Thursday, January 9, 2020

ရေးမြို့နယ်‌ နေအိမ်တလုံး၌ အမျိုးသား ၁ ဦးအား ပြောက်ကျားဝတ် ၂ ဦးက သေနတ်ဖြင့်ပစ်သတ်

Image may contain: 1 person, sitting and indoor

မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင်ရွာက နေအိမ်တလုံးမှာ အမျိုးသားတဦး ပြောက်ကျားဝတ်နှစ်ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်လောက်မှာ အဲဒီရွာက အိမ်အမှတ် ၉၀ မှာနေတဲ့ အသက် ၅၆ နှစ်အရွယ် ဦးဇော်မင်းဟာ နေအိမ်မှာရှိချိန် ဆိုင်ကယ်နဲ့ရောက်လာသူ ပြောက်ကျားဝတ်အမျိုးသား ၂ ဦးအနက် တဦးက အနီးကပ် သုံးချက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
သေနတ်နဲ့ပစ်ခံရတဲ့ ဦးဇော်မင်းဟာ ဘယ်ဘက်ဝမ်းဗိုက်ပေါက်ထွက်ဒဏ်ရာ (၁)ချက်၊ ညာဒူးပေါက်ထွက်ဒဏ်ရာ (၁)ချက်နဲ့ ဘယ်ခြေမျက်စိအပေါ်ပေါက်ထွက်ဒဏ်ရာ (၁)ချက်တို့ရ ရှိခဲ့ ပြီး ရေးမြို့ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ်တက်ရောက်ကုသနေတယ်လို့ ရေးမြို့မ ရဲ စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။
ရေးမြို့ အောင်သုခရပ်ကွက်နေ ဦးအောင်ခိုင်က “ရေးမြို့နဲ့ ၁ မိုင်ကျော်လောက်အကွာအ ဝေးလေးမှာ ခုလိုသေနတ်နဲ့ ဝတ်စုံနဲ့ လာရောက်ပစ်ခတ်တာက တရားဥပဒေစိုးမိုးရေးအတွက် စိုးရိမ်စရာပါပဲ။ တာဝန်ရှိသူတွေ သေချာကြပ်မတ်ဆောင်ရွက်ဖို့ သတိပေးလိုက်သလိုပါပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ရေးမြို့နယ်ရဲတပ်ဖွဲ့က တရားခံအမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးနေပါတယ်။
Ref ; DVB
<zawgyi>
ရေးမြို့နယ်‌ နေအိမ်တလုံး၌ အမျိုးသား ၁ ဦးအား ပြောက်ကျားဝတ် ၂ ဦးက သေနတ်ဖြင့်ပစ်သတ်
Friday , January 10 , 2020

မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင်ရွာက နေအိမ်တလုံးမှာ အမျိုးသားတဦး ပြောက်ကျားဝတ်နှစ်ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်လောက်မှာ အဲဒီရွာက အိမ်အမှတ် ၉၀ မှာနေတဲ့ အသက် ၅၆ နှစ်အရွယ် ဦးဇော်မင်းဟာ နေအိမ်မှာရှိချိန် ဆိုင်ကယ်နဲ့ရောက်လာသူ ပြောက်ကျားဝတ်အမျိုးသား ၂ ဦးအနက် တဦးက အနီးကပ် သုံးချက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
သေနတ်နဲ့ပစ်ခံရတဲ့ ဦးဇော်မင်းဟာ ဘယ်ဘက်ဝမ်းဗိုက်ပေါက်ထွက်ဒဏ်ရာ (၁)ချက်၊ ညာဒူးပေါက်ထွက်ဒဏ်ရာ (၁)ချက်နဲ့ ဘယ်ခြေမျက်စိအပေါ်ပေါက်ထွက်ဒဏ်ရာ (၁)ချက်တို့ရ ရှိခဲ့ ပြီး ရေးမြို့ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ်တက်ရောက်ကုသနေတယ်လို့ ရေးမြို့မ ရဲ စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။
ရေးမြို့ အောင်သုခရပ်ကွက်နေ ဦးအောင်ခိုင်က “ရေးမြို့နဲ့ ၁ မိုင်ကျော်လောက်အကွာအ ဝေးလေးမှာ ခုလိုသေနတ်နဲ့ ဝတ်စုံနဲ့ လာရောက်ပစ်ခတ်တာက တရားဥပဒေစိုးမိုးရေးအတွက် စိုးရိမ်စရာပါပဲ။ တာဝန်ရှိသူတွေ သေချာကြပ်မတ်ဆောင်ရွက်ဖို့ သတိပေးလိုက်သလိုပါပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ရေးမြို့နယ်ရဲတပ်ဖွဲ့က တရားခံအမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးနေပါတယ်။
Ref ; DVB

0 comments:

Post a Comment