Tuesday, January 28, 2020

ကင်ညာနိုင်ငံ လယ်ယာမြေများတွင် ကျိုင်းကောင်များ သန်းချီးကျရောက်နေသောကြောင့် ဒေသခံများ အငတ်ဘေးရင်ဆိုင်နေရ

Image may contain: plant, sky, bird, outdoor and natureImage may contain: 1 person, plant, flower, outdoor and nature

အကောင်ရေ သန်းပေါင်းရာချီသော ကျိုင်းကောင်များ ကင်ညာနိုင်ငံတွင် ကျရောက်လျှက်ရှိရာ နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံးသော ကျိုင်းကောင်ကျရောက်ခြင်းဖြစ်ပြီး၊ စိုက်ခင်းများကို ကျိုင်းကောင်များက စားသောက်ဖျက်ဆီးလိုက်ကြသဖြင့် ဒေသခံများမှာ အငတ်ဘေးရင်ဆိုင်နေရသည်။

အဆိုပါ ကျိုင်းကောင်များမှာ ကန္တာရကျိုင်းကောင်အမျိုးအစားဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အီသီယိုပီးယားနှင့် ဆိုမာလီနိုင်ငံများမှ ကူးစက်ပြန့်နှံ့လာခြင်းဖြစ်သည်။ အီသီယိုပီးယားနှင့် ဆိုမာလီနိုင်ငံတို့တွင်လည်း ရာစုနှစ်လေးပုံတစ်ပုံအတွင်း အဆိုးရွားဆုံးသော ကျိုင်းကောင်ကျရောက်မှုဖြစ်ခဲ့သည်။
”နွားတွေတောင် လန့်နေကြတယ်။ ဖူးစားပြောင်း၊ နှံစားပြောင်း၊ ပဲခင်း အကုန် သူတို့စားပစ်ကြတာပဲ”ဟု ပြီးခဲ့သည့် သောကြာနေ့က သူ့ယာမြေအတွင်းဝင်ရောက်လာသည့် ကျိုင်းကောင်များအား ခြောက်လှန့်မောင်းထုတ်ခဲ့ရသူ Ndunda Makanga ကပြောသည်။
လယ်ယာသမားများသည် အိုးခွက်များကိုဆူညံအောင်တီးခြင်း၊ ရဲတပ်ဖွဲ့ဝင်များက သေနပ်များဖောက်ခြင်း၊ မျက်ရည်ယိုဗုံးများပစ်လွှတ်ခြင်း စသည့်နည်းလမ်းပေါင်းစုံဖြင့် ကျိုင်းကောင်များအား မောင်းနှင်ခြောက်လှန့်ထုတ်နေရကြောင်း ကင်ညာ မီဒီယာများတွင် ဖော်ပြထားသည်။
ယခုကျရောက်သော ကျိုင်းကောင်များသည် ယာမြေ ၁၇၂၉၇၃ ဧကခန့်ကို ဝင်ရောက်စားသောက်ကြခြင်းဖြစ်ပြီး၊ ဒေသခံများအတွက် စားနပ်ရိက္ခာစိုးရိမ်ရသော အခြေအနေတွင်ရှိသည်။
ကျိုင်းကောင်အုပ်များစုစုပေါင်းပမာဏမှာ ၃၇ မိုင်ခန့်ရှည်လျားကာ ၂၅ မိုင်ခန့် ဗျက်အကျယ်ရှိသည်။ ယာမြေ ၁ စတုရန်းကီလိုမီတာအကျယ်ခန့်ကို ကျိုင်းကောင် သန်း ၁၅၀ ခန့် ကျရောက်စားသောက်လေ့ရှိကြောင်းသိရသည်။
အဆိုပါ ကျိုင်းကောင်များသည် ယခုအခါ ယူဂန်ဒါနိုင်ငံဆီသို့ ဦးတည်ပျံသန်းနေကြသည်ဆို၏။
Image may contain: night, tree and outdoor
Image may contain: one or more people, plant, sky, outdoor and nature
Image may contain: sky, outdoor and nature
Image may contain: one or more people and outdoor
Image may contain: plant, shoes, outdoor and nature
Source: Fox News
<zawgyi>
ကင်ညာနိုင်ငံ လယ်ယာမြေများတွင် ကျိုင်းကောင်များ သန်းချီးကျရောက်နေသောကြောင့် ဒေသခံများ အငတ်ဘေးရင်ဆိုင်နေရ
Tuesday, January 28 , 2020

