Wednesday, January 1, 2020

ထူးခြားလှပသည့်တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်များစွာထဲမှ နာဂရိုးရာနှစ်သစ်ကူးပွဲတော်

Image may contain: 1 person, outdoor

မြန်မာနိုင်ငံတွင် ထူးခြားလှပသည့် တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော် များစွာရှိသည့်အထဲတွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သည်လည်း တစ်ခုအပါ အဝင်ဖြစ်သည်။ နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုရိုးရာအကများ၊ ရိုးရာတေးသီချင်းများ၊ ဝတ်စားဆင်ယင်မှုများ အပြင် ရိုးသားဖြူစင်ဖော်ရွေတတ်သည့် စိတ်နှလုံးသားများနှင့် ခင်မင်ဖွယ်ရာ အပြုံးများကိုလည်း မြင်တွေ့နိုင်ပါသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် အတွင်းရှိ နန်းယွန်း ၊ လေရှီးနှင့် လဟယ်မြို့များတွင် အလှည့်ကျကျင်းပလေ့ရှိ ပြီး ယခုနှစ်တွင် လဟယ်မြို့၌ အဆိုပါပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်တွင် နာဂရိုးရာနှစ်သစ် ကူးပွဲတော်ကိုကျင်းပခြင်းဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်မှာ နာဂ ရိုးရာနှစ်သစ်ကူးပွဲတော် စတင်ကျင်းပခဲ့သည့် နှစ် (၃ဝ)ပြည့် ပုလဲရတုနေ့လည်း ဖြစ်သည်။ ပုလဲရတု အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်တွင် ခန္တီးမြို့ရှိ နာဂ ရိုးရာကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။ နာဂရိုးရာနှစ်သစ် ကူးပွဲတော်ကို နှစ်စဉ်လာရောက် လေ့လာလည်ပတ်ကြသည့် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ၏ နှလုံးသားများကို ဆွဲဆောင် သိမ်းပိုက်ဦး မည့် ၂ဝ၂ဝ ပြည့်နှစ်နာဂရိုးရာနှစ်သစ်ကူးပွဲတော်နှင့် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော် နှစ်(၃ဝ) ပြည့် ပုလဲရတုအခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေရှီးမြို့တွင် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က ကျင်းပခဲ့သည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်များမှ ပုံရိပ်မှတ်တမ်းများကို ဖော်ပြလိုက်ပါသည်။
Image may contain: 3 people, people smiling, people standing and outdoor
Image may contain: one or more people
Image may contain: one or more people, sky, crowd and outdoor
Image may contain: one or more people, sky, beach, outdoor and nature
Image may contain: one or more people, sky, crowd and outdoor
Image may contain: sky, mountain, nature and outdoor
Source:Myanmaalinn #Myanmar_Online_News
<<Zawgyi>>
ထူးခြားလှပသည့်တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်များစွာထဲမှ နာဂရိုးရာနှစ်သစ်ကူးပွဲတော်
Thursday , January 2 , 2020

မြန်မာနိုင်ငံတွင် ထူးခြားလှပသည့် တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော် များစွာရှိသည့်အထဲတွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သည်လည်း တစ်ခုအပါ အဝင်ဖြစ်သည်။ နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုရိုးရာအကများ၊ ရိုးရာတေးသီချင်းများ၊ ဝတ်စားဆင်ယင်မှုများ အပြင် ရိုးသားဖြူစင်ဖော်ရွေတတ်သည့် စိတ်နှလုံးသားများနှင့် ခင်မင်ဖွယ်ရာ အပြုံးများကိုလည်း မြင်တွေ့နိုင်ပါသည်။
နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် အတွင်းရှိ နန်းယွန်း ၊ လေရှီးနှင့် လဟယ်မြို့များတွင် အလှည့်ကျကျင်းပလေ့ရှိ ပြီး ယခုနှစ်တွင် လဟယ်မြို့၌ အဆိုပါပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်တွင် နာဂရိုးရာနှစ်သစ် ကူးပွဲတော်ကိုကျင်းပခြင်းဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်မှာ နာဂ ရိုးရာနှစ်သစ်ကူးပွဲတော် စတင်ကျင်းပခဲ့သည့် နှစ် (၃ဝ)ပြည့် ပုလဲရတုနေ့လည်း ဖြစ်သည်။ ပုလဲရတု အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်တွင် ခန္တီးမြို့ရှိ နာဂ ရိုးရာကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။ နာဂရိုးရာနှစ်သစ် ကူးပွဲတော်ကို နှစ်စဉ်လာရောက် လေ့လာလည်ပတ်ကြသည့် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ၏ နှလုံးသားများကို ဆွဲဆောင် သိမ်းပိုက်ဦး မည့် ၂ဝ၂ဝ ပြည့်နှစ်နာဂရိုးရာနှစ်သစ်ကူးပွဲတော်နှင့် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော် နှစ်(၃ဝ) ပြည့် ပုလဲရတုအခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေရှီးမြို့တွင် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က ကျင်းပခဲ့သည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်များမှ ပုံရိပ်မှတ်တမ်းများကို ဖော်ပြလိုက်ပါသည်။
Source:Myanmaalinn #Myanmar_Online_News

0 comments:

Post a Comment