Sunday, January 19, 2020

တရုတ်နိုင်ငံတွင် ထူးဆန်းသည့်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ ၆၂ ထိရှိလာကြောင်း အာဏာပိုင်များက ထုတ်ပြန်

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ထူးဆန်းသည်အဆုတ်ရောင်ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ၆၂ ဦးအထိရှိလာပြီး ကူးစက်သူ နောက်ထပ် ၁၇ ဦးတွေ့ရှိကြောင်း ဝူဟန်မြို့ အာဏာပိုင်များက ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ထူးဆန်းသည့် အဆုတ်ရောင်ရောဂါကြောင့် လူနှစ်ဦးသေဆုံးသွားပြီး ရှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရ သည့်အခြေအနေဖြစ်ကာ ၁၉ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။
ဇန်နဝါရီ ၂၄ ရက်တွင်စတင်မည့် တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်လူမျိုးသန်းပေါင်းများစွာ ခရီးသွားကြရန်ပြင်ဆင်နေချိန်တွင် အာဏာပိုင်များက ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
လေဆိပ်နှင့် မီးရထားတာ၀န်ရှိသူများသည် ခရီးသည်များ၏ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာရန်ဒီဇိုင်းပြုလုပ်ထားသော ကိရိယာများကိုအသုံးပြုပြီး ၎င်းတို့၏စစ်ဆေးမှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။ ဤအတောအတွင်း ဝူဟန်မြို့ပြင်ပရှိ တရုတ်ပြည်မကြီးတွင် အဆိုပါရောဂါကူးစက်ခံရသည်ဟု သံသယရှိသူ သုံးဦးတွေ့ရှိထားကြောင်း South China Morning Post သတင်းစာကဖော်ပြထားသည်။
ဂျပန်နိုင်ငံတွင်ဝူဟန်မြို့မှာ ပြန်လာသူတစ်ဦးတွင် ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုထားပြီး ထိုင်းနိုင်ငံတွင်လည်း အဆိုပါမြို့မှပြန်လာသည့် ခရီးသွားအမျိုးသမီးနှစ်ဦး၌ ရောဂါကူးစက်ခံထားရကြောင်း အာဏာပိုင်များက ထုတ်ဖော်ပြောဆိုထားသည်။
Source- Wuhan officials #Myanmar_Online_News
<zawgyi>
တရုတ်နိုင်ငံတွင် ထူးဆန်းသည့်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ ၆၂ ထိရှိလာကြောင်း အာဏာပိုင်များက ထုတ်ပြန်
Monday , January 20 , 2020
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ထူးဆန်းသည်အဆုတ်ရောင်ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ၆၂ ဦးအထိရှိလာပြီး ကူးစက်သူ နောက်ထပ် ၁၇ ဦးတွေ့ရှိကြောင်း ဝူဟန်မြို့ အာဏာပိုင်များက ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
ထူးဆန်းသည့် အဆုတ်ရောင်ရောဂါကြောင့် လူနှစ်ဦးသေဆုံးသွားပြီး ရှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရ သည့်အခြေအနေဖြစ်ကာ ၁၉ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။
ဇန်နဝါရီ ၂၄ ရက်တွင်စတင်မည့် တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်လူမျိုးသန်းပေါင်းများစွာ ခရီးသွားကြရန်ပြင်ဆင်နေချိန်တွင် အာဏာပိုင်များက ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
လေဆိပ်နှင့် မီးရထားတာဝန်ရှိသူများသည် ခရီးသည်များ၏ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာရန်ဒီဇိုင်းပြုလုပ်ထားသော ကိရိယာများကိုအသုံးပြုပြီး ၎င်းတို့၏စစ်ဆေးမှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။ ဤအတောအတွင်း ဝူဟန်မြို့ပြင်ပရှိ တရုတ်ပြည်မကြီးတွင် အဆိုပါရောဂါကူးစက်ခံရသည်ဟု သံသယရှိသူ သုံးဦးတွေ့ရှိထားကြောင်း South China Morning Post သတင်းစာကဖော်ပြထားသည်။
ဂျပန်နိုင်ငံတွင်ဝူဟန်မြို့မှာ ပြန်လာသူတစ်ဦးတွင် ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုထားပြီး ထိုင်းနိုင်ငံတွင်လည်း အဆိုပါမြို့မှပြန်လာသည့် ခရီးသွားအမျိုးသမီးနှစ်ဦး၌ ရောဂါကူးစက်ခံထားရကြောင်း အာဏာပိုင်များက ထုတ်ဖော်ပြောဆိုထားသည်။
Source- Wuhan officials #Myanmar_Online_News

0 comments:

Post a Comment