Sunday, January 26, 2020

ကမ္ဘာ့အကြီးဆုံး အင်ဂျင်နှစ်လုံးတပ် လေယာဉ် ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်း

Image may contain: sky and outdoorImage may contain: sky, airplane and outdoor

ကမ္ဘာ့အကြီးဆုံး အင်ဂျင်နှစ်လုံးတပ် ဂျက်လေယာဉ် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။
လေကြောင်းခရီးစဉ်တွေမှာ ၂၀၂၁ ခုနှစ်အတွင်း စတင်အသုံးပြုသွားရန် ရည်ရွယ်ထားပါတယ်။

Boeing လေယာဥ်ကုမ္ပဏီရဲ့ 777X လေယာဉ်ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို ဇန်နဝါရီ ၂၅ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၉ မိနစ်က ဆီယက်တဲလ်မြို့အပြင်ဘက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မွန်းလွဲ ၂ နာရီမှာ မြေပြင်သို့ ပြန်လည်ဆင်းသက်ခဲ့ကြောင်း သိရပါတယ်။ ယခု သီတင်းပတ်အစောပိုင်းက Boeing 777X လေယာဉ် စမ်းသပ်ပျံသန်းရန် နှစ်ကြိမ် စီစဉ်ခဲ့သေးပေမဲ့ လေပြင်းများတိုက်ခတ်မှုကြောင့် အစီအစဉ် ဖျက်သိမ်းခဲ့ရပါတယ်။
Boeing ရဲ့ အဆိုအရ ယခုလေယာဥ်ကို ရှေ့ပြေးစမ်းသပ်ပျံသန်းမှုတွေ လအတန်ကြာ လုပ်ဆောင်သွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း Emirates လေကြောင်းလိုင်းရဲ့ လေယာဉ်အုပ်စုမှာ အသုံးပြုရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။ စမ်းသပ်ပျံသန်းခဲ့တဲ့ လေယာဥ်ဟာ Boeing ရဲ့ အောင်မြင်ခဲ့တဲ့ 777 mini-jumbo အမျိုးအစားထက် ပိုမိုကြီးမားပါတယ်။ ၂၅၂ ပေရှည်တဲ့ ယခုလေယာဉ်ကြီးရဲ့ တရားဝင်အမည်ကို 777-9 လို့ သတ် မှတ်သွားမှာ ဖြစ်ပါတယ်။ သို့သော် လေယာဉ်တည်ဆောက်နေစဉ်သုံးနှုန်းခေါ်ဝေါ်ခဲ့ကြတဲ့ 777X အမည်ဖြင့်သာ ပိုမို လူသိများပါတယ်။
777X လေယာဉ် ၃၀၉ စီးကို ရောင်းချထားပြီးဖြစ်တယ်လို့ Boeing က ဆိုပါတယ်။ Boeing က ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး အင်ဂျင်နှစ်လုံးတပ် လေယာဉ် 777X တစ်စီးရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၄၂ သန်းဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။
Boeing က 777X လေယာဉ်ကို ပြိုင်ဘက် Airbus ကုမ္ပဏီက လတ်တလော မိတ်ဆက်ခဲ့တဲ့ A350-100 အမျိုးအစား ‌လေယာဉ်နဲ့ ယှဉ်ပြိုင်သွားရန် ရည် ရွယ်တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။ Airbus A350-100 လေယာဉ်မှာ ခရီးသည် ၃၆၀ လိုက်ပါနိုင်ကြောင်း သိရပါတယ်။ ကမ္ဘာ့လေယာဉ်ဈေး ကွက်မှာ Boeing နဲ့ Airbus တို့ကြား ဈေးကွက်ယှဉ်ပြိုင်မှုတွေ အကြိတ်အ နယ်ရှိနေခဲ့ပါတယ်။
Image may contain: airplane, sky and outdoor
Image may contain: airplane
Ref ; Duwun
<zawgyi>
ကမ္ဘာ့အကြီးဆုံး အင်ဂျင်နှစ်လုံးတပ် လေယာဉ် ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်း
Monday, January 27, 2020

ကမ္ဘာ့အကြီးဆုံး အင်ဂျင်နှစ်လုံးတပ် ဂျက်လေယာဉ် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။
လေကြောင်းခရီးစဉ်တွေမှာ ၂၀၂၁ ခုနှစ်အတွင်း စတင်အသုံးပြုသွားရန် ရည်ရွယ်ထားပါတယ်။

Boeing လေယာဉ်ကုမ္ပဏီရဲ့ 777X လေယာဉ်ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို ဇန်နဝါရီ ၂၅ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၉ မိနစ်က ဆီယက်တဲလ်မြို့အပြင်ဘက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မွန်းလွဲ ၂ နာရီမှာ မြေပြင်သို့ ပြန်လည်ဆင်းသက်ခဲ့ကြောင်း သိရပါတယ်။ ယခု သီတင်းပတ်အစောပိုင်းက Boeing 777X လေယာဉ် စမ်းသပ်ပျံသန်းရန် နှစ်ကြိမ် စီစဉ်ခဲ့သေးပေမဲ့ လေပြင်းများတိုက်ခတ်မှုကြောင့် အစီအစဉ် ဖျက်သိမ်းခဲ့ရပါတယ်။
Boeing ရဲ့ အဆိုအရ ယခုလေယာဉ်ကို ရှေ့ပြေးစမ်းသပ်ပျံသန်းမှုတွေ လအတန်ကြာ လုပ်ဆောင်သွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း Emirates လေကြောင်းလိုင်းရဲ့ လေယာဉ်အုပ်စုမှာ အသုံးပြုရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။ စမ်းသပ်ပျံသန်းခဲ့တဲ့ လေယာဉ်ဟာ Boeing ရဲ့ အောင်မြင်ခဲ့တဲ့ 777 mini-jumbo အမျိုးအစားထက် ပိုမိုကြီးမားပါတယ်။ ၂၅၂ ပေရှည်တဲ့ ယခုလေယာဉ်ကြီးရဲ့ တရားဝင်အမည်ကို 777-9 လို့ သတ် မှတ်သွားမှာ ဖြစ်ပါတယ်။ သို့သော် လေယာဉ်တည်ဆောက်နေစဉ်သုံးနှုန်းခေါ်ဝေါ်ခဲ့ကြတဲ့ 777X အမည်ဖြင့်သာ ပိုမို လူသိများပါတယ်။
777X လေယာဉ် ၃၀၉ စီးကို ရောင်းချထားပြီးဖြစ်တယ်လို့ Boeing က ဆိုပါတယ်။ Boeing က ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး အင်ဂျင်နှစ်လုံးတပ် လေယာဉ် 777X တစ်စီးရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၄၂ သန်းဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။
Boeing က 777X လေယာဉ်ကို ပြိုင်ဘက် Airbus ကုမ္ပဏီက လတ်တလော မိတ်ဆက်ခဲ့တဲ့ A350-100 အမျိုးအစား ‌လေယာဉ်နဲ့ ယှဉ်ပြိုင်သွားရန် ရည် ရွယ်တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။ Airbus A350-100 လေယာဉ်မှာ ခရီးသည် ၃၆၀ လိုက်ပါနိုင်ကြောင်း သိရပါတယ်။ ကမ္ဘာ့လေယာဉ်ဈေး ကွက်မှာ Boeing နဲ့ Airbus တို့ကြား ဈေးကွက်ယှဉ်ပြိုင်မှုတွေ အကြိတ်အ နယ်ရှိနေခဲ့ပါတယ်။
Ref ; Duwun

0 comments:

Post a Comment