Monday, January 13, 2020

အကတိုက်နေသည့် စတုတ္ထတန်းကျောင်းသူကို လျှာကိုက်ဖြတ်၍ အဓမ္မပြုကျင့်မှုဖြစ်ပွား

Image may contain: 1 personImage may contain: outdoor

အကတိုက်နေသည့် စတုတ္ထတန်းကျောင်းသူကို အဓမ္မပြုကျင့်၍ လျှာကိုက်ဖြတ်သည့် ၁၉ နှစ်အရွယ်ပြစ်မှုကျူးလွန်သူကို တရားစွဲ တင်ရန်ဆောင်ရွက်နေကြောင်း ဘုရားကြီးနယ်မြေရဲတပ်ဖွဲ့ထံမှ သိရသည်။

ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအုပ်စု၊ ကံမြင့်ကျေးရွာ၌နေထိုင်သူ တင်ထွန်းအောင်(ခ)ခေါ်တော ၁၉ နှစ်ဆိုသူသည် ဇန်နဝါရီလ ၁၀ ရက်၊ ည ၁၀ နာရီတွင်ကျောင်း၌အကတိုက်နေသည့် ၎င်း၏ စတုတ္ထတန်းကျောင်းသူညီမကိုဆိုင်ကယ်ဖြင့် သွားကြိုခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ညီမဖြစ်သူနှင့်အတူ တစ်ရွာတည်းနေ မ--------- (၁၀)နှစ် စတုတ္တတန်းကိုလည်း လမ်းကြုံတစ်ခါတည်းတင်ဆောင်လာခဲ့ပြီး နေအိမ်၌ ညီမဖြစ်သူကိုထားခဲ့ကာ ဆက်လက်၍ မ--------- ၁၀ နှစ် ကို သံလမ်းဘေးလယ်ကွက်အတွင်း ခေါ်ဆောင်ကာ အဓမ္မပြုကျင့် ခဲ့ပြီးနောက် သေစေရန်ရည်ရွယ်ကာ လည်ပင်းညှစ်လိုက်သည့်အပြင် ထွက်လာသည့်မိန်းကလေး၏ လျှာကိုလည်း ကိုက်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“သူ့ညီမကိုဆိုင်ကယ်နဲ့သွားကြိုရင်း ညီမနဲ့တစ်ခန်းတည်း သူငယ်ချင်း ပြုကျင့်ခံရသူကိုလည်း လမ်းကြုံခေါ်သွားခဲ့တယ်။ သူ့ညီမကိုအိမ်မှာ အရင်ပို့ပေးပြီး အဲဒီကလေးမလေးကို လူပြတ်တဲ့သံလမ်းမှာ အဓမ္မ ပြုကျင့် ပြီးတော့ တစ်ခါတည်းသတ်ဖို့ရည်ရွယ်ပြီး လည်ပင်း ညှစ်လိုက်တယ်။
ထွက်လာတဲ့ကလေးမလေးရဲ့လျှာကိုလည်း ကိုက်ဖြတ် လိုက်တာဗျ။ ကလေးပျောက်လို့လိုက်ရှာရင်း ပြန်တွေ့တဲ့အခါမှာကလေးကမသေဘူး။ ဆေးရုံပို့ပေးပြီး စစ်မေးတဲ့အခါမှာ စာရေးပြီးပြောလို့ တရားခံကိုဖမ်းဆီးနိုင်ခဲ့တယ်။ ကြားထဲမှာ ရုံးပိတ်ရက်ခံနေလို့ ဒီနေ့မှ ရုံးထုတ်ရမန်ယူရတယ်” ဟု ဘုရားကြီးနယ်မြေမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာသို့ပြောသည်။

ယင်းအတွက်ကြောင့် ပြစ်မှုကျူးလွန်သူတင်ထွန်းအောင်(ခ)ခေါ်တော ၁၉ နှစ်ကိုဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ - ၃၇၆/၃၀၇ ဖြင့် ဘုရားကြီးနယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ပြီး ဇန်နဝါရီလ ၁၃ ရက်(ယနေ့)နံနက်တွင် ရုံးထုတ်ရမန်ယူစစ်ဆေးနေကြောင်း သိရသည်။
Source - Akonthi
<zawgyi>
အကတိုက်နေသည့် စတုတ္ထတန်းကျောင်းသူကို လျှာကိုက်ဖြတ်၍ အဓမ္မပြုကျင့်မှုဖြစ်ပွား
Monday , January 13 , 2020

0 comments:

Post a Comment