Tuesday, January 21, 2020

ဗြိတိန်တော်ဝင် မင်းသားဟယ်ရီ တော်ဝင်အဆောင်အယောင်တွေကို စွန့်ခွာပြီး ကနေဒါနိုင်ငံရှိ မိသားစုဆီကို ထွက်ခွာ

ဗြိတိန် တော်ဝင် မင်းသား ဟယ်ရီဟာ သူ့ဇနီးမက်ဂန် နဲ့ သား အာချေးတို့ရှိရာ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ ကို တနင်္လာနေ့ ညနေပိုင်းက လန်ဒန် ဟိသရိုးလေဆိပ် ကနေ ထွက်ခွာသွားပါတယ်။ အဲဒီခရီးနဲ့ပတ်သတ်ပြီး မင်းသားဟယ်ရီဟာ တော်ဝင်အဆောင်အယောင်တွေကို စွန့်လွှတ်ပြီး သာမန်မိသားစု ဘဝကို စတင်ဖို့ ထွက်ခွာသွားတာ ဖြစ်ကြောင်း ဗြိတိန်သတင်းမီဒီယာတွေမှာ ရေးသားထားသည်။

မင်သားဟယ်ရီဟာ ဗြိတိန်-အာဖရိက ရင်းနှီးမြှပ်နှံရေးဆွေးနွေးပွဲကို တော်ဝင်မိသားစုရဲ့ အလုပ်တာဝန်အဖြစ် မနေ့နံနက်ပိုင်းက နောက်ဆုံးအနေနဲ့ တက်ရောက်ခဲ့ပေမယ့် သူ့အကိုဖြစ်သူ ဝီလျှံ တည်ခင်းတဲ့ အာဖရိက ခေါင်းဆောင်တွေ အတွက် ညစာစားပွဲကိုတော့ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။ ဒေသစံတော်ချိန် ညနေ ၅:၃၀ မှာ ထွက်ခွာမယ့် လေယာဉ်ကို စီးနင်းပြီး ကနေဒါနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်ပြီး အင်္ဂါနေ့ နံနက်ပိုင်းမှာ မင်းသားဟယ်ရီဟာ သူ့ကိုယ်ပိုင်မိသားစုနဲ့ ပေါင်းစုံမှာဖြစ်သည်။
ဗြိတိန်ကနေ မထွက်ခွာမီ ဟယ်ရီဟာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ မိနစ် ၂၀ ကြာ တွေ့ဆုံခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲနောက်ပိုင်း အသက်၃၅ နှစ်အရွယ် မင်းသား ဟယ်ရီနဲ့ သူ့ဇနီး အမေရိကန်သရုပ်ဆောင်ဟောင်း တို့ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကိုယ်ပိုင်အေးချမ်းတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ရန် တော်ဝင်မိသားရဲ့ တာဝန်တွေကနေ နှုတ်ထွက်ဖို့ကလွဲပြီး ရွေးချယ်စရာလမ်းမရှိလို့ပါဟုမင်းသားဟယ်ရီက ပြောကြားထားသည်။
ဟယ်ရီနဲ့ သူ့ဇနီးတို့ဟာ HRH (his or her royal highness) ဆိုတဲ့ ဂုဏ်ပုဒ်ကို မသုံးစွဲတော့သလို တော်ဝင်မိသားစုတာဝန်ကို မထမ်းဆောင်တော့တဲ့အတွက် ပြည်သူ့ဘဏ္ဍာငွေကိုလည်း သုံးစွဲခွင့်မရှိတော့ကြောင်း နှင့်
ဟယ်ရီ တို့ဇနီးမောင်နှံက ဝင်ဆာရဲတိုက်အတွင်းက သူတို့ရဲ့ Frogmore Cottage ပြင်ဆင်စရိတ် အမေရိကန်ဒေါ်လာ ၃.၁ သန်းကို ပြန်ပေးရမှာ ဖြစ်ကြောင်း သိရသည်။
Image may contain: 2 people, people smiling, baby and closeup
Image may contain: 4 people, people smiling, people standing, hat and suit
Image may contain: 3 people, people sitting\Image may contain: 2 people, people smiling, people standing

