MMA ဖိုက်တာတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံဖွား၊ အမေရိကန်နိုင်ငံသားအောင်လအန်ဆန်ဟာ 2019 International Fighter of the Year ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ အောင်လအဆန်ဆန်က သူ့ရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပြီး ဒီဆုရရှိဖို့အတွက် မဲပေးရွေးချယ်ပေးခဲ့သူအားလုံးကို ကျေးဇူး တင်ကြောင်းလည်း ရေးသားပြောဆိုခဲ့ပါတယ်။
အောင်လအန်ဆန်ဟာ ဒီဆုအတွက် ဆန်ခါတင်စာရင်းမှာ UFC နာမည်ကျော်တိုက်ခိုက်ရေးသမား ခါဘစ်၊ အီရန်နွယ်ဖွားဂီဂတ်မူဆာဆီ၊ အမေရိကန်တိုက်ခိုက်ရေးသမား ဒက်စတင်ပိုရီရာ၊ အမေရိကန်တိုက်ခိုက်ရေးသမားတစ်ဦးပဲဖြစ်တဲ့ ဒန်နီရယ်ကော်မီယာတို့နဲ့ ပြိုင်ဆိုင်ခဲ့ရတာဖြစ်ပြီးတော့ ဆုရရှိဖို့အတွက် ခက်ခက်ခဲခဲပြိုင်ဆိုင်ခဲ့ရဖွယ်ရှိခဲ့ပါတယ်။
ဒီဆုကို ပေးအပ်ချီးမြှင့်တာကတော့ Fighters Only Magazine က ဖြစ်ပြီး MMA တိုက်ခိုက်ရေးပွဲစဉ်တွေမှာ အကောင်းဆုံးတိုက်ခိုက်မှုတွေကို ပြုလုပ်နိုင်သူတွေကို ရွေးချယ်ခဲ့ပြီး အွန်လိုင်းကတဆင့် ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ MMA လောကရဲ့ နာမည်အကျော်ကြားဆုံးဆုတစ်ခုအဖြစ်လည်း ထင်ရှားတယ်လို့ သိရပါတယ်။
၂၀၀၈ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာဖြစ်ပြီး International Fighter of the Year ဆုကို အောင်လအန်ဆန်က ၂နှစ်ဆက်တိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဆုပေးခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ၂နှစ်ဆက်တိုက်ဆုရရှိမှုအဖြစ် အိုဗာရမ် နဲ့ ကွန်နာမက်ဂရီဂေါ်တို့ နှစ်ဦးတည်းသာ ရှိခဲ့ပြီး အခုချိန်မှာ အောင်လအန်ဆန်ကပါ ရရှိခဲ့တာဖြစ်လို့ ၃ဦးအထိ ဖြစ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
အောင်လအန်ဆန်ကတော့ ONE Championship ရဲ့ လိုက်ဟဲဗီးဝိတ်တန်း၊ မစ်ဒယ်ဝိတ်တန်းချန်ပီယံဖြစ်ပြီး နောက်ဆုံးထိုးသတ်ခဲ့မှုအဖြစ် ဘရန်ဒန်ဗီရာကို အလဲထိုးအနိုင်ယူကာ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ သူက လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဘွဲ့ကို စွန့်လွှတ်ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံအဖြစ်နဲ့သာ ဆက်လက်ထိုးသတ်သွားမှာဖြစ်ပါတယ်။

Source - duwun
<zawgyi>
2019 International Fighter of the Year ဆု ဆွတ်ခူးခဲ့တဲ့ မြန်မာဂုဏ်ဆောင် ဖိုက်တာကြီး အောင်လအန်ဆန်
Tuesday , January 14 , 2020

0 comments:
Post a Comment