Tuesday, January 28, 2020

ဝူဟန်မြို့တွင် ပိတ်ဆို့ခံထားရသည့် မြန်မာကျောင်းသားများ ရောက်ရှိလာပါက သီးသန့်ထားရှိနိုင်ရန် ဆေးရုံပြင်ဆင်

Image may contain: outdoorImage may contain: house and outdoor

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ မြန်မာကျောင်းသားများ ရောက်ရှိလာပါက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့ နယ်၊ ၆၂ လမ်းရှိ ကန်တော်နဒီဆေးရုံတွင် ထားရှိနိုင်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနက သိရသည်။

အဆိုပါဆေးရုံသည် ကူးစပ်ရောဂါများအတွက် သီးသန့်ထားသည့် ဆေးရုံဖြစ်ပြီး လက်တလောတွင် ဆေးကုသမှုခံယူနေသည့် လူနာတစ်ဦးမျှ မရှိသည့်အပြင် ဆေးရုံဖွဲ့စည်းပုံလည်းမရှိကြောင်း သိရသည်။
ယင်းအတွက်ကြောင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ကုတင်(၃၀၀) ဆေးရုံတို့မှ ဆရာဝန် များနှင့် ဝန်ထမ်းများအား အလှည့်ကျတာဝန်ထမ်းဆောင်ရန် စီစဉ်ထားကြောင်း မန္တလေးတိုင်းဒေသ ကြီး၊ ကုသရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။
“အခု အယောက်ခြောက်ဆယ်ဆိုတာ လာမယ်လို့ပဲ ပြောနေတာ။ ဒါပေမယ့် ဘာသတင်းအချက်အ လက်မှ မရသေးဘူး။ အကယ်၍ ရောက်လာခဲ့ရင် ဒီအယောက်ခြောက်ဆယ်အတွက် လက်ရှိဆေးရုံ ကြီးက အဆင်မပြေဘူး။ နေရာအထားအသိုအရရော။ နောက်ရောဂါဖြစ်နေတာလဲမဟုတ်ဘူး။ အ ကယ်၍ရောက်လာရင် စီမံရအောင် တိုင်းဒေသကြီးအစိုးရကို တင်ပြပြီး လုပ်ထားတာဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျန်းမာရေးစစ်ဆေးခြင်းများနှင့် လေဆိပ်ဝန်ထမ်းများကို ကျန်းမာရေးအသိပညာပေးမှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
Image may contain: one or more people, tree, shoes, child, plant, outdoor and nature
Image may contain: outdoor
Ref-TheFifthWave #Myanmar_Online_News
>>Zawgyi<<
ဝူဟန်မြို့တွင် ပိတ်ဆို့ခံထားရသည့် မြန်မာကျောင်းသားများ ရောက်ရှိလာပါက သီးသန့်ထားရှိနိုင်ရန် ဆေးရုံပြင်ဆင်
Tuesday, January 28 , 2020

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ မြန်မာကျောင်းသားများ ရောက်ရှိလာပါက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့ နယ်၊ ၆၂ လမ်းရှိ ကန်တော်နဒီဆေးရုံတွင် ထားရှိနိုင်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနက သိရသည်။
အဆိုပါဆေးရုံသည် ကူးစပ်ရောဂါများအတွက် သီးသန့်ထားသည့် ဆေးရုံဖြစ်ပြီး လက်တလောတွင် ဆေးကုသမှုခံယူနေသည့် လူနာတစ်ဦးမျှ မရှိသည့်အပြင် ဆေးရုံဖွဲ့စည်းပုံလည်းမရှိကြောင်း သိရသည်။
ယင်းအတွက်ကြောင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ကုတင်(၃၀၀) ဆေးရုံတို့မှ ဆရာဝန် များနှင့် ဝန်ထမ်းများအား အလှည့်ကျတာဝန်ထမ်းဆောင်ရန် စီစဉ်ထားကြောင်း မန္တလေးတိုင်းဒေသ ကြီး၊ ကုသရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။
“အခု အယောက်ခြောက်ဆယ်ဆိုတာ လာမယ်လို့ပဲ ပြောနေတာ။ ဒါပေမယ့် ဘာသတင်းအချက်အ လက်မှ မရသေးဘူး။ အကယ်၍ ရောက်လာခဲ့ရင် ဒီအယောက်ခြောက်ဆယ်အတွက် လက်ရှိဆေးရုံ ကြီးက အဆင်မပြေဘူး။ နေရာအထားအသိုအရရော။ နောက်ရောဂါဖြစ်နေတာလဲမဟုတ်ဘူး။ အ ကယ်၍ရောက်လာရင် စီမံရအောင် တိုင်းဒေသကြီးအစိုးရကို တင်ပြပြီး လုပ်ထားတာဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျန်းမာရေးစစ်ဆေးခြင်းများနှင့် လေဆိပ်ဝန်ထမ်းများကို ကျန်းမာရေးအသိပညာပေးမှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
Ref-TheFifthWave #Myanmar_Online_News

0 comments:

Post a Comment