Monday, January 20, 2020

အချစ်တော်ခွေးနှင့်အတူဓာတ်ပုံရိုက်ဖို့ကြိုးစားခဲ့သည့်မိန်းကလေး မျက်နှာကိုအကိုက်ခံလိုက်ရသဖြင့် အချက်၄၀ ချုပ်လိုက်ရ

Image may contain: 1 person, smiling, outdoor

အာဂျင်တီးနားနိုင်ငံက လာရာဆန်ဆင်ဆိုသူ အသက် ၁၇နှစ်အရွယ်မိန်းကလေးတစ်ဦးက သူရဲ့အချစ်တော်အယ်ဆေးရှင်းခွေးနဲ့ ဓာတ်ပုံအတူရိုက်ဖို့ကြိုးစားရင်းကနေ မျက်နှာကိုအကိုက်ခံလိုက်ရတာကြောင့် အချက် ၄၀လောက် ချုပ်လိုက်ရတယ်လို့သိရပါတယ်။

ဓာတ်ပုံရိုက်ဖို့ခွေးကိုပွေ့ဖက်လိုက်ချိန်မှာပဲ မျက်နှာကိုအကိုက်ခံလိုက်ရတာဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်မှာသာမကဘဲ နှုတ်ခမ်းတွေနဲ့ပါးစပ်အတွင်းထဲကသွားဖုံးတွေအထိပါ ချုပ်ခဲ့ရတာလို့သိရပါတယ်။ အကိုက်ခံရချင်းချင်းတုန်းက များများစားစားနာကျင်တာမျိုးမရှိခဲ့ဘဲ တဖြည်းဖြည်းမှနာလာတာဖြစ်ပြီး အကိုက်ခံထားရတဲ့ဒဏ်ရာတွေ တဖြည်းဖြည်းသက်သာလာနေပါပြီလို့ လာရာက ဆိုပါတယ်။ ရောင်ရမ်းနေတဲ့ အနာဒဏ်ရာတွေနဲ့ ချုပ်ရိုးတွေကြောင့် အစားအသောက်တွေ စားသောက်ရတာ အတော်လေးခက်ခဲခဲ့ရတယ်လို့ လာရာကဆိုပါတယ်။
ကီနိုင်လို့အမည်ပေးထားတဲ့ သူ့ခွေးက အသက်အရွယ်ကြောင့် နာကျင်လွယ်နေပြီး လာရာက အကြမ်းပတမ်းပွေ့ဖက်လိုက်မိသလိုဖြစ်သွားချိန်မှာ ပြန်ကိုက်ခဲ့တာဖြစ်မယ်လို့ တိမွေးကုဆရာဝန်အန်ရီကေးရိုမီယိုက
ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူရဲ့ခွေးလေးကို ပစ်ပယ်လိုက်တာမျိုး၊ သုတ်သင်လိုက်တာမျိုးတွေ လုပ်ဖို့အစီအစဉ်လုံးဝမရှိပါဘူးလို့ လာရာက ပြောကြားခဲ့ပါတယ်။
Image may contain: one or more people
Image may contain: one or more people and closeup

Ref : PyiMyanmar #Myanmar_Online_News
>>Zawgyi<<
အချစ်တော်ခွေးနှင့်အတူဓာတ်ပုံရိုက်ဖို့ကြိုးစားခဲ့သည့်မိန်းကလေး မျက်နှာကိုအကိုက်ခံလိုက်ရသဖြင့် အချက်၄၀ ချုပ်လိုက်ရ
Tuesday , January 21 , 2020

အာဂျင်တီးနားနိုင်ငံက လာရာဆန်ဆင်ဆိုသူ အသက် ၁၇နှစ်အရွယ်မိန်းကလေးတစ်ဦးက သူရဲ့အချစ်တော်အယ်ဆေးရှင်းခွေးနဲ့ ဓာတ်ပုံအတူရိုက်ဖို့ကြိုးစားရင်းကနေ မျက်နှာကိုအကိုက်ခံလိုက်ရတာကြောင့်
အချက် ၄၀လောက် ချုပ်လိုက်ရတယ်လို့သိရပါတယ်။

ဓာတ်ပုံရိုက်ဖို့ခွေးကိုပွေ့ဖက်လိုက်ချိန်မှာပဲ မျက်နှာကိုအကိုက်ခံလိုက်ရတာဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်မှာသာမကဘဲ နှုတ်ခမ်းတွေနဲ့ပါးစပ်အတွင်းထဲကသွားဖုံးတွေအထိပါ ချုပ်ခဲ့ရတာလို့သိရပါတယ်။ အကိုက်ခံရချင်းချင်းတုန်းက များများစားစားနာကျင်တာမျိုးမရှိခဲ့ဘဲ တဖြည်းဖြည်းမှနာလာတာဖြစ်ပြီး အကိုက်ခံထားရတဲ့ဒဏ်ရာတွေ တဖြည်းဖြည်းသက်သာလာနေပါပြီလို့ လာရာက ဆိုပါတယ်။ ရောင်ရမ်းနေတဲ့ အနာဒဏ်ရာတွေနဲ့ ချုပ်ရိုးတွေကြောင့် အစားအသောက်တွေ စားသောက်ရတာ အတော်လေးခက်ခဲခဲ့ရတယ်လို့ လာရာကဆိုပါတယ်။
ကီနိုင်လို့အမည်ပေးထားတဲ့ သူ့ခွေးက အသက်အရွယ်ကြောင့် နာကျင်လွယ်နေပြီး လာရာက အကြမ်းပတမ်းပွေ့ဖက်လိုက်မိသလိုဖြစ်သွားချိန်မှာ ပြန်ကိုက်ခဲ့တာဖြစ်မယ်လို့ တိမွေးကုဆရာဝန်အန်ရီကေးရိုမီယိုက
ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူရဲ့ခွေးလေးကို ပစ်ပယ်လိုက်တာမျိုး၊ သုတ်သင်လိုက်တာမျိုးတွေ လုပ်ဖို့အစီအစဉ်လုံးဝမရှိပါဘူးလို့ လာရာက ပြောကြားခဲ့ပါတယ်။

Ref : PyiMyanmar #Myanmar_Online_News

0 comments:

Post a Comment