Source - AFP Ref :MDN

>>Zawgyi<<
ဗြိတိန်တော်ဝင် မင်းသားဟယ်ရီ တော်ဝင်အဆောင်အယောင်တွေကို စွန့်ခွာပြီး ကနေဒါနိုင်ငံရှိ မိသားစုဆီကို ထွက်ခွာ
Tuesday , January 21 , 2020

ဗြိတိန် တော်ဝင် မင်းသား ဟယ်ရီဟာ သူ့ဇနီးမက်ဂန် နဲ့ သား အာချေးတို့ရှိရာ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ ကို တနင်္လာနေ့ ညနေပိုင်းက လန်ဒန် ဟိသရိုးလေဆိပ် ကနေ ထွက်ခွာသွားပါတယ်။ အဲဒီခရီးနဲ့ပတ်သတ်ပြီး မင်းသားဟယ်ရီဟာ တော်ဝင်အဆောင်အယောင်တွေကို စွန့်လွှတ်ပြီး သာမန်မိသားစု ဘဝကို စတင်ဖို့ ထွက်ခွာသွားတာ ဖြစ်ကြောင်း ဗြိတိန်သတင်းမီဒီယာတွေမှာ ရေးသားထားသည်။
မင်သားဟယ်ရီဟာ ဗြိတိန်-အာဖရိက ရင်းနှီးမြှပ်နှံရေးဆွေးနွေးပွဲကို တော်ဝင်မိသားစုရဲ့ အလုပ်တာဝန်အဖြစ် မနေ့နံနက်ပိုင်းက နောက်ဆုံးအနေနဲ့ တက်ရောက်ခဲ့ပေမယ့် သူ့အကိုဖြစ်သူ ဝီလျှံ တည်ခင်းတဲ့ အာဖရိက ခေါင်းဆောင်တွေ အတွက် ညစာစားပွဲကိုတော့ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။ ဒေသစံတော်ချိန် ညနေ ၅:၃၀ မှာ ထွက်ခွာမယ့် လေယာဉ်ကို စီးနင်းပြီး ကနေဒါနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်ပြီး အင်္ဂါနေ့ နံနက်ပိုင်းမှာ မင်းသားဟယ်ရီဟာ သူ့ကိုယ်ပိုင်မိသားစုနဲ့ ပေါင်းစုံမှာဖြစ်သည်။
ဗြိတိန်ကနေ မထွက်ခွာမီ ဟယ်ရီဟာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ မိနစ် ၂၀ ကြာ တွေ့ဆုံခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲနောက်ပိုင်း အသက်၃၅ နှစ်အရွယ် မင်းသား ဟယ်ရီနဲ့ သူ့ဇနီး အမေရိကန်သရုပ်ဆောင်ဟောင်း တို့ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကိုယ်ပိုင်အေးချမ်းတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ရန် တော်ဝင်မိသားရဲ့ တာဝန်တွေကနေ နှုတ်ထွက်ဖို့ကလွဲပြီး ရွေးချယ်စရာလမ်းမရှိလို့ပါဟုမင်းသားဟယ်ရီက ပြောကြားထားသည်။
ဟယ်ရီနဲ့ သူ့ဇနီးတို့ဟာ HRH (his or her royal highness) ဆိုတဲ့ ဂုဏ်ပုဒ်ကို မသုံးစွဲတော့သလို တော်ဝင်မိသားစုတာဝန်ကို မထမ်းဆောင်တော့တဲ့အတွက် ပြည်သူ့ဘဏ္ဍာငွေကိုလည်း သုံးစွဲခွင့်မရှိတော့ကြောင်း နှင့်
ဟယ်ရီ တို့ဇနီးမောင်နှံက ဝင်ဆာရဲတိုက်အတွင်းက သူတို့ရဲ့ Frogmore Cottage ပြင်ဆင်စရိတ် အမေရိကန်ဒေါ်လာ ၃.၁ သန်းကို ပြန်ပေးရမှာ ဖြစ်ကြောင်း သိရသည်။

Source - AFP Ref :MDN
#Myanmar_Online_News

0 comments:

Post a Comment