Sunday, January 26, 2020

တရုတ်နိုင်ငံတွင်ကူးစက်ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်လူနာတစ်ဦးအား ပထမဆုံး ကုသပျောက်ကင်း

Image may contain: one or more people

ဝူဟန်မြို့ကို ဗဟိုပြု၍ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ပြီး နောက် ပထမဆုံး လူနာတစ်ဦး ကုသပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ရှန်ဟိုင်း မြူနီစီပယ် ကျန်းမာရေးကော်မရှင်က ပြောကြားသည်။

ချန်ဟုခေါ်သော အသက် (၅၆)နှစ်အရွယ် အမျိုးသမီးသည် ယင်းရောဂါဖြစ်ပွားနေရာမှ ကုသ ပျောက်ကင်းခဲ့သည်။
မစ္စစ်ချန်သည် ယင်းဗိုင်း ရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့တွင် နေထိုင်သူဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်က တုပ်ကွေးကဲ့သို့ ရောဂါ လက္ခဏာများ ခံစားခဲ့ရကာ ဇန်နဝါရီ ၁၂ ရက်က ၎င်းကို ဆေးရုံ တင်ခဲ့သည်။
ဆေးဝါးကုသမှု သီတင်းနှစ် ပတ်နီးပါး ခံယူပြီးနောက် ရောဂါ ကင်းစင်ပြီဖြစ်ကာ ၎င်းကို ဆေးရုံ မှ ဆင်းခွင့်ပြုလိုက်ပြီဟု ရှန်ဟိုင်း ကျန်းမာရေးကော်မရှင်က ပြော သည်။
တရုတ်ဆရာဝန်များက ကိုရိုနာဗိုင်းရပ်စ် ကုသရာတွင် HIV ဆေးများဖြင့် ကုသနေပြီး အခြား ဆဲလ်များသို့ ရောဂါမပျံ့နှံ့အောင် တားဆီးနိုင်ကြောင်း Nelfinavir ဟုခေါ်သောဆေးက ဆဲလ်များမှ ဗိုင်းရပ်စ်ပိုး ထုတ်လုပ်မှုများကို လျော့ပါးစေနိုင်ကြောင်း လေ့လာ မှုတစ်ရပ်က ဖော်ပြသည်။
Source - 7day
<zawgyi>
တရုတ်နိုင်ငံတွင်ကူးစက်ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်လူနာတစ်ဦးအား ပထမဆုံး ကုသပျောက်ကင်း
Monday, January 27, 2020

ဝူဟန်မြို့ကို ဗဟိုပြု၍ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ပြီး နောက် ပထမဆုံး လူနာတစ်ဦး ကုသပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ရှန်ဟိုင်း မြူနီစီပယ် ကျန်းမာရေးကော်မရှင်က ပြောကြားသည်။
ချန်ဟုခေါ်သော အသက် (၅၆)နှစ်အရွယ် အမျိုးသမီးသည် ယင်းရောဂါဖြစ်ပွားနေရာမှ ကုသ ပျောက်ကင်းခဲ့သည်။
မစ္စစ်ချန်သည် ယင်းဗိုင်း ရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့တွင် နေထိုင်သူဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်က တုပ်ကွေးကဲ့သို့ ရောဂါ လက္ခဏာများ ခံစားခဲ့ရကာ ဇန်နဝါရီ ၁၂ ရက်က ၎င်းကို ဆေးရုံ တင်ခဲ့သည်။
ဆေးဝါးကုသမှု သီတင်းနှစ် ပတ်နီးပါး ခံယူပြီးနောက် ရောဂါ ကင်းစင်ပြီဖြစ်ကာ ၎င်းကို ဆေးရုံ မှ ဆင်းခွင့်ပြုလိုက်ပြီဟု ရှန်ဟိုင်း ကျန်းမာရေးကော်မရှင်က ပြော သည်။
တရုတ်ဆရာဝန်များက ကိုရိုနာဗိုင်းရပ်စ် ကုသရာတွင် HIV ဆေးများဖြင့် ကုသနေပြီး အခြား ဆဲလ်များသို့ ရောဂါမပျံ့နှံ့အောင် တားဆီးနိုင်ကြောင်း Nelfinavir ဟုခေါ်သောဆေးက ဆဲလ်များမှ ဗိုင်းရပ်စ်ပိုး ထုတ်လုပ်မှုများကို လျော့ပါးစေနိုင်ကြောင်း လေ့လာ မှုတစ်ရပ်က ဖော်ပြသည်။
Source - 7day

0 comments:

Post a Comment