Monday, January 27, 2020

အစိုးရမှ စာမေးပွဲရက် ပြင်ဆင်မသတ်မှတ်လျှင် ဆရာ/ဆရာမများမှ အလုပ်ရုံဆွေးနွေးပွဲများကိုသပိတ်မှောက်ဟုဆို

Image may contain: 5 people, textImage may contain: 3 people, tree and outdoor
အခြေခံပညာအတန်းငယ်များ၏စာမေးပွဲရက် ပြန်လည်ပြင်ဆင်မပေးမချင်း အခြေခံပညာဦးစီးဌာနကပြုလုပ်သည့် ဆွေးနွေးပွဲများ၊ Workshop များတွင်လည်း ပူးပေါင်းဆောင်ရွက်သွားတော့မည်မဟုတ်ဘဲ သပိတ်မှောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ကြေညာခဲ့သည်။

ထို့အပြင် အဖွဲ့ချုပ်အနေဖြင့် လာမည့် ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိနေပြည်တော်တွင် ကျင်းပမည့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသော်လည်း တက်ရောက်ခြင်း ပြုမည်မဟုတ်ဘဲ သပိတ်မှောက်သွားမည်ဖြစ်ကြောင်း သိရသည်။
'ကျွန်တော်တို့ကို နှစ်စဉ် နှီးနှောဖလှယ်ပွဲမှာ ဖိတ်ပါတယ်။ ဒီနှစ်လည်း ဖိတ်လာတဲ့အတွက်ကြောင့် ဆရာတို့အနေနဲ့ ဒီနှစ်တော့ ဒီပွဲကို မတက်တော့ဘူး။ တောင်းဆိုချက်တွေကို ဖြေရှင်းပေးခြင်းမရှိတဲ့အတွက် ကျွန်တော်တို့ ပြင်ဆင်ချက်၊ ဆွေးနွေးပွဲတစ်ခုခု မလုပ်ဘဲနဲ့ ဒီနှီးနှောဖလှယ်ပွဲကိုတော့ မတက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုချိန်အထိ ဒီကိစ္စအပေါ်မှာ တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိတာက သူတို့ တာဝန်ပဲ ဖြစ်တယ်။ ကျွန်တော်တို့ အပါအဝင် အခြားသောအဖွဲ့တွေက ကျောင်းသားတွေ၊ ဆရာတွေ ကမ်ပိန်းတွေ လုပ်နေတယ်။ ကန့်ကွက်တာတွေ၊ ဆန္ဒပြတာတွေ လုပ်နေတယ်။ ဒီဟာကို အလေးမပြုဘူး။ ပြီးတော့ ဒီကိစ္စအပေါ်မှာ ခိုင်မာတဲ့အကြောင်းပြချက် အခုချိန်အထိ မပေးနိုင်သေးဘူး။ လုပ်ငန်းစဉ်တွေတော့ ပြောထားတယ်။ ဘယ်နေ့ ဘာလုပ်မယ်ဆိုတာက ထမင်းရည်ပူတာ လျှာလွှဲဖြစ်နေသလိုပဲလို့ နားလည်တယ်'ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောဆိုသည်။
ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)ကို နှစ်စဉ် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဆရာ၊ ဆရာမ ၅၀ခန့်ကို တက်ရောက်ရန် နှစ်စဉ်ဖိတ်ကြားလေ့ရှိပြီး ယခုနှစ်တွင် တက်ရောက်ရန် ဖိတ်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
အခြေခံပညာ ကျောင်းများ၏ ပညာသင်ကာလကို ယခင်ဖေဖော်ဝါရီလကုန်အထိသာ သတ်မှတ်ထားသော်လည်း ယခုပညာသင်နှစ်မှ စတင်ကာ မတ်လကုန်အထိ သတ်မှတ်မည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ကျောင်းတွင်းစစ် စာမေးပွဲများကို တက္ကသိုလ်ဝင်စာမေးပွဲ၊ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲပြီးမှ ပြုလုပ်မည်ဟု သိရသည်။
Ref-The Standard Time #Myanmar_Online_News
>>Zawgyi<<
အစိုးရမှ စာမေးပွဲရက် ပြင်ဆင်မသတ်မှတ်လျှင် ဆရာ/ဆရာမများမှ အလုပ်ရုံဆွေးနွေးပွဲများကိုသပိတ်မှောက်ဟုဆို
Monday, January 27, 2020
အခြေခံပညာ အတန်းငယ်များ၏ စာမေးပွဲရက် ပြန်လည် ပြင်ဆင်မပေးမချင်း အခြေခံပညာဦးစီးဌာနကပြုလုပ်သည့် ဆွေးနွေးပွဲများ၊ Workshop များတွင်လည်း ပူးပေါင်းဆောင်ရွက်သွားတော့မည်မဟုတ်ဘဲ သပိတ်မှောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ကြေညာခဲ့သည်။

