Sunday, January 19, 2020

စက်ပစ္စည်းများနှင့် ဝန်ထမ်းတိုးမလာခြင်းတို့ကြောင့်ဖြစ်၍ ရန်ကုန်ရှိဆေးရုံကြီးများတွင် ဓာတ်ရောင်ခြည်ကင်ဆာကုသမှုနှင့် ကျောက်ကပ်ဆေးရန် လူနာတစ်ဦး ၈ လမှ ၁ နှစ်အထိစောင့်ဆိုင်းနေရ

Image may contain: sky, tree, house and outdoor
ရန်ကုန်တိုင်း စာရင်းစစ်ချုပ်၏ ၂ဝ၁၇-၂ဝ၁၈၊ ဘဏ္ဍာရေးနှစ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ (အကျဉ်းချုပ်) အပေါ် တိုင်းလွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာကို ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သော လွှတ်တော်တွင် ဖတ်ကြားရှင်းလင်းခဲ့ရာ ကော်မတီ၏ အစီရင်ခံစာတွင် ယင်းသို့ထည့်သွင်း ထားခြင်းဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ယခုအခါ ဓာတ်ရောင်ခြည်ကင်ဆာကုစက် (အသစ် ၂လုံး၊ အဟောင်း ၂လုံး) ၄ လုံးရှိနေပြီး အဟောင်း ၂ လုံးမှာ မကြာခဏ စက်ချို့ယွင်းနေသည့်အတွက် ဓာတ်ရောင်ခြည်ကင်ဆာကုသရန် စောင့်ဆိုင်းရချိန်မှာ ရင်သားကင်ဆာလူနာများအတွက် ၈ လနှင့် အခြားဓာတ်ရောင်ခြည်ကင်ဆာကုသရန် စောင့်ဆိုင်းရချိန်မှာ ၄ လ အထက်ရှိနေကြောင်း ကော်မတီ၏သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျောက်ကပ်ဆေးရန် လိုအပ်သော လူနာများကို ရန်ကုန် ခုတင် ၅ဝဝ ဆံ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးနှင့် မြောက်ဥက္ကလာပအထွေ ထွေရောဂါကုဆေးရုံကြီးတို့တွင် လက်ခံကုသပေးလျက်ရှိရာ လူနာများမှာလည်း တနှစ်ထက်တနှစ် ပိုမိုများပြားလာကြောင်း ကော်မတီ၏သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူနာတဦး ကျောက်ကပ်ဆေးရန်အတွက် ရန်ကုန်ခုတင် ၅ဝဝ ဆံ့ဆေးရုံတွင် ၆ လမှ တနှစ်ခန့်၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွင် ၆ လမှ ၈ လ ခန့်၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးတွင် ၁၁ လခန့်အထိ အသီးသီးကြာမြင့်နေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းသို့ စောင့်ဆိုင်းကာလကြာမြင့်ခြင်းမှာ လူနာဦးရေတိုးလာသော်လည်း ကျောက်ကပ်ဆေးစက်နှင့် ဝန်ထမ်းတိုးမလာခြင်းတို့ကြောင့်ဖြစ်၍ ကျောက်ကပ်ဆေးစက်အတွက် ဆေးရုံနေရာ ကျောက်ကပ်ဆေးစက်နှင့် ရေသန့်စက်များအပါအဝင် အခြားဆေးဘက်ဆိုင်ရာပစ္စည်းမြား၊ ဆရာဝနျနှငျ့သူနာပွုဝနျထမျးမြား ပွညျ့စုံစှာ ဆောငျရှကျပေးရနျလိုအပျကွောင်း ပြည်သူ့ငွေစာရင်းကော်မတီက အကြံပြုထားသည်။
Source- ကိုလင်း #Myanmar_Online_News

<zawgyi>

စက်ပစ္စည်းများနှင့် ဝန်ထမ်းတိုးမလာခြင်းတို့ကြောင့်ဖြစ်၍ ရန်ကုန်ရှိဆေးရုံကြီးများတွင် ဓာတ်ရောင်ခြည်ကင်ဆာကုသမှုနှင့် ကျောက်ကပ်ဆေးရန် လူနာတစ်ဦး ၈ လမှ ၁ နှစ်အထိစောင့်ဆိုင်းနေရ
Monday , January 20 , 2020

ရန်ကုန်တိုင်း စာရင်းစစ်ချုပ်၏ ၂ဝ၁၇-၂ဝ၁၈၊ ဘဏ္ဍာရေးနှစ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ (အကျဉ်းချုပ်) အပေါ် တိုင်းလွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာကို ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သော လွှတ်တော်တွင် ဖတ်ကြားရှင်းလင်းခဲ့ရာ ကော်မတီ၏ အစီရင်ခံစာတွင် ယင်းသို့ထည့်သွင်း ထားခြင်းဖြစ်သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ယခုအခါ ဓာတ်ရောင်ခြည်ကင်ဆာကုစက် (အသစ် ၂လုံး၊ အဟောင်း ၂လုံး) ၄ လုံးရှိနေပြီး အဟောင်း ၂ လုံးမှာ မကြာခဏ စက်ချို့ယွင်းနေသည့်အတွက် ဓာတ်ရောင်ခြည်ကင်ဆာကုသရန် စောင့်ဆိုင်းရချိန်မှာ ရင်သားကင်ဆာလူနာများအတွက် ၈ လနှင့် အခြားဓာတ်ရောင်ခြည်ကင်ဆာကုသရန် စောင့်ဆိုင်းရချိန်မှာ ၄ လ အထက်ရှိနေကြောင်း ကော်မတီ၏သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျောက်ကပ်ဆေးရန် လိုအပ်သော လူနာများကို ရန်ကုန် ခုတင် ၅ဝဝ ဆံ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးနှင့် မြောက်ဥက္ကလာပအထွေ ထွေရောဂါကုဆေးရုံကြီးတို့တွင် လက်ခံကုသပေးလျက်ရှိရာ လူနာများမှာလည်း တနှစ်ထက်တနှစ် ပိုမိုများပြားလာကြောင်း ကော်မတီ၏သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူနာတဦး ကျောက်ကပ်ဆေးရန်အတွက် ရန်ကုန်ခုတင် ၅ဝဝ ဆံ့ဆေးရုံတွင် ၆ လမှ တနှစ်ခန့်၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွင် ၆ လမှ ၈ လ ခန့်၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးတွင် ၁၁ လခန့်အထိ အသီးသီးကြာမြင့်နေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းသို့ စောင့်ဆိုင်းကာလကြာမြင့်ခြင်းမှာ လူနာဦးရေတိုးလာသော်လည်း ကျောက်ကပ်ဆေးစက်နှင့် ဝန်ထမ်းတိုးမလာခြင်းတို့ကြောင့်ဖြစ်၍ ကျောက်ကပ်ဆေးစက်အတွက် ဆေးရုံနေရာ ကျောက်ကပ်ဆေးစက်နှင့် ရေသန့်စက်များအပါအဝင် အခြားဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ဆရာဝန်နှင့်သူနာပြုဝန်ထမ်းများ ပြည့်စုံစွာ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီက အကြံပြုထားသည်။
Source- ကိုလင်း #Myanmar_Online_News

0 comments:

Post a Comment