Monday, January 20, 2020

တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးသူ လေးဦးရှိကြောင်း အတည်ပြု

Image may contain: one or more people and people standing

တရုတ် ကျန်းမာရေး တာဝန်ရှိသူတွေက ကိုရိုနာဗိုင်းရပ်စ် အသစ်ကြောင့် သေဆုံးသူ လေးယောက် ရှိသွားပြီလို့ အခုလ ၂၁ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှာ လူတစ်ဦး ရုတ်တရက်သေဆုံးရာကနေ စတင်တွေ့ရှိခဲ့တဲ့ အဲဒီဗိုင်းရပ်စ်အသစ် ကြောင့် အသက် ၈၉ နှစ်အရွယ် အဘိုးအိုတစ်ဦး ထပ်ပြီးတော့ သေဆုံးသွားပြီလို့ ထုတ်ပြန်ကြေညာခဲ့တာပါ။ အဲဒီ အဘိုး ဟာ တနင်္ဂနွေနေ့ကတည်းက ကွယ်လွန်ခဲ့တာလို့လည်း ဆိုပါတယ်။
အခု ကွယ်လွန်သူကလည်း ဝူဟန်မြို့ကပဲဖြစ်ပြီးတော့ အသက်ရှူလို့ မရတော့တာကနေ သေဆုံးခဲ့တာပါ။ လက်ရှိ အချိန် ထိ ကူးစက်သူ အယောက် ၂၀၀ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာလည်း တရုတ်ခရီးသည်တွေထဲမှာ ဗိုင်းရပ်စ် ကူးစက်ထားသူ လေးယောက်ကို ရှာဖွေဖော်ထုတ်ထားနိုင်ပါတယ်။ သြစတြေးလျကလည်း အခုလ ၂၁ ရက်ကစပြီး နယ်စပ်ဝင်ပေါက်တွေကို ပိုပြီး ဂရုတစိုက် စောင့်ကြည့်နေပြီလို့ ထုတ်ပြန်ထားပါတယ်။
Source: Reuters
<zawgyi>
တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးသူ လေးဦးရှိကြောင်း အတည်ပြု
Thursday , January 21 , 2020

တရုတ် ကျန်းမာရေး တာဝန်ရှိသူတွေက ကိုရိုနာဗိုင်းရပ်စ် အသစ်ကြောင့် သေဆုံးသူ လေးယောက် ရှိသွားပြီလို့ အခုလ ၂၁ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှာ လူတစ်ဦး ရုတ်တရက်သေဆုံးရာကနေ စတင်တွေ့ရှိခဲ့တဲ့ အဲဒီဗိုင်းရပ်စ်အသစ် ကြောင့် အသက် ၈၉ နှစ်အရွယ် အဘိုးအိုတစ်ဦး ထပ်ပြီးတော့ သေဆုံးသွားပြီလို့ ထုတ်ပြန်ကြေညာခဲ့တာပါ။ အဲဒီ အဘိုး ဟာ တနင်္ဂနွေနေ့ကတည်းက ကွယ်လွန်ခဲ့တာလို့လည်း ဆိုပါတယ်။
အခု ကွယ်လွန်သူကလည်း ဝူဟန်မြို့ကပဲဖြစ်ပြီးတော့ အသက်ရှူလို့ မရတော့တာကနေ သေဆုံးခဲ့တာပါ။ လက်ရှိ အချိန် ထိ ကူးစက်သူ အယောက် ၂၀၀ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာလည်း တရုတ်ခရီးသည်တွေထဲမှာ ဗိုင်းရပ်စ် ကူးစက်ထားသူ လေးယောက်ကို ရှာဖွေဖော်ထုတ်ထားနိုင်ပါတယ်။ သြစတြေးလျကလည်း အခုလ ၂၁ ရက်ကစပြီး နယ်စပ်ဝင်ပေါက်တွေကို ပိုပြီး ဂရုတစိုက် စောင့်ကြည့်နေပြီလို့ ထုတ်ပြန်ထားပါတယ်။
Source: Reuters

0 comments:

Post a Comment