အိန္ဒိယနိုင်ငံအနေနဲ့ ပထမဦးဆုံးသော ရေငုပ်အထောက်အကူပြု ရေယာဉ်ကြီး (Dive Support Vessel – DSL) ၂ စီးကို အိန္ဒိယရေတပ်မှာ အသုံးပြုသွားဖို့အတွက် ရေချခြင်းအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တုန်းက ပထမအစီးကို ဟင်ဒူစတန် သင်္ဘောကျင်း မှာ ရေချပွဲပြုလုပ်ခဲ့ပါတယ်။
First Steel Cutting အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မေလထဲမှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အစိုးရနဲ့ ဟင်ဒူစတန် လီမိတက်တို့ဟာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတုန်းက DSV ရေယာဉ်ကြီးတွေ တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၈၂ မီလီယံ၊ ရူပီးတန်ဖိုးအားဖြင့် ၂၀.၁၉ ဘီလီယံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။
ပထမဆုံးအစီးကို ၂၀၂၁ ခုနှစ်မှာ အိန္ဒိယရေတပ်ကို လွှဲပြောင်းပေးသွားဖို့လျာထားပြီး၊ ဒုတိယအစီးကို ၂၀၂၂ ခုနှစ်မှာ လျာထားပါတယ်။ အဓိကအားဖြင့် ရေငုပ်နဲ့ ဆယ်ယူရေးပိုင်းလုပ်ငန်းစဉ်တွေ၊ ရေငုပ်သင်္ဘောကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်တွေ၊ ရေနက်ပိုင်းဒေသ ရေငုပ်ရှာဖွေရေး၊ တိုင်းတာရေး၊ သုတေသနပြုလုပ်ရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုသွားဖို့ဖြစ်ပါတယ်။

<zawgyi>
အိန္ဒိယရဲ့ ရေငုပ်အထောက်အကူပြု ရေယာဉ်ကြီး ၂ အား ရေချခြင်းအခမ်းအနား ပြုလုပ်
Tuesday , January 14 , 2020
အိန္ဒိယနိုင်ငံအနေနဲ့ ပထမဦးဆုံးသော ရေငုပ်အထောက်အကူပြု ရေယာဉ်ကြီး (Dive Support Vessel – DSL) ၂ စီးကို အိန္ဒိယရေတပ်မှာ အသုံးပြုသွားဖို့အတွက် ရေချခြင်းအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တုန်းက ပထမအစီးကို ဟင်ဒူစတန် သင်္ဘောကျင်း မှာ ရေချပွဲပြုလုပ်ခဲ့ပါတယ်။
First Steel Cutting အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မေလထဲမှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အစိုးရနဲ့ ဟင်ဒူစတန် လီမိတက်တို့ဟာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတုန်းက DSV ရေယာဉ်ကြီးတွေ တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၈၂ မီလီယံ၊ ရူပီးတန်ဖိုးအားဖြင့် ၂၀.၁၉ ဘီလီယံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။
ပထမဆုံးအစီးကို ၂၀၂၁ ခုနှစ်မှာ အိန္ဒိယရေတပ်ကို လွှဲပြောင်းပေးသွားဖို့လျာထားပြီး၊ ဒုတိယအစီးကို ၂၀၂၂ ခုနှစ်မှာ လျာထားပါတယ်။ အဓိကအားဖြင့် ရေငုပ်နဲ့ ဆယ်ယူရေးပိုင်းလုပ်ငန်းစဉ်တွေ၊ ရေငုပ်သင်္ဘောကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်တွေ၊ ရေနက်ပိုင်းဒေသ ရေငုပ်ရှာဖွေရေး၊ တိုင်းတာရေး၊ သုတေသနပြုလုပ်ရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုသွားဖို့ဖြစ်ပါတယ်။
Source- janes.com #Myanmar_Online_News #ပင်လယ်ရေကြောင်း

0 comments:
Post a Comment