Sunday, January 26, 2020

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အလုပ်သမား ၁၀၀ ကျော် ဆန္ဒပြနေ

Image may contain: 1 person, standing and outdoor
Hunter Myanmar , Gust Myanmar , Thong Thai Textile နှင့် Myanmar Nissenken စက်ရုံများမှ အလုပ်သမားများသည် လုပ်ငန်းခွင်အခက်အခဲများကို အစိုးရက ပိုမိုသိရှိလာရန် ရည်ရွယ်၍ ယနေ့ ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

ဆန္ဒပြရခြင်း၏ ရည်ရွယ်ချက်မှာ အလုပ်သမားဥပဒေချိုးဖောက်ခြင်းများကို ဆန္ဒပြတောင်းဆိုခြင်းကြောင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များ အလုပ်ထုတ်ခံရခြင်း၊ နစ်နာမှုများကို တင်ပြခြင်းရာတွင်လည်း မတင်ပြရဲအောင်၊ မပြုလုပ်ရဲအောင် တရားစွဲဆိုခံရခြင်းစသည့် လုပ်ငန်းခွင်ကြုံတွေ့နေရသည့် အခက်အခဲများကို နိုင်ငံတော်အစိုးရက သိရှိစေရန် ရည်ရွယ်ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရန်ပျက်ကွက်သော အလုပ်ရှင်အား ဥပဒေအရ အရေးယူပေးရေး၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ထားသော်လည်း စာချုပ်ချိုးဖောက်ပြီး အလုပ်ထုတ်မှုပြုလုပ်သော အလုပ်ရှင်အား(အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ)အရေးယူပေးရေး၊ မြို့နယ်ညှိနှိူင်းဖျန်ဖြေရေး၌ အဆုံးအဖြတ်မပေးနိုင်ဘဲ လာရောက်ဖြေရှင်းနေသူများကို အလိုမရှိကာ အလုပ်ရှင်ကိုယ်တိုင်လာရောက်ဖြေရှင်းပေးရေး၊ အလုပ်ရုံဥပဒေအား ချိုးဖောက်နေသော အလုပ်ရှင်အား အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ အရေးယူပေးရေး၊ ဥပဒေချိုးဖောက်နေသော အလုပ်ရှင်များအား အစိုးရမှစောင့်ကြည့်အရေးယူပေးရေးတို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။
စုပေါင်းတောင်းဆိုနေစဉ် "NO WORK NO PAY" ဖြစ်သဖြင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ ရုံးဖွင့်ရက်တိုင်းတွင် နေ့စဉ်ဖြေရှင်းပေးရေး၊ စုပေါင်းတောင်းဆိုမှုတွင် အလုပ်သမားများသဘောမတူဘဲခုံသမာဓိအဖွဲ့သို့ တင်ခိုင်းနေခြင်း၊ လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးထားသော်လည်း ဖူလုံရေးကတ်မရ၍ ဆေးကုသမှု အခက်အခဲကြုံနေရသဖြင့် ဖူလုံရေးကတ်အမြန်ဆုံးထုတ်ပေးရေး၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်နှင့် ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ ခွင့်ပြုချက်မရဘဲလုပ်ငန်းလုပ်ဆောင်နေမှူများအား တာဝန်ရှိသူများက အရေးယူပေးရေးတို့ကိုလည်း တောင်းဆိုခဲ့ကြသည်။
Image may contain: one or more people and outdoor
Image may contain: one or more people, crowd and outdoor

>>Zawgyi<<
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အလုပ်သမား ၁၀၀ ကျော် ဆန္ဒပြနေ
Monday,January 27, 2020
Hunter Myanmar , Gust Myanmar , Thong Thai Textile နှင့် Myanmar Nissenken စက်ရုံများမှ အလုပ်သမားများသည် လုပ်ငန်းခွင်အခက်အခဲများကို အစိုးရက ပိုမိုသိရှိလာရန် ရည်ရွယ်၍ ယနေ့ ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

ဆန္ဒပြရခြင်း၏ ရည်ရွယ်ချက်မှာ အလုပ်သမားဥပဒေချိုးဖောက်ခြင်းများကို ဆန္ဒပြတောင်းဆိုခြင်းကြောင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များ အလုပ်ထုတ်ခံရခြင်း၊ နစ်နာမှုများကို တင်ပြခြင်းရာတွင်လည်း မတင်ပြရဲအောင်၊ မပြုလုပ်ရဲအောင် တရားစွဲဆိုခံရခြင်းစသည့် လုပ်ငန်းခွင်ကြုံတွေ့နေရသည့် အခက်အခဲများကို နိုင်ငံတော်အစိုးရက သိရှိစေရန် ရည်ရွယ်ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရန်ပျက်ကွက်သော အလုပ်ရှင်အား ဥပဒေအရ အရေးယူပေးရေး၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ထားသော်လည်း စာချုပ်ချိုးဖောက်ပြီး အလုပ်ထုတ်မှုပြုလုပ်သော အလုပ်ရှင်အား(အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ)အရေးယူပေးရေး၊ မြို့နယ်ညှိနှိူင်းဖျန်ဖြေရေး၌ အဆုံးအဖြတ်မပေးနိုင်ဘဲ လာရောက်ဖြေရှင်းနေသူများကို အလိုမရှိကာ အလုပ်ရှင်ကိုယ်တိုင်လာရောက်ဖြေရှင်းပေးရေး၊ အလုပ်ရုံဥပဒေအား ချိုးဖောက်နေသော အလုပ်ရှင်အား အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ အရေးယူပေးရေး၊ ဥပဒေချိုးဖောက်နေသော အလုပ်ရှင်များအား အစိုးရမှစောင့်ကြည့်အရေးယူပေးရေးတို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။
စုပေါင်းတောင်းဆိုနေစဉ် "NO WORK NO PAY" ဖြစ်သဖြင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ ရုံးဖွင့်ရက်တိုင်းတွင် နေ့စဉ်ဖြေရှင်းပေးရေး၊ စုပေါင်းတောင်းဆိုမှုတွင် အလုပ်သမားများသဘောမတူဘဲခုံသမာဓိအဖွဲ့သို့ တင်ခိုင်းနေခြင်း၊ လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးထားသော်လည်း ဖူလုံရေးကတ်မရ၍ ဆေးကုသမှု အခက်အခဲကြုံနေရသဖြင့် ဖူလုံရေးကတ်အမြန်ဆုံးထုတ်ပေးရေး၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်နှင့် ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ ခွင့်ပြုချက်မရဘဲလုပ်ငန်းလုပ်ဆောင်နေမှူများအား တာဝန်ရှိသူများက အရေးယူပေးရေးတို့ကိုလည်း တောင်းဆိုခဲ့ကြသည်။
Ref-MMTime #Myanmar_Online_News

0 comments:

Post a Comment