Tuesday, January 21, 2020

AA အကြမ်းဖက်သောင်းကျန်းသူများ အမ်းမြို့နယ်တွင် မော်တော်ယာဉ် တစ်စီးအား မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းထုတ်ပြန်

Image may contain: outdoorImage may contain: bus, outdoor and nature

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-စစ်တွေသွား ကားလမ်းပေါ်ရှိ မဲလက်မောင်းကျေးရွာ အနီး၌ ဇန်နဝါရီ ၂၀ ရက် နံနက်၉ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက မော်တော်ယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီး ၍ ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ စစ်တွေသို့ ပြေးဆွဲလျက်ရှိသည့် ရွှေကံ့ကော်ယာဉ်လိုင်းမှ ယာဉ်မောင်း ဝေပိုင်မိုး (ဘ) ဒုတိယအရာခံဗိုလ် ကျော်မိုး၊ မှော်ဘီမြို့နေသူ မောင်းနှင်လာသည့် ဟွန်ဒိုင်းအမျိုးအစား ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာစဉ် ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီခန့်တွင် မဲလက်မောင်းကျေးရွာအနီး မိုင်တိုင်အမှတ်၊ ၁၈ မိုင် ၄ ဖာလုံနေရာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းများနှင့် ယာဉ်အား မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမ်းမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူအား ပြန်လည်ရရှိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
<zawgyi>
AA အကြမ်းဖက်သောင်းကျန်းသူများ အမ်းမြို့နယ်တွင် မော်တော်ယာဉ် တစ်စီးအား မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းထုတ်ပြန်
Wednesday , January 22 , 2020

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-စစ်တွေသွား ကားလမ်းပေါ်ရှိ မဲလက်မောင်းကျေးရွာ အနီး၌ ဇန်နဝါရီ ၂၀ ရက် နံနက်၉ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက မော်တော်ယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီး ၍ ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ စစ်တွေသို့ ပြေးဆွဲလျက်ရှိသည့် ရွှေကံ့ကော်ယာဉ်လိုင်းမှ ယာဉ်မောင်း ဝေပိုင်မိုး (ဘ) ဒုတိယအရာခံဗိုလ် ကျော်မိုး၊ မှော်ဘီမြို့နေသူ မောင်းနှင်လာသည့် ဟွန်ဒိုင်းအမျိုးအစား ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာစဉ် ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီခန့်တွင် မဲလက်မောင်းကျေးရွာအနီး မိုင်တိုင်အမှတ်၊ ၁၈ မိုင် ၄ ဖာလုံနေရာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းများနှင့် ယာဉ်အား မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမ်းမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူအား ပြန်လည်ရရှိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

0 comments:

Post a Comment