AA လက်နက်ကိုင်အဖွဲ့ဝင်များ နှင့် ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သူများကို ဇန်နဝါရီလ ၂၁ ရက်နေ့က မန္တလေးခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ (၃) ဦးအား စစ်ဆေးခဲ့သည် ။
စစ်ဆေးရာတွင် ရဲအုပ် ထင်လင်းကျော် ၊ အကွက်မှူး ဦးစိုတင့် နှင့် ရှာဖွေသက်သေ ဦးတင်ဦးလေး တို့ကို စစ်ဆေးခဲ့ပြီး ရှာဖွေသက်သေ ဦးလှမြင့် ကို ပယ်ခဲ့ကာ အမှုတွင်တရားလိုပြသက်သေ ၂၃ ဦးရှိသည့်အနက် ၆ ဦး စစ်ဆေးပြီးဖြစ်ကြောင်း သိရသည် ။
"ဒီကနေ့ကတော့ ရှာဖွေတဲ့ အခြေအနေတွေကို စစ်တယ် ။ ရုံးချိန်းက ကိုးချိန်းမြောက်ရှိသွားပြီ ။ နောက်တစ်ပတ်ရုံးချိန်းကို ဖေဖော်ဝါရီလ လေးရက်နေ့ ထပ်ချိန်းပေးခဲ့တယ်" ဟု ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး ၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော် က ပြောသည် ။
ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ရပ်ကွက်ရှိ လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသား (၄) ဦးနှင့်အတူ ဖောက်ကွဲဖျက်ဆီးရာတွင်အသုံးပြုသောပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို စက်တင် ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် အမှုနှင့်ပတ်သက်၍ နောက်ထပ် (၂) ဦး ကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရန် (၃) ဦးကျန်ရှိနေကာ တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည် ။
ဖမ်းဆီးရမိသူများနှင့်အတူ သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ဖြစ်သည်။
ဖမ်းဆီးရမိသူများဖြစ်သော AA တပ်ဖွဲ့မှ ဒုရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် မြတ်ခိုင်၊ ကျောက်အရောင်းအဝယ် လုပ်ကိုင်သည့် မိုးကျော် (ခ) ဦးမိုးကျော် နှင့် ဝင်းသိန်း၊ ကားဂိတ်မှ ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ)/၅၂(က) တို့ဖြင့် တရားရုံးစွဲတင်ခြင်းဖြစ်သည် ။
တရားခံပြေးသုံးဦးမှာ ဖြိုးဝေ (ခ) ကိုဖြိုး၊ မောင်မောင်စိုး နှင့် မဦးသန်းခင် တို့ ဖြစ်ပြီး မန္တလေးခရိုင်တရားရုံး ၏ ရာဇဝတ် အထွေထွေမှုအမှတ် ၇၄/၂၀၁၉ ဖြင့် လက်ခံထားပြီး အမှုကြီးနှင့်အတူ ပူးတွဲစစ်ဆေးနေကြောင်း သိရသည် ။
Ref ; The Fifth Wave News
<zawgyi>
AA လက်နက်ကိုင်အဖွဲ့ဝင်များကို ဖမ်းဆီးမှူပါ လိုပြသက်သေများကို စစ်ဆေး
Wednesday , January 22 , 2020

0 comments:
Post a Comment