အကောင်ရေ သန်းပေါင်းရာချီသော ကျိုင်းကောင်များ ကင်ညာနိုင်ငံတွင် ကျရောက်လျှက်ရှိရာ နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံးသော ကျိုင်းကောင်ကျရောက်ခြင်းဖြစ်ပြီး၊ စိုက်ခင်းများကို ကျိုင်းကောင်များက စားသောက်ဖျက်ဆီးလိုက်ကြသဖြင့် ဒေသခံများမှာ အငတ်ဘေးရင်ဆိုင်နေရသည်။
အဆိုပါ ကျိုင်းကောင်များမှာ ကန္တာရကျိုင်းကောင်အမျိုးအစားဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အီသီယိုပီးယားနှင့် ဆိုမာလီနိုင်ငံများမှ ကူးစက်ပြန့်နှံ့လာခြင်းဖြစ်သည်။ အီသီယိုပီးယားနှင့် ဆိုမာလီနိုင်ငံတို့တွင်လည်း ရာစုနှစ်လေးပုံတစ်ပုံအတွင်း အဆိုးရွားဆုံးသော ကျိုင်းကောင်ကျရောက်မှုဖြစ်ခဲ့သည်။
”နွားတွေတောင် လန့်နေကြတယ်။ ဖူးစားပြောင်း၊ နှံစားပြောင်း၊ ပဲခင်း အကုန် သူတို့စားပစ်ကြတာပဲ”ဟု ပြီးခဲ့သည့် သောကြာနေ့က သူ့ယာမြေအတွင်းဝင်ရောက်လာသည့် ကျိုင်းကောင်များအား ခြောက်လှန့်မောင်းထုတ်ခဲ့ရသူ Ndunda Makanga ကပြောသည်။
လယ်ယာသမားများသည် အိုးခွက်များကိုဆူညံအောင်တီးခြင်း၊ ရဲတပ်ဖွဲ့ဝင်များက သေနပ်များဖောက်ခြင်း၊ မျက်ရည်ယိုဗုံးများပစ်လွှတ်ခြင်း စသည့်နည်းလမ်းပေါင်းစုံဖြင့် ကျိုင်းကောင်များအား မောင်းနှင်ခြောက်လှန့်ထုတ်နေရကြောင်း ကင်ညာ မီဒီယာများတွင် ဖော်ပြထားသည်။
ယခုကျရောက်သော ကျိုင်းကောင်များသည် ယာမြေ ၁၇၂၉၇၃ ဧကခန့်ကို ဝင်ရောက်စားသောက်ကြခြင်းဖြစ်ပြီး၊ ဒေသခံများအတွက် စားနပ်ရိက္ခာစိုးရိမ်ရသော အခြေအနေတွင်ရှိသည်။
ကျိုင်းကောင်အုပ်များစုစုပေါင်းပမာဏမှာ ၃၇ မိုင်ခန့်ရှည်လျားကာ ၂၅ မိုင်ခန့် ဗျက်အကျယ်ရှိသည်။ ယာမြေ ၁ စတုရန်းကီလိုမီတာအကျယ်ခန့်ကို ကျိုင်းကောင် သန်း ၁၅၀ ခန့် ကျရောက်စားသောက်လေ့ရှိကြောင်းသိရသည်။
အဆိုပါ ကျိုင်းကောင်များသည် ယခုအခါ ယူဂန်ဒါနိုင်ငံဆီသို့ ဦးတည်ပျံသန်းနေကြသည်ဆို၏။
Source: Fox News

0 comments:

Post a Comment