ဇန်နဝါရီလ ၁၂ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ပူးခက်ခရိုင်တွင် တရားမဝင် ကြက်တိုက်လောင်းကစားဝိုင်းအား ရဲများက ပိတ်ဆို့ဖမ်းဆီးခဲ့ရာ လူ ၆၉ ဦး ဖမ်းဆီးရမိခဲ့ပြီး ၃၀ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရသည်။
ယင်းနယ်မြေတွင် နေထိုင်ကြသော မြန်မာနိုင်ငံသား ၁၀၀ ခန့် လောင်းကြေးထပ်ကာ ကြက်တိုက်နေကြစဉ်တွင် ရဲတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက် ဖမ်းဆီးခဲ့ရာ ထွက်ပြေးလွတ်မြောက်သူများရှိပြီး ထိုင်း၊ မြန်မာ နိုင်ငံသားများ စုစုပေါင်း ၆၉ ဦးကိုသာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စခန်းမှူး ဘန်ဒစ်ခေါ်ဆူထန် က ပြောကြားခဲ့သည်။
ဖမ်းဆီးရမိသူများကို တရားမဝင်လောင်ကစားဥပဒေဖြင့် တရားစွဲဆိုသွားမည်ဖြစ်သည်။ ထိုင်းရိုးရာ ကြက်ဝိုင်းဟာ ထိုင်းနိုင်ငံသားတွေ အနှစ်သက်ဆုံး ကစားဝိုင်းဖြစ်ပြီး လောင်းကြေးမပါပဲ ရိုးရာမပျက် ကြက်တိုက်ကစား လက်ရည်စမ်းခြင်းကိုသာ နယ်မြေဒေသတွေမှာ ခွင့်ပြုထားပြီး လောင်းကြေးနဲ့ ကြက်ဝိုင်းများကိုတော့ ဘန်ကောက်မြို့နဲ့ နကော်စပ်ခရိုင်တို့တွင်သာ ခွင့်ပြုထားသည်။
အာရှတွင် နာမည်အကြီးဆုံး တိုက်ကြက်တစ်ကောင်ရဲ့ တန်ဖိုးက ဘတ်သန်းနဲ့ချီ တန်ကြေးရှိပြီး ယင်းကြက်အမျိုးအစားမှာ မြန်မာနိုင်ငံက အမြီးရှည်တိုက်ကြက်နဲ့ ထိုင်းတိုက်ကြက်တို့ စပ်ပြီး မွေးထားတဲ့ တိုက်ကြက်တစ်မျိုးဖြစ်ကြောင်း သိရသည်။

<zawgyi>
ကြက်ဝိုင်းအား ထိုင်းရဲဝင်ဖမ်းရာ မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းခံရ
Tuesday , January 14 , 2020

Source- saw #Myanmar_Online_News

0 comments:
Post a Comment