ထို့အပြင် အဖွဲ့ချုပ်အနေဖြင့် လာမည့် ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိနေပြည်တော်တွင် ကျင်းပမည့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသော်လည်း တက်ရောက်ခြင်း ပြုမည်မဟုတ်ဘဲ သပိတ်မှောက်သွားမည်ဖြစ်ကြောင်း သိရသည်။
'ကျွန်တော်တို့ကို နှစ်စဉ် နှီးနှောဖလှယ်ပွဲမှာ ဖိတ်ပါတယ်။ ဒီနှစ်လည်း ဖိတ်လာတဲ့အတွက်ကြောင့် ဆရာတို့အနေနဲ့ ဒီနှစ်တော့ ဒီပွဲကို မတက်တော့ဘူး။ တောင်းဆိုချက်တွေကို ဖြေရှင်းပေးခြင်းမရှိတဲ့အတွက် ကျွန်တော်တို့ ပြင်ဆင်ချက်၊ ဆွေးနွေးပွဲတစ်ခုခု မလုပ်ဘဲနဲ့ ဒီနှီးနှောဖလှယ်ပွဲကိုတော့ မတက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုချိန်အထိ ဒီကိစ္စအပေါ်မှာ တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိတာက သူတို့ တာဝန်ပဲ ဖြစ်တယ်။ ကျွန်တော်တို့ အပါအဝင် အခြားသောအဖွဲ့တွေက ကျောင်းသားတွေ၊ ဆရာတွေ ကမ်ပိန်းတွေ လုပ်နေတယ်။ ကန့်ကွက်တာတွေ၊ ဆန္ဒပြတာတွေ လုပ်နေတယ်။ ဒီဟာကို အလေးမပြုဘူး။ ပြီးတော့ ဒီကိစ္စအပေါ်မှာ ခိုင်မာတဲ့အကြောင်းပြချက် အခုချိန်အထိ မပေးနိုင်သေးဘူး။ လုပ်ငန်းစဉ်တွေတော့ ပြောထားတယ်။ ဘယ်နေ့ ဘာလုပ်မယ်ဆိုတာက ထမင်းရည်ပူတာ လျှာလွှဲဖြစ်နေသလိုပဲလို့ နားလည်တယ်'ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောဆိုသည်။
ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)ကို နှစ်စဉ် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဆရာ၊ ဆရာမ ၅၀ခန့်ကို တက်ရောက်ရန် နှစ်စဉ်ဖိတ်ကြားလေ့ရှိပြီး ယခုနှစ်တွင် တက်ရောက်ရန် ဖိတ်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
အခြေခံပညာ ကျောင်းများ၏ ပညာသင်ကာလကို ယခင်ဖေဖော်ဝါရီလကုန်အထိသာ သတ်မှတ်ထားသော်လည်း ယခုပညာသင်နှစ်မှ စတင်ကာ မတ်လကုန်အထိ သတ်မှတ်မည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ကျောင်းတွင်းစစ် စာမေးပွဲများကို တက္ကသိုလ်ဝင်စာမေးပွဲ၊ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲပြီးမှ ပြုလုပ်မည်ဟု သိရသည်။
Ref-The Standard Time #Myanmar_Online_News

0 comments:

Post a Comment