ယနေ့ ဇန်နဝါရီလ ၂၁ ရက် နံနက် ၃:၁၀ နာရီအချိန်ခန့်က ရတနာပုံစျေး မီးကြွင်းမီးကျန်မှ မီးတောက်လောင်မှု စက်လှေကားထိပ် ညာဘက်ခြမ်း ဆိုင်နေရာမှာ ဖြစ်ပေါ်ခဲ့သော်လည်း စည်ပင်ဝန်ထမ်းများနှင့် လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များက အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
Skywalk Shopping Mall အခြမ်းတွင် အပူရှိန်များရှိနေသေးသည့်အတွက် ရေဖျန်းပေးနေရဆဲဖြစ်ကြောင်း၊ Skywalk Shopping Mall ပိုင်ရှင်နှင့် မန်နေဂျာတို့အား မီးလောင်စာအမှိုက်များရှင်းလင်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိကြောင်း၊ မီးလောင်စာအမှိုက်များရှိနေသည့်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် စတင်ရှင်းလင်းဖယ်ရှားတော့မည်ဖြစ်ကြောင်း သိရသည်။

Source : TheMandalayNews
>>Zawgyi<<
ရတနာပုံစျေး မီးကြွင်းမီးကျန်မှ မီးတောက်လောင်မှု ဖြစ်ပွားခဲ့သော်လည်း အချိန်မီ ငြှိမ်းသတ်နိုင်
Tuesday , January 21 , 2020
ယနေ့ ဇန်နဝါရီလ ၂၁ ရက် နံနက် ၃:၁၀ နာရီအချိန်ခန့်က ရတနာပုံစျေး မီးကြွင်းမီးကျန်မှ မီးတောက်လောင်မှု စက်လှေကားထိပ် ညာဘက်ခြမ်း ဆိုင်နေရာမှာ ဖြစ်ပေါ်ခဲ့သော်လည်း စည်ပင်ဝန်ထမ်းများနှင့် လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များက အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
Skywalk Shopping Mall အခြမ်းတွင် အပူရှိန်များရှိနေသေးသည့်အတွက် ရေဖျန်းပေးနေရဆဲဖြစ်ကြောင်း၊ Skywalk Shopping Mall ပိုင်ရှင်နှင့် မန်နေဂျာတို့အား မီးလောင်စာအမှိုက်များရှင်းလင်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိကြောင်း၊ မီးလောင်စာအမှိုက်များရှိနေသည့်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် စတင်ရှင်းလင်းဖယ်ရှားတော့မည်ဖြစ်ကြောင်း သိရသည်။
Source : TheMandalayNews
#Myanmar_Online_News

0 comments:
Post a Comment