Thursday, January 9, 2020

"ပြည်သူ့အကြိုက် စကားလုံးတွေနဲ့ ပြည်သူတွေကို စည်းရုံးပြီး လုပ်ချင်ရာလုပ်နေတဲ့ ခေတ်ကို တိုက်ဖြတ်ပစ်မှရမယ်"လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးပြော

Image may contain: one or more people, crowd and indoorImage may contain: 1 person

"နိုင်ငံရေး ခေတ်ဖြစ်နေတဲ့အတွက် ပြောချင်တဲ့လူတွေက ပြည်သူအကြိုက် စကားလုံးတွေ ပြောပြီးတော့ ပြည်သူကို စည်းရုံးပြီးတော့ လုပ်ချင်တာလုပ်နေတဲ့ ခေတ်ကို ကျွန်တော်တို့ တိုက်ဖြတ်ပစ်မှရပါမယ်"လို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောဆိုလိုက်ပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့က ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက် ဒေသခံ မဲဆန္ဒရှင် ပြည်သူတွေနဲ့ တွေ့ဆုံပြီး ပြည်သူ့အသံ နားထောင်တဲ့ပွဲမှာ ဦးသောင်းအေးက အခုလိုပြောဆိုခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ "စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးတက်ဖို့လိုပါတယ်။ အမှန်အမှားကို ခွဲခြားတက်ဖို့လိုပါတယ်။ ဘယ်သူတွေ ဘယ်ဟာပြောပြော၊ ဘာပဲပြောပြော နားမရောင်ကြဖို့လိုပါတယ်။ နောက် ကိုယ့်အချင်ချင်း စည်းလုံးညီညွတ်ကြဖို့လိုပါတယ်"လို့လည်း သတိပေး ပြောဆိုခဲ့ပါတယ်။
လက်ရှိကျင့်သုံနေတဲ့ ဒီမိုကရေစီစနစ် အောင်မြင်အောင် ဆောင်ရွက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးတဲ့ နိုင်ငံအဖြစ် တည်ဆောက်နိုင်ဖို့အတွက် "လူမှန် နေရာမှန်တွေ ရောက်လာမှ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်က အပြန်အလှန် ထိန်းကြောင်းပေးလို့ရမှာ"ဖြစ်တဲ့အတွက် "အရည်အချင်းရှိတဲ့သူတွေကို ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ၂၀၂၀မှာ ရွေးပေးလိုက်ကြပါ။ ရွေးပေးပြီးလို့ရင်လည်း ဒီလူတွေနဲ့ အမြဲမပြတ် ထိတွေ့ကြပါ။ ကားမကြီးလို၊ ကြက်မကြီးလို မကျင့်ဘဲနဲ့ ပြောရမယ့်ဟာတွေ၊ တင်ပြရမယ့်ဟာတွေ ရဲရဲဝံဝံ တင်ပြပါ"လို့လည်း ပြောဆိုခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးသောင်းအေး အနေနဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်အမှတ် (၂) ဦးမြင့်စိုး ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်အမှတ် (၁) ဦးတင်စိုး တို့နဲ့အတူ ပျော်ဘွယ်မြို့ပေါ်က မြင်းဘက်ရပ်ကွက် ၊ ရှမ်းပွဲရပ်ကွက်က ပြည်သူတွေနှင့် တွေ့ဆုံပြီး ပြည်သူ့အသံ နားထောင်ခဲ့ရာနှာပြောကြားခဲ့ခြင်းဖြစ်သည်။
Image may contain: 1 person, closeup
Image may contain: 1 person, smiling, standing
Image may contain: 5 people, people sitting
Image may contain: 18 people, people smiling, people sitting
Image may contain: 3 people, people sitting, wedding and indoor
Image may contain: 1 person, smiling

Source : U Thaung Aye'Fb #Myanmar_Online_News
<<Zawgyi>>
"ပြည်သူ့အကြိုက် စကားလုံးတွေနဲ့ ပြည်သူတွေကို စည်းရုံးပြီး လုပ်ချင်ရာလုပ်နေတဲ့ ခေတ်ကို တိုက်ဖြတ်ပစ်မှရမယ်"လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးပြော
Thursday , January 9 , 2020

"နိုင်ငံရေး ခေတ်ဖြစ်နေတဲ့အတွက် ပြောချင်တဲ့လူတွေက ပြည်သူအကြိုက် စကားလုံးတွေ ပြောပြီးတော့ ပြည်သူကို စည်းရုံးပြီးတော့ လုပ်ချင်တာလုပ်နေတဲ့ ခေတ်ကို ကျွန်တော်တို့ တိုက်ဖြတ်ပစ်မှရပါမယ်"လို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောဆိုလိုက်ပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့က ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက် ဒေသခံ မဲဆန္ဒရှင် ပြည်သူတွေနဲ့ တွေ့ဆုံပြီး ပြည်သူ့အသံ နားထောင်တဲ့ပွဲမှာ ဦးသောင်းအေးက အခုလိုပြောဆိုခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ "စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးတက်ဖို့လိုပါတယ်။ အမှန်အမှားကို ခွဲခြားတက်ဖို့လိုပါတယ်။ ဘယ်သူတွေ ဘယ်ဟာပြောပြော၊ ဘာပဲပြောပြော နားမရောင်ကြဖို့လိုပါတယ်။ နောက် ကိုယ့်အချင်ချင်း စည်းလုံးညီညွတ်ကြဖို့လိုပါတယ်"လို့လည်း သတိပေး ပြောဆိုခဲ့ပါတယ်။
လက်ရှိကျင့်သုံနေတဲ့ ဒီမိုကရေစီစနစ် အောင်မြင်အောင် ဆောင်ရွက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးတဲ့ နိုင်ငံအဖြစ် တည်ဆောက်နိုင်ဖို့အတွက် "လူမှန် နေရာမှန်တွေ ရောက်လာမှ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်က အပြန်အလှန် ထိန်းကြောင်းပေးလို့ရမှာ"ဖြစ်တဲ့အတွက် "အရည်အချင်းရှိတဲ့သူတွေကို ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ၂၀၂၀မှာ ရွေးပေးလိုက်ကြပါ။ ရွေးပေးပြီးလို့ရင်လည်း ဒီလူတွေနဲ့ အမြဲမပြတ် ထိတွေ့ကြပါ။ ကားမကြီးလို၊ ကြက်မကြီးလို မကျင့်ဘဲနဲ့ ပြောရမယ့်ဟာတွေ၊ တင်ပြရမယ့်ဟာတွေ ရဲရဲဝံဝံ တင်ပြပါ"လို့လည်း ပြောဆိုခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးသောင်းအေး အနေနဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်အမှတ် (၂) ဦးမြင့်စိုး ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်အမှတ် (၁) ဦးတင်စိုး တို့နဲ့အတူ ပျော်ဘွယ်မြို့ပေါ်က မြင်းဘက်ရပ်ကွက် ၊ ရှမ်းပွဲရပ်ကွက်က ပြည်သူတွေနှင့် တွေ့ဆုံပြီး ပြည်သူ့အသံ နားထောင်ခဲ့ရာနှာပြောကြားခဲ့ခြင်းဖြစ်သည်။
Source : U Thaung Aye'Fb #Myanmar_Online_News

0 comments:

Post a Comment