Saturday, January 11, 2020

ထီဈေးနှုန်းမြှင့်တင်ရောင်းချမှုကို ထိန်းချုပ်နိုင်ရန် ထီလက်မှတ်များကို အွန်လိုင်းတွင်ရောင်းချရန် အစိုးရစီစဉ်

No photo description available.Image may contain: outdoor

ဈေးကွက်ထဲတွင် ထီဈေးနှုန်းမြှင့်တင်ရောင်းချမှုကို ထိန်းချုပ်နိုင်ရန် ၂၀၂၀ ပြည့်နှစ်အတွင်း ထီလက်မှတ်များကို အွန်လိုင်းပေါ်မှတစ်ဆင့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲသည် အီလက်ထရွန်နစ်ထီ စတင်ရန် ပြင်ဆင်နေပြီး ယခုလအတွင်း အဆိုပါထီစနစ်နိုင် စတင်ရန် ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကာ လက်ရှိရောင်းချသည့် ထီလက်မှတ်ကို အွန်လိုင်းပေါ်မှတစ်ဆင့် ရောင်းချရန်လည်း ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့အွန်လိုင်းက တင်ရောင်းတာက ၂၀၂၀ အတွင်းမှာ ဖြစ်နိုင်တယ်။ အားလုံးကလည်း သဘောတူရင်ဖြစ်နိုင်တယ်။ တချို့တွေလည်း ကြိုးစားနေကြပြီ။ တချို့က ဆော့ဝဲလ်တွေ လုပ်ထားတာလည်း ရှိနေပြီ။ လုပ်မယ်ဆိုရင် အွန်လိုင်းပေါ်တင်ထားမယ်။ ရောင်းမယ်။ ထိုးချင်တဲ့ သူက အွန်လိုင်းပေါ်က ထိုးပေါ့”ဟု ၎င်းက ပြောဆိုသည်။
ပထမအဆင့်အက္ခရာတစ်လုံးကို စတင်ရောင်းချမည်ဖြစ်ပြီး ရောင်းအားကောင်းပါက အက္ခရာနှစ်လုံး၊ သုံးလုံး တိုးချဲ့ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အွန်လိုင်းပေါ်တွင် ထီလက်မှတ်တင်ထားမည်ဖြစ်ပြီး မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် ကံစမ်းနိုင်မည်ဖြစ်ကြောင်း၊ ထီ အက္ခရာနှင့် နံပါတ်များကို ထီကံစမ်းသူ၏ မိုဘိုင်းလ်ဖုန်းသို့ ပေးပို့သွားမည်ဖြစ်ကာ ထီဆုကံထူးပါက မိုဘိုင်းလ်ဖုန်းမှ အသိပေးစာပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကျသင့်ငွေကို ဖုန်းထဲမှ ဖြတ်တောက်မည်ဖြစ်သဖြင့် ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်နိုင်သကဲ့သို့ ထီပေါက်ပါက မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် အသိပေးမည်ဖြစ်ခြင်းကြောင့် ထီဆုပေါက်ပြီး ဆုငွေလာရောက် မထုတ်ယူသော ပြဿနာများ လျော့ပါးနိုင်ကြောင်း ၎င်းက ပြောကြားသည်။
လက်ရှိတွင် အမြင့်ဆုံးဆုကြေးငွေကျပ် သိန်းတစ်သောင်းခွဲအထိ ချီးမြှင့်မည့် ထီလက်မှတ်ကို ဈေးကွက်ထဲတွင်ကျပ်တစ်ထောင်ဖြင့် ရောင်းချရန် သတ်မှတ်ထားသော်လည်း ထီပင်ရင်းဆိုင်များ၊ လက်လီအရောင်းဆိုင်များက ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းကြောင့် သတ်မှတ်ထီဈေးထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ဈေးပိုပေးနေရကြောင်း ထီကံစမ်းသူများက ပြောကြားသည်။
Source:TheVoice #Myanmar_Online_News
<<Zawgyi>>
ထီဈေးနှုန်းမြှင့်တင်ရောင်းချမှုကို ထိန်းချုပ်နိုင်ရန် ထီလက်မှတ်များကို အွန်လိုင်းတွင်ရောင်းချရန် အစိုးရစီစဉ်
Sunday,January 12 ,2019

0 comments:

Post a Comment