Monday, January 27, 2020

ဓားထောက် ခြိမ်းခြောက်၍ ပစ္စည်း လုယက်သူ ( ၉) ဦးအား မုံရွာခရိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူ

Image may contain: 1 person, standingImage may contain: one or more people and outdoor

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်တွင် ညအချိန် လမ်းသွားလမ်းလာများအား ဓါးထောက် ခြိမ်းခြောက်၍ ပစ္စည်း လုယက်သူ လူ(၉) ဦးအား ဇန္နဝါရီ ၂၅ ရက်နေ့က ဖမ်းဆီးရရှိကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်ထံမှ သိရသည်။

မုံရွာမြို့ ပြည်ထောင်စုလမ်း ၊ ဗိုလ်ချုပ်လမ်း ၊ ကန္နားလမ်း နှင့် ကန်သာယာ အနီးဝန်းကျင်တွင် သွားလာလျက်ရှိ သူများကို အုပ်စုဖွဲ့ လူငယ်(၉) ဦးမှ ဆိုင်ကယ်များ စီးနင်း၍ ဓါးထောက် ခြိမ်းခြောက်ကာ လက်ကိုင်ဖုန်း ၊ လက် ကိုင်ပိုက်ဆံအိတ်များနှင့် ဆိုင်ကယ်များကို လိုက်လံ လုယက်ခဲ့ခြင်းဖြစ်သည်။
ပစ္စည်း လိုက်လံ လုယက်သူ လူ(၉) ဦးအနက် (၆) ဦးမှာ ယခင် လုယက်မှုများဖြင့် တရားစွဲဆိုခံထားရသူများဖြစ် သည်။ ထို့အပြင် အသက် (၂၀) နှစ် ပြည့်ပြီးသူ (၂) ဦးသာလျင် ပါဝင်ပြီး ကျန် (၇) ဦးမှာ အသက် (၁၈) နှစ် အောက် လူငယ်များဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
မုံရွာခရိုင် မှုခင်းနှိမ်နင်းရေး အဖွဲ့၏ စစ်ဆေးပေါ်ချက်များအရ လက်ကိုင်ဖုန်း ( ၁၀) လုံး ၊ ဆိုင်ကယ် (၅) စီး ၊ ရွှေ ထည်ပစ္စည်းများ နှင့် လုယက်ရာတွင် အသုံးပြုသော ဓါး(၂) လက်တို့ကို ရဲအုပ် ညိုသက်ဝင်းမှ ရပ်ကွက်အုပ် ရေးမှူးများ ရှေ့မှောက်တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှာဖွေသိမ်းဆီးခဲ့သည်။
အဆိုပါ လုယက်သူများကို မုံရွာမြို့မရဲစခန်းမှ (ပ) ၁၅၉ / ၂၀၂၀ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး လုယက်ခံရသူများ အမြန်ဆုံး ပစ္စည်းများပြန်လည် ရရှိနိုင် ရေးအတွက် ရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်မှ ကူညီဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ကိုတိုးကြီး ( မုံရွာ)
<zawgyi>

0 comments:

Post a Comment