိုပါရုပ်ရှင်ဇာတ်ကား သည် ဦးချမ်းသာ၏ ပြဇာတ်ကို ဇာတ်ညွှန်းငြိမ်းမင်းက ရေးသား ပေးထားကာ ဒါရိုက်တာဝင်း ထွန်းထွန်းက ရိုက်ကူးပုံဖော်ပေး မည်ဖြစ်ပြီး ကျော်သူ၊ ရန်အောင်၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ ဟိန်းဝေ ယံနှင့် စိုးမြတ်သူဇာတို့ အဓိကပါ ၀င်သရုပ်ဆောင်မည်ဖြစ်သည်။

အဆိုပါရုပ်ရှင်ဇာတ်ကားကို မြန်မာမီဒီယာဆဲဗင်းကထုတ်လုပ် ရိုက်ကူးခြင်းဖြစ်ပြီး ဇာတ်ကား တွင် မိတ်ကပ်အထူးပြုလုပ်ချက် များကို ဦးစားပေးရိုက်ကူးမည် ဖြစ်ကြောင်း ထုတ်လုပ်သူ ကိုဝေ မင်းမောင်ကပြောသည်။

‘‘ကျွန်တော်ရေးသမျှ ဇာတ် လမ်းတွေက မိသားစု၊ လူငယ်မေ တ္တာဖွဲ့ဇာတ်လမ်းတွေများတယ်။ ဒီဇာတ်လမ်းမှာတော့ ဘသိန်း မောင်ဆိုတဲ့လူရဲ့နာမည်ကို မိ သားစုဝင်တွေနဲ့ မိတ်ဆွေတွေက ကိုသိန်းခေါ်ကြတယ်။ ကိုသိန်းကို ချစ်တဲ့သူတွေက သူသေဆုံးတဲ့အ ချိန်မှာ သူ့ရဲ့ဈာပနာကိုပို့ရင်း ကို သိန်းလို့ခေါ်လိုက်တော့၊ သူတို့နဲ့ အိမ်မှာ တရားနာဖို့လိုက်ခဲ့ပြော တော့တကယ်ပကတိ ဘသိန်း မောင်ဆိုတဲ့ လူကမပါလာဘဲသူ့ရဲ့ ရှေ့မှာ နှစ်ချို့နေတဲ့ လူ့ဘ၀ထဲက အင်မတန်ကြမ်းတမ်းခဲ့တဲ့ ဆွေမ ရှိ၊ မျိုးမရှိဆုံးခဲ့တဲ့ မကောင်းဆိုး ၀ါးကြီး ၀ိညာဉ်ကလိုက်ချသွား တော့ မိသားစုတွေက သူ့အတွက် အမျှဝေတဲ့အချိန်မှာ အကြီးအ ကျယ်ဒုက္ခပေးတာပေါ့’’ဟု ဦး ချမ်းသာကပြောသည်။

အဆိုပါဇာတ်ကားကို ယခုလ ၁၀ ရက်မှစတင်၍ လကုန်ပိုင်း အထိ ပုပ္ပားသို့ သွားရောက် ရိုက် ကူးမည်ဖြစ်သည်။

7Day Daily

0 comments:

Post a Comment