Tuesday, January 28, 2020

ဆရာ/ဆရာမများ ကန့်ကွက်နေသော်လည်း အခြေခံပညာကျောင်းများ၏ စာမေးပွဲ အချိန်ပြောင်းလဲမည်မဟုတ်

No photo description available.
အခြေခံပညာ ကျောင်းများကို မတ်လကုန်အထိ တိုးဖွင့်မည့်အစီအစဉ်အပေါ် ကန့် ကွက်မှုများရှိနေသော်လည်း မူလ သတ်မှတ်ထားသည့်အတိုင်းသာ ဆောင်ရွက်နေကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
‘‘အခု လောလောဆယ် တော့ သတ်မှတ်ထားတဲ့အတိုင်း ဆရာတို့ ဆောင်ရွက်နေပါတယ်’’ ဟု ပြောသည်။

ယခုပညာသင်နှစ်မှစတင်၍ အခြေခံပညာကျောင်းများကို မတ်လကုန်အထိ တိုးဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေပြီး ကျောင်းတွင်းစစ်အတန်းများ ၏ နှစ်ဆုံးစာမေးပွဲကို တက္ကသိုလ် ဝင်ခွင့်စာမေးပွဲအပြီး မတ်လ နောက်ဆုံးပတ်တွင် ကျင်းပမည် ဟု ကြေညာခဲ့သည်။အခြေခံပညာသူငယ်တန်းမှ နဝမတန်းအထိ နှစ်ဆုံးစာမေးပွဲ များကို ပြီးခဲ့သည့် ၂၀၁၈-၁၉ ပညာသင်နှစ်အထိ တက္ကသိုလ် ဝင်စာမေးပွဲမတိုင်မီ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ကျင်းပ သည်။ ယင်းအပေါ် ဆရာဆရာမများ၊ ကျောင်းသား များက ကန့်ကွက်နေခြင်းဖြစ် သည်။
ဝန်ကြီးဌာနအနေဖြင့် ပညာ ရေး ပြုပြင်ပြောင်းလဲမှုများကို မည်သို့ပင်လုပ်ဆောင်စေကာမူ လက်တွေ့သင်ပြနေသော ဆရာ ဆရာမများက နားလည်သဘော ပေါက်ပြီး လက်တွေ့ဆောင်ရွက် မှသာလျှင် အောင်မြင်မည်ဟု ပြောသည်။
‘‘ဘယ်လောက်အကျိုးရှိ တယ်ပြောပြော လူထုနဲ့၊ မိဘနဲ့၊ ကျောင်းသားနဲ့ သူတို့လက်ခံဖို့၊ သူတို့နားလည်ဖို့ လိုတယ်လေ။ ဒီအပေါ်မူတည်မှာပေါ့’’ ဟု ၎င်း ကဆိုသည်။
Image may contain: 2 people, people sitting
>>Zawgyi<<
ဆရာ/ဆရာမများ ကန့်ကွက်နေသော်လည်း အခြေခံပညာကျောင်းများ၏ စာမေးပွဲ အချိန်ပြောင်းလဲမည်မဟုတ်
Tuesday, January 28 , 2020
အခြေခံပညာ ကျောင်းများကို မတ်လကုန်အထိ တိုးဖွင့်မည့်အစီအစဉ်အပေါ် ကန့် ကွက်မှုများရှိနေသော်လည်း မူလ သတ်မှတ်ထားသည့်အတိုင်းသာ ဆောင်ရွက်နေကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
‘‘အခု လောလောဆယ် တော့ သတ်မှတ်ထားတဲ့အတိုင်း ဆရာတို့ ဆောင်ရွက်နေပါတယ်’’ ဟု ပြောသည်။

ယခုပညာသင်နှစ်မှစတင်၍ အခြေခံပညာကျောင်းများကို မတ်လကုန်အထိ တိုးဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေပြီး ကျောင်းတွင်းစစ်အတန်းများ ၏ နှစ်ဆုံးစာမေးပွဲကို တက္ကသိုလ် ဝင်ခွင့်စာမေးပွဲအပြီး မတ်လ နောက်ဆုံးပတ်တွင် ကျင်းပမည် ဟု ကြေညာခဲ့သည်။အခြေခံပညာသူငယ်တန်းမှ နဝမတန်းအထိ နှစ်ဆုံးစာမေးပွဲ များကို ပြီးခဲ့သည့် ၂၀၁၈-၁၉ ပညာသင်နှစ်အထိ တက္ကသိုလ် ဝင်စာမေးပွဲမတိုင်မီ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ကျင်းပ သည်။ ယင်းအပေါ် ဆရာဆရာမများ၊ ကျောင်းသား များက ကန့်ကွက်နေခြင်းဖြစ် သည်။
ဝန်ကြီးဌာနအနေဖြင့် ပညာ ရေး ပြုပြင်ပြောင်းလဲမှုများကို မည်သို့ပင်လုပ်ဆောင်စေကာမူ လက်တွေ့သင်ပြနေသော ဆရာ ဆရာမများက နားလည်သဘော ပေါက်ပြီး လက်တွေ့ဆောင်ရွက် မှသာလျှင် အောင်မြင်မည်ဟု ပြောသည်။
‘‘ဘယ်လောက်အကျိုးရှိ တယ်ပြောပြော လူထုနဲ့၊ မိဘနဲ့၊ ကျောင်းသားနဲ့ သူတို့လက်ခံဖို့၊ သူတို့နားလည်ဖို့ လိုတယ်လေ။ ဒီအပေါ်မူတည်မှာပေါ့’’ ဟု ၎င်း ကဆိုသည်။
Ref-7day #Myanmar_Online_News

0 comments:

Post a Comment