သြစတေးလျနိုင်ငံရဲ့ တောမီးလောင်ကျွမ်းမှုအတွင်း သေဆုံးခဲ့ရတဲ့ သန်းနဲ့ချီသော တိရိစ္ဆာန်များအတွက် ထားရှိသော လေးစားမှုကို ပြသရန်နဲ့ ပြည်သူတွေကို အသိပညာ ပေးရန်ရည်ရွယ်ကာ တနင်္လာနေ့က ထိုင်းနိုင်ငံ ဆင်စခန်းတစ်ခုမှာ ဆင်တွေနဲ့ ကျောင်းသူကျောင်းသားတွေ အသံတိတ် ချီတက်ကြပါတယ်။
ဒေသတွင်း ခရီးသွားများကို စွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ Ayutthaya Elephant Palace and Royal Kraal က ဦးဆောင်စီစဉ်တဲ့ ယင်း အခမ်းအနားမှာ ဆင်တွေနဲ့ ဆင်ဦးစီးတွေဟာ “သြစတြေးလျအတွက် ဆုတောင်းမေတ္တာ ပို့သခြင်း” စာတမ်းတွေချိတ်ဆွဲထားခဲ့ကာ၊ တိရစ္ဆာန်တွေရဲ့ ကာတွန်းပုံ ပိုစတာပုံတွေ ကိုင်ဆောင် ပြသခဲ့ကြပါတယ်။ “ဒီနေ့မှာတော့ သြစတေးလျနိုင်ငံမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေ အားလုံးကို ကျွန်တော်ရဲ့ အားပေးထောက်ခံမှု ပို့ပေးလိုပါတယ်။ တိရစ္ဆာန်တွေအားလုံးကို ဒီမှာ ခေါ်ဆောင်ထားချင်တယ်၊ သြစတေးလျမှာရှိတဲ့ သတ္တဝါတွေအားလုံး အသက်ရှင်စေချင်ပါတယ်”လို့ အဲ့ဒီလူပ်ရှားမှုမှာ ပါဝင်တဲ့ မူလတန်းကျောင်းသား Laksaporn Loepiriyakamol က ပြောခဲ့ပါတယ်။
တောရိုင်းတိရစ္ဆာန်ပေါင်း တစ်ဘီလီယံလောက် သေဆုံးခဲ့ရတဲ့ တောမီးလောင်ကျွမ်းမှုကို ဂေဟစနစ်ဆိုင်ရာ ဘေးဆိုးတစ်ခုအဖြစ် သြစတေးလျ အစိုးရက ခေါ်ဆိုခဲ့ပါတယ်။ အဆိုပါ တောမီးလောင်ကျွမ်းမှုကြောင့် ကိုလာဝက်ဝံများ၊ သားပိုက်ကောင်များ၊ မျိုးသုန်းလု အန္တရာယ်ရှိ ငှက်မျိုးစိတ်တွေနဲ့ အနောက်ပိုင်းဒေသ ကြက်တူရွေးတွေရဲ့ အကောင်ရေအပေါ် များစွာထိခိုက်မှုဖြစ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဆင်များဟာ ရိုးရာယဉ်ကျေးမှု သင်္ကေတ တစ်ခုဖြစ်ပါတယ်။ ဆင်တွေဟာ ထိုင်းနိိုင်ငံရဲ့ အမျိုးသားရေး အမှတ်လက္ခဏာတစ်ခုဖြစ်ပြီး သမိုင်းအရရော စာပေအရပါ အရေးပါတဲ့ တိရိစ္ဆာန်တွေဖြစ်ပါတယ်။

Ref : channelnewsasia
<zawgyi>
သြစတေးလျ တောမီးအတွက် ထိုင်းဆင်များနှင့် အသံတိတ် ချီတက်
Monday , January 13 , 2020
သြစတေးလျနိုင်ငံရဲ့ တောမီးလောင်ကျွမ်းမှုအတွင်း သေဆုံးခဲ့ရတဲ့ သန်းနဲ့ချီသော တိရိစ္ဆာန်များအတွက် ထားရှိသော လေးစားမှုကို ပြသရန်နဲ့ ပြည်သူတွေကို အသိပညာ ပေးရန်ရည်ရွယ်ကာ တနင်္လာနေ့က ထိုင်းနိုင်ငံ ဆင်စခန်းတစ်ခုမှာ ဆင်တွေနဲ့ ကျောင်းသူကျောင်းသားတွေ အသံတိတ် ချီတက်ကြပါတယ်။
ဒေသတွင်း ခရီးသွားများကို စွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ Ayutthaya Elephant Palace and Royal Kraal က ဦးဆောင်စီစဉ်တဲ့ ယင်း အခမ်းအနားမှာ ဆင်တွေနဲ့ ဆင်ဦးစီးတွေဟာ “သြစတြေးလျအတွက် ဆုတောင်းမေတ္တာ ပို့သခြင်း” စာတမ်းတွေချိတ်ဆွဲထားခဲ့ကာ၊ တိရစ္ဆာန်တွေရဲ့ ကာတွန်းပုံ ပိုစတာပုံတွေ ကိုင်ဆောင် ပြသခဲ့ကြပါတယ်။ “ဒီနေ့မှာတော့ သြစတေးလျနိုင်ငံမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေ အားလုံးကို ကျွန်တော်ရဲ့ အားပေးထောက်ခံမှု ပို့ပေးလိုပါတယ်။ တိရစ္ဆာန်တွေအားလုံးကို ဒီမှာ ခေါ်ဆောင်ထားချင်တယ်၊ သြစတေးလျမှာရှိတဲ့ သတ္တဝါတွေအားလုံး အသက်ရှင်စေချင်ပါတယ်”လို့ အဲ့ဒီလူပ်ရှားမှုမှာ ပါဝင်တဲ့ မူလတန်းကျောင်းသား Laksaporn Loepiriyakamol က ပြောခဲ့ပါတယ်။
တောရိုင်းတိရစ္ဆာန်ပေါင်း တစ်ဘီလီယံလောက် သေဆုံးခဲ့ရတဲ့ တောမီးလောင်ကျွမ်းမှုကို ဂေဟစနစ်ဆိုင်ရာ ဘေးဆိုးတစ်ခုအဖြစ် သြစတေးလျ အစိုးရက ခေါ်ဆိုခဲ့ပါတယ်။ အဆိုပါ တောမီးလောင်ကျွမ်းမှုကြောင့် ကိုလာဝက်ဝံများ၊ သားပိုက်ကောင်များ၊ မျိုးသုန်းလု အန္တရာယ်ရှိ ငှက်မျိုးစိတ်တွေနဲ့ အနောက်ပိုင်းဒေသ ကြက်တူရွေးတွေရဲ့ အကောင်ရေအပေါ် များစွာထိခိုက်မှုဖြစ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဆင်များဟာ ရိုးရာယဉ်ကျေးမှု သင်္ကေတ တစ်ခုဖြစ်ပါတယ်။ ဆင်တွေဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားရေး အမှတ်လက္ခဏာတစ်ခုဖြစ်ပြီး သမိုင်းအရရော စာပေအရပါ အရေးပါတဲ့ တိရိစ္ဆာန်တွေဖြစ်ပါတယ်။
Ref : channelnewsasia

0 comments:
Post a Comment