Thursday, January 9, 2020

အမေရိကန်နဲ့ အီရန်တို့ စစ်ရေးတင်းမာနေချိန် ရေတပ်လေ့ကျင့်ခန်းပြုလုပ်မှုကို ရုရှားသမ္မတကိုယ်တိုင် တက်ရောက်ကြည့်ရှု

Image may contain: 2 people, people sitting, ocean and sky

ရုရှားသမ္မတ ဗလာဒီမာပူတင် ဟာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်ဆောင်ရွက်တဲ့ ရုရှားရေတပ်၊ ပင်လယ်နက်ရေယာဉ်စုက စစ်သင်္ဘောတွေနဲ့ မြောက်ပိုင်းရေယာဉ်စုက စစ်သင်္ဘောအချို့တို့ရဲ့ တပ်ပေါင်းစုလေ့ကျင့်ခန်းကို တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ 

အဲ့ဒီလေ့ကျင့်ခန်းမှာ စစ်သင်္ဘောတွေမှာ တပ်ဆင်ထားတဲ့ ဒုံးပျံတွေ စုပြုံပစ်ခတ်ခြင်း လေ့ကျင့်ခန်းလည်း ပါဝင်ပါတယ်။ ရုရှားသမ္မတ ပူတင်ဟာ ရေကြောင်းစစ်ရေးလေ့ကျင့်ခန်းကို စစ်သင်္ဘော Marshal Ustinov လို့အမည်ရှိတဲ့ ဒုံးပျံတင် ခရူဇာစစ်သင်္ဘောကနေ ပါဝင်ကြည့်ရှုခဲ့ခြင်းဖြစ်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေတဲ့အချိန်မှာ ရုရှားအနေနဲ့လည်း အသင့်ပြင်ဆင်ထားရှိတဲ့အနေနဲ့ ရေကြောင်းလေ့ကျင့်ခန်းကို သမ္မတဦးစီးပြီးတော့ကို ဆောင်ရွက်ခြင်းဖြစ်တယ်လို့ အချို့က သုံးသပ်ကြပါတယ်။ လေ့ကျင့်ခန်းမှာ MiG-31 ဂျက်တိုက်လေယာဉ်တွေမှာ Kinzhal Hypersonic ဒုံးပျံတွေတပ်ဆင်ပြီး ကုန်းမြေပစ်မှတ်ကို ပစ်ခတ်တိုက်ခိုက်ခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ စစ်သင်္ဘောတွေအနေနဲ့က Kalibr ခရုဇ်ဒုံးပျံတွေနဲ့ စက်အမြောက်ကြီးတွေ စုပြုံပစ်ခတ်ခြင်းလေ့ကျင့်ခန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။
ရုရှားရေတပ် ရေယာဉ်စုနှစ်ခုရဲ့ တပ်ပေါင်းစုလေ့ကျင့်ခန်းမှာ စစ်သင်္ဘော အရွယ်အစားစုံ အစီးရေ ၃၀ နဲ့ ဝေဟင်အင်အားစု Tu-95 Strategic Bombers ကြီးတွေအပါအဝင် စုစုပေါင်း ၃၉ စီး ပါဝင်ခဲ့ပါတယ်။ ပူတင်လိုက်ပါစီးနင်းခဲ့တဲ့ ခရူဇာစစ်သင်္ဘောကြီး Marshal Ustinov ဟာဆိုရင် မြေထဲပင်လယ်ဒေသ အရှေ့ပိုင်းမှာ ဆီးရီးယားဖြစ်စဉ်ကာလတုန်းက တပ်ဖြန့်နေရာယူခဲ့တဲ့ စစ်သင်္ဘောကြီးတစ်စီးဖြစ်ပါတယ်။
Image may contain: 2 people, people standing and outdoor
Image may contain: 1 person
Image may contain: 2 people, ocean, sky and outdoor
Image may contain: 1 person, ocean, outdoor and water

<zawgyi>
အမေရိကန်နဲ့ အီရန်တို့ စစ်ရေးတင်းမာနေချိန် ရေတပ်လေ့ကျင့်ခန်းပြုလုပ်မှုကို ရုရှားသမ္မတကိုယ်တိုင် တက်ရောက်ကြည့်ရှု
Friday , January 10 , 2020

ရုရှားသမ္မတ ဗလာဒီမာပူတင် ဟာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်ဆောင်ရွက်တဲ့ ရုရှားရေတပ်၊ ပင်လယ်နက်ရေယာဉ်စုက စစ်သင်္ဘောတွေနဲ့ မြောက်ပိုင်းရေယာဉ်စုက စစ်သင်္ဘောအချို့တို့ရဲ့ တပ်ပေါင်းစုလေ့ကျင့်ခန်းကို တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းမှာ စစ်သင်္ဘောတွေမှာ တပ်ဆင်ထားတဲ့ ဒုံးပျံတွေ စုပြုံပစ်ခတ်ခြင်း လေ့ကျင့်ခန်းလည်း ပါဝင်ပါတယ်။ ရုရှားသမ္မတ ပူတင်ဟာ ရေကြောင်းစစ်ရေးလေ့ကျင့်ခန်းကို စစ်သင်္ဘော Marshal Ustinov လို့အမည်ရှိတဲ့ ဒုံးပျံတင် ခရူဇာစစ်သင်္ဘောကနေ ပါဝင်ကြည့်ရှုခဲ့ခြင်းဖြစ်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေတဲ့အချိန်မှာ ရုရှားအနေနဲ့လည်း အသင့်ပြင်ဆင်ထားရှိတဲ့အနေနဲ့ ရေကြောင်းလေ့ကျင့်ခန်းကို သမ္မတဦးစီးပြီးတော့ကို ဆောင်ရွက်ခြင်းဖြစ်တယ်လို့ အချို့က သုံးသပ်ကြပါတယ်။ လေ့ကျင့်ခန်းမှာ MiG-31 ဂျက်တိုက်လေယာဉ်တွေမှာ Kinzhal Hypersonic ဒုံးပျံတွေတပ်ဆင်ပြီး ကုန်းမြေပစ်မှတ်ကို ပစ်ခတ်တိုက်ခိုက်ခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ စစ်သင်္ဘောတွေအနေနဲ့က Kalibr ခရုဇ်ဒုံးပျံတွေနဲ့ စက်အမြောက်ကြီးတွေ စုပြုံပစ်ခတ်ခြင်းလေ့ကျင့်ခန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။
ရုရှားရေတပ် ရေယာဉ်စုနှစ်ခုရဲ့ တပ်ပေါင်းစုလေ့ကျင့်ခန်းမှာ စစ်သင်္ဘော အရွယ်အစားစုံ အစီးရေ ၃၀ နဲ့ ဝေဟင်အင်အားစု Tu-95 Strategic Bombers ကြီးတွေအပါအဝင် စုစုပေါင်း ၃၉ စီး ပါဝင်ခဲ့ပါတယ်။ ပူတင်လိုက်ပါစီးနင်းခဲ့တဲ့ ခရူဇာစစ်သင်္ဘောကြီး Marshal Ustinov ဟာဆိုရင် မြေထဲပင်လယ်ဒေသ အရှေ့ပိုင်းမှာ ဆီးရီးယားဖြစ်စဉ်ကာလတုန်းက တပ်ဖြန့်နေရာယူခဲ့တဲ့ စစ်သင်္ဘောကြီးတစ်စီးဖြစ်ပါတယ်။

0 comments:

Post a Comment