စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ရွှေတောင်ကြီးတည်းခိုခန်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ဖြူးသုံးစွဲနေသူများ ဖမ်းဆီးရမိကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်မောင်၏လမ်းညွှန်မှုများအရ ဇန်နဝါရီလ ၉ ရက်နေ့ နေ့ ၁၂ နာရီခန့်က ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ဒုရဲအုပ်အောင်သန့်ဇော်၊ တပ်ကြပ်ကြီးသိန်းအောင်၊ တပ်သားရန်နိုင်ထွန်းနှင့် မြို့မရဲစခန်း နယ်ထိန်းတပ်ဖွဲ့ မှ တပ်ကြပ်လှဝင်း၊ တပ်ကြပ်နိုင်မျိုးလင်း၊ တပ်သားကျော်သက်အောင်၊ တပ်သားအောင်မျိုးထက်၊ တပ်သားကျော်လင်းအောင် တို့အဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ရွှေဘိုမြို့ အမှတ်(၆)ရပ်ကွက်ရှိ ရွှေတောင်ကြီးတည်းခိုခန်း အခန်းအမှတ်(A-10) အတွင်းဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေရာတွင် အခန်းအတွင်း၌ မင်းခန့်ဇော် ၂၀ နှစ် (ဘ)ဦးဇော်မင်းဦး အမှတ်(၁၀)ရပ်ကွက်၊ ရွှေဘိုမြို့၊ မင်းသွေးနန္ဒာ ၂၁ နှစ် (ဘ)ဦးစိုးလှိုင် (နေရပ်လိပ်စာတူ) နှင့် မင်းခန့်ဇော် ၂၃ နှစ် (ဘ)ဦးလွင်ဇော် (ရွှေတောင်ကြီးတန်းခိုးခန်းမန်နေဂျာ/ညပိုင်း) ပြင်ဈေးတောင်ပိုင်းရပ်၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဘိုမြို့နေသူတို့ ၃ဦး တွေ့ရှိရသဖြင့် ၎င်းတို့၏ခန္ဓာကိုယ်အား ရှာဖွေရာ မင်းသွေးနန္ဒာ ၂၁ နှစ် ဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီအိတ်ကပ်အတွင်းမှ ကမ္ဘာလုံးအမှတ်တံဆိပ်ပါ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထုပ်ထားသော ထိပ်တစ်ဖက်တွင် “1” နှင့် တစ်ဖက်တွင် “88” စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၃၈) ပြား၊ အလေးချိန် (၃ ဒဿမ ၈) ဂရမ်ခန့်၊ ငွေစက္ကူရောရာ (၂၂၂၀၀/-) ကျပ်တို့အား တွေ့ရှိရသဖြင့် ဆက်လက်ရှာဖွေရာ DUNHILL ဆေးလိပ်ဗူးခွံအတွင်းမှ ထိပ်တစ်ဖက်တွင် “1” နှင့် တစ်ဖက်တွင် “88” စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၅) ပြား၊ 555 ဆေးလိပ်ဗူးခွံအတွင်းမှ ထိပ်တစ်ဖက်တွင် “1” နှင့် တစ်ဖက်တွင် “88” စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၀) ပြား၊ စုစုပေါင်းအလေးချိန် (၂ ဒဿမ ၅)ဂရမ်၊ ဆင်းကဒ်များပါရှိသော XLAOMI-MIC90 ခဲရောင်ဖုန်းတစ်လုံး၊ HUAWEI G 730 အဖြူရောင်ဖုန်းတစ်လုံး၊ RED MI NOTE 5 ရွှေရောင်ဖုန်းတစ်လုံး နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများတွေ့ရှိရသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ဖြူးသုံးစွဲနေကြသော မင်းခန့်ဇော် ၂၀ နှစ်၊ မင်းသွေးနန္ဒာ ၂၁ နှစ် နှင့် မင်းခန့်ဇော် ၂၃ နှစ် တို့ ၃ ဦးအား ဒုရဲအုပ်အောင်သန့်ဇော် မှ တရားလိုပြုလုပ်၍ ရွှေဘိုမြို့မရဲစခန်းမှ မယ(ပ)၁/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
Source : ဇေယျာတိုင်းမ် #Myanmar_Online_News
<<Zawgyi>>
ရွှေဘိုမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများဖြန့်ဖြူးသုံးစွဲနေသူများဖမ်းဆီးရမိ
Thursday , January 9 , 2020

0 comments:
Post a Comment