Tuesday, January 28, 2020

"ထောင်ပြတဲ့ဟာတွေကို ဒီကလည်း မြင်ကို မမြင်ရဘူး""ဘာမှထိရောက်မှုရှိမှာ မဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဆန္ဒပြကျောင်သားများအားပြောကြား

Image may contain: 1 personImage may contain: 1 person

ယနေ့ ဇန်နဝါရီလ ၂၈ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ပညာရေးဖွံ့ဖြိုးတက်မှု အကောင်အထည် ဖော်ရေးနှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်း ပြောကြားနေစဉ် ကျောင်းသားအချို့က ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မတ်တပ်ရပ်‌နေခဲ့ ခြင်းကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။
🤔🤔🤔🤔🤔🤔
ပညာရေးဖွံ့ဖြိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောနေတုန်း
နှီးနှောဖလှယ်ပွဲတက်တဲ့ ကျောင်းသားသမဂ္ဂကိုယ်စားပြု ၁၁ ဦးက
"မတ်လကုန်အထိ စာမေးပွဲစစ်ခြင်းဖြင့်နိုင်ငံ့စီးပွားတကယ်တိုးတက်သလား"
"စီမံခန့်ခွဲမှုအလွဲများအား ချက်ခြင်းပြုပြင်ပေး"
"သုတေသနမရှိသော အစမ်းသပ်ခံပညာရေးစနစ်အလိုမရှိ"
"မန္တလေးတက္ကသိုလ်သပိတ် ချက်ခြင်းဖြေရှင်းပေး"
"အမှန်တရားတစ်ခုအတွက် အချိန်မဆွဲပါနဲ့"

ဆိုတဲ့ တောင်းဆိုချက်ငါးခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြမှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောကြားနေစဉ်မှာပင် "ဒါတွေကို နောက်မှာ အချေအတင်ပြောနေလို့ အလကားပဲ။ ထောင်ပြတဲ့ဟာတွေကို ဒီကလည်း မြင်ကိုမမြင်ရဘူး။အဲဒီတော့ ဒါက ဘာမှထိရောက်မှုရှိတာမဟုတ်ဘူး။နောက်ပြီး အခမ်းအနားတွေကိုကိုယ့်အတွက် ကိုယ့်အဖွဲ့အတွက်ကိုယ့်တစ်ယောက်တည်းရဲ့အမြင်အတွက် အသုံးမချပါနဲ့။ဒါဟာ လုံးဝဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။လူတိုင်း လူတိုင်းမှာ အခွင့်အရေးရှိသလိုတာဝန်ရှိတယ်ဆိုတာလည်း သိရပါလိမ့်မယ်။စည်းကမ်းဆိုတာလည်းကိုယ့်စည်းကို ထိန်းရပါလိမ့်မယ်"လို့ ထည့်ပြောသွင်းပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်။
ပညာရေး ဖွံ့ဖြိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်း ပြောကြားနေစဉ် ဆိုင်းဘုတ် ကိုင်ဆောင်ပြီး မတ်တပ်ရပ် နေကြသူများမှာ ရန်ကုန် ပညာရေးတက္ကသိုလ်၊ စစ်ကိုင်း ပညာရေး တက္ကသိုလ် နှင့် ပညာရေးကောလိပ် အချို့မှ ကျောင်းသား သမဂ္ဂဟူသည့် အဖွဲ့မှ ဖြစ်ကြောင်း သိရှိရသည်။
No photo description available.
Image may contain: 2 people
Image may contain: 1 person
>>Zawgyi<<
"ထောင်ပြတဲ့ဟာတွေကို ဒီကလည်း မြင်ကို မမြင်ရဘူး""ဘာမှထိရောက်မှုရှိမှာ မဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဆန္ဒပြကျောင်သားများအားပြောကြား
Tuesday, January 28 , 2020

ယနေ့ ဇန်နဝါရီလ ၂၈ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ပညာရေးဖွံ့ဖြိုးတက်မှု အကောင်အထည် ဖော်ရေးနှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်း ပြောကြားနေစဉ် ကျောင်းသားအချို့က ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မတ်တပ်ရပ်‌နေခဲ့ ခြင်းကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။
🤔🤔🤔🤔🤔🤔
ပညာရေးဖွံ့ဖြိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောနေတုန်း
နှီးနှောဖလှယ်ပွဲတက်တဲ့ ကျောင်းသားသမဂ္ဂကိုယ်စားပြု ၁၁ ဦးက
"မတ်လကုန်အထိ စာမေးပွဲစစ်ခြင်းဖြင့်နိုင်ငံ့စီးပွားတကယ်တိုးတက်သလား"
"စီမံခန့်ခွဲမှုအလွဲများအား ချက်ခြင်းပြုပြင်ပေး"
"သုတေသနမရှိသော အစမ်းသပ်ခံပညာရေးစနစ်အလိုမရှိ"
"မန္တလေးတက္ကသိုလ်သပိတ် ချက်ခြင်းဖြေရှင်းပေး"
"အမှန်တရားတစ်ခုအတွက် အချိန်မဆွဲပါနဲ့"

ဆိုတဲ့ တောင်းဆိုချက်ငါးခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြမှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောကြားနေစဉ်မှာပင် "ဒါတွေကို နောက်မှာ အချေအတင်ပြောနေလို့ အလကားပဲ။ ထောင်ပြတဲ့ဟာတွေကို ဒီကလည်း မြင်ကိုမမြင်ရဘူး။အဲဒီတော့ ဒါက ဘာမှထိရောက်မှုရှိတာမဟုတ်ဘူး။နောက်ပြီး အခမ်းအနားတွေကိုကိုယ့်အတွက် ကိုယ့်အဖွဲ့အတွက်ကိုယ့်တစ်ယောက်တည်းရဲ့အမြင်အတွက် အသုံးမချပါနဲ့။ဒါဟာ လုံးဝဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။လူတိုင်း လူတိုင်းမှာ အခွင့်အရေးရှိသလိုတာဝန်ရှိတယ်ဆိုတာလည်း သိရပါလိမ့်မယ်။စည်းကမ်းဆိုတာလည်းကိုယ့်စည်းကို ထိန်းရပါလိမ့်မယ်"လို့ ထည့်ပြောသွင်းပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်။
ပညာရေး ဖွံ့ဖြိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်း ပြောကြားနေစဉ် ဆိုင်းဘုတ် ကိုင်ဆောင်ပြီး မတ်တပ်ရပ် နေကြသူများမှာ ရန်ကုန် ပညာရေးတက္ကသိုလ်၊ စစ်ကိုင်း ပညာရေး တက္ကသိုလ် နှင့် ပညာရေးကောလိပ် အချို့မှ ကျောင်းသား သမဂ္ဂဟူသည့် အဖွဲ့မှ ဖြစ်ကြောင်း သိရှိရသည်။
#Myanmar_Online_News

0 comments:

Post a